* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, July 7, 2009

အဘယ်ကို အလိုရှိကုန် သနည်း…


ခတ္တိယသုတ် - (မင်းမျိုး)

ထိုအခါ ဇာဏုေဿာဏိ ပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာ ဘုရားနှင့်အတူ ဝမ်းမြောက် ဝမ်းသာ နှုတ်ဆက် ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား-


ပုဏ္ဏားအမေး…
မင်း(ရှင်ဘုရင်)တို့သည် …
အဘယ်ကို အလိုရှိကုန်သနည်း…
အဘယ် အလို့ငှါ လေ့လာကုန်သနည်း…
အဘယ်လျှင် တည်ရာ ရှိကုန်သနည်း…
အဘယ်ကို နှလုံးသွင်းကုန်သနည်း…
အဘယ်လျှင် အဆုံးရှိကုန်သနည်းဟု လျှောက်၏…

မြတ်ဗုဒ္ဓအဖြေ…
မင်း(ရှင်ဘုရင်)တို့သည်…
စည်းစိမ်ကို အလိုရှိကုန်၏…
ပညာ အလို့ငှါ လေ့လာကုန်၏…
ဗိုလ်ပါ အပေါင်းလျှင် တည်ရာရှိကုန်၏…
ရေမြေကို အစိုးရခြင်းကို နှလုံးသွင်းကုန်၏…
အစိုးရခြင်းလျှင် အဆုံးရှိကုန်၏ ဟု မိန့်တော်မူ၏…


ပုဏ္ဏားအမေး…
ပုဏ္ဏားတို့သည် …
အဘယ်ကို အလိုရှိကုန် သနည်း…
အဘယ် အလို့ငှါ လေ့လာ ကုန်သနည်း…
အဘယ်လျှင် တည်ရာ ရှိကုန်သနည်း…
အဘယ်ကို နှလုံး သွင်းကုန်သနည်း…
အဘယ်လျှင် အဆုံးရှိကုန် သနည်း ဟု လျှောက်၏…

မြတ်ဗုဒ္ဓအဖြေ…
ပုဏ္ဏားတို့သည်…
စည်းစိမ်ကို အလိုရှိကုန်၏…
ပညာ အလို့ငှါ လေ့လာကုန်၏…
မန္တာန်လျှင် တည်ရာ ရှိကုန်၏…
ယဇ်ပူဇော်ခြင်းကို နှလုံးသွင်းကုန်၏…
ဗြဟ္ဗာ့ဘုံသို့ ရောက်ခြင်းလျှင် အဆုံးရှိကုန်၏ ဟု မိန့်တော်မူ၏…


အသျှင်ဂေါတမ…
သူကြွယ်တို့သည်…
အဘယ်ကို အလိုရှိကုန် သနည်း…
အဘယ် အလို့ငှါ လေ့လာကုန် သနည်း…
အဘယ်လျှင် တည်ရာရှိကုန် သနည်း…
အဘယ်ကို နှလုံးသွင်းကုန် သနည်း…
အဘယ်လျှင် အဆုံးရှိကုန် သနည်း ဟု လျှောက်၏…

မြတ်ဗုဒ္ဓအဖြေ…
သူကြွယ်တို့သည်…
စည်းစိမ်ဥစ္စာကို အလို ရှိကုန်၏…
ပညာ အလို့ငှါ လေ့လာကုန်၏…
အတတ်ပညာလျှင် တည်ရာ ရှိကုန်၏…
အလုပ်ကိစ္စကို နှလုံးသွင်းကုန်၏…
ပြီးဆုံးပြီးသော အလုပ်ကိစ္စလျှင် အဆုံးရှိကုန်၏ ဟု မိန့်တော်မူ၏…


ပုဏ္ဏားအမေး…
မိန်းမတို့သည်…
အဘယ်ကို အလိုရှိကုန် သနည်း…
အဘယ် အလို့ငှါ လေ့လာကုန်သနည်း…
အဘယ်လျှင် တည်ရာရှိကုန် သနည်…
အဘယ်ကို နှလုံးသွင်းကုန် သနည်း…
အဘယ်လျှင် အဆုံးရှိကုန် သနည်း ဟု လျှောက်၏…

မြတ်ဗုဒ္ဓအဖြေ…
မိန်းမတို့သည်…
ယောက်ျားကို အလိုရှိကုန်၏…
တန်ဆာ ဆင်ခြင်းငှါ လေ့လာကုန်၏…
သားလျှင် တည်ရာရှိကုန်၏…
လင်တူမယား မရှိမူကို နှလုံးသွင်းကုန်၏…
အစိုးရခြင်းလျှင် အဆုံးရှိကုန်၏ဟု မိန့်တော်မူ၏…


ပုဏ္ဏားအမေး…
ခိုးသူတို့သည်…
အဘယ်ကို အလိုရှိကုန် သနည်း…
အဘယ် အလို့ငှါ လေ့လာကုန်သနည်း…
အဘယ်လျှင် တည်ရာ ရှိကုန်သနည်း…
အဘယ်ကို နှလုံးသွင်းကုန် သနည်း…
အဘယ်လျှင် အဆုံးရှိကုန် သနည်း ဟု လျှောက်၏…

မြတ်ဗုဒ္ဓအဖြေ…
ခိုးသူတို့သည်…
သူတစ်ပါးဥစ္စာ ပစ္စည်းကို ယူခြင်းကို အလိုရှိကုန်၏…
ပုန်းအောင်းရန် အလို့ငှါ လေ့လာကုန်၏…
လက်နက်လျှင် တည်ရာရှိကုန်၏…
အမိုက်မှောင်ကို နှလုံးသွင်းကုန်၏…
ဥစ္စာရှင်တို့ မမြင်ရခြင်းလျှင် အဆုံးရှိကုန်၏ ဟု မိန့်တော်မူ၏…


ပုဏ္ဏားအမေး…
ရဟန်းတို့သည်…
အဘယ်ကို အလိုရှိကုန် သနည်း…
အဘယ် အလို့ငှါ လေ့လာကုန်သနည်း…
အဘယ်လျှင် တည်ရာရှိကုန် သနည်း…
အဘယ်ကို နှလုံးသွင်းကုန် သနည်း…
အဘယ်လျှင် အဆုံးရှိကုန် သနည်း ဟု လျှောက်၏…

မြတ်ဗုဒ္ဓအဖြေ…
ရဟန်းတို့သည်…
သည်းခံမှု သီလ စင်ကြယ်မှုကို အလိုရှိကုန်၏…
ပညာ အလို့ငှါ လေ့လာကုန်၏…
သီလလျှင် တည်ရာရှိကုန်၏…
ကြောင့်ကြ မရှိမှုကို နှလုံးသွင်းကုန်၏…
နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏ဟု မိန့်တော်မူ၏…


အသျှင်ဂေါတမ အံ့ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ မဖြစ်ဘူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဂေါတမသည် မင်းတို့၏ အလိုကို လည်းကောင်း၊ လေ့လာရာကို လည်းကောင်း၊ တည်ရာကို လည်းကောင်း၊ နှလုံးသွင်းကို လည်းကောင်း၊ အဆုံးကို လည်းကောင်း သိတော်မူပါပေ၏။
အသျှင်ဂေါတမသည် ပုဏ္ဏားတို့၏လည်း။ပ။
အသျှင်ဂေါတမသည် သူကြွယ်တို့၏လည်း။ပ။
အသျှင်ဂေါတမသည် မိန်းမတို့၏လည်း။ပ။
အသျှင်ဂေါတမသည် ခိုးသူတို့၏လည်း။ပ။
အသျှင်ဂေါတမသည် ရဟန်းတို့၏လည်း အလိုကို လည်းကောင်း၊ လေ့လာရာကို လည်းကောင်း၊ တည်ရာကို လည်းကောင်း၊ နှလုံးသွင်းကို လည်းကောင်၊ အဆုံးကို လည်းကောင်း သိတော်မူပါပေ၏။

အသျှင်ဂေါတမ တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါပေ၏။ပ။
အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်တတ်သူ 'ဥပါသကာ' ဟူ၍ မှတ်တော်မူပါ ဟု လျှောက်၏။ 52

၁ဝ - ခတ္တိယသုတ်၊ ဓမ္မိကဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP