* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, July 7, 2009

လွတ်မြောက်ခြင်းငှါ...


ဓီတုသုတ် -

သာဝတ္ထိပြည်၌ သီတင်းသုံး နေတော်မူ၏။ ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်၊ အဝိဇ္ဇာဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန် သည် ဖြစ်၍ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန် သော သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်နိုင်။

ရဟန်းတို့ ဤရှည်စွာသော အဓွန့်ကာလ၌ သမီးမဖြစ်ဖူးသော သတ္တဝါကို ရလွယ်သည် မဟုတ်၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း- ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်၊ မသိမှု 'အဝိဇ္ဇာ'ဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည် ဖြစ်၍ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန်သော သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်နိုင်။
ရဟန်းတို့ ဤသို့လျှင် ရှည်စွာသော ညဥ့်တို့ပတ်လုံး သင်တို့သည်
ဆင်းရဲကို ခံစားရဖူးလှလေပြီ၊
ပြင်းထန်သော ဆင်းရဲကို ခံစားရဖူးလှလေပြီ၊
ပျက်စီးခြင်းကို ခံစားရဖူးလှလေပြီ
သင်္ချိုင်းမြေပုံသည် တိုးပွားလှလေပြီ
ရဟန်းတို့ ဤအလုံးစုံသော
သင်္ခါရတရားတို့၌ ငြီးငွေ့ခြင်းငှါ သင့်လှတော့သည်သာတည်း
တပ်ခြင်း ကင်းခြင်းငှါ သင့်လှတော့သည်သာတည်း
လွတ်မြောက်ခြင်းငှါ သင့်လှတော့သည်သာတည်း
ဟု ဟောတော်မူ၏။

၉ - ဓီတုသုတ်၊ ဒုတိယဝဂ်၊ နိဒါနသံယုတ်ပါဠိတော်။ 142

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP