စုပေါင်း ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာပြီးစီး
ကိုရီးယားရောက် မြန်မာညီအစ်ကို မောင်နှမများ၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဒယ်ဂူးမြို့ရှိ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၌ ၅- ၇ - ၂၀၀၉ ခု၊ တနင်္ဂနွေနေ့က စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။ အခမ်းအနားသို့ အင်ချွန်း၊ ဘူဆန်၊ ဂင်မဲ၊ အူလ်ဆန်၊ ဂယောင်ဆန်၊ ဂယောင်ဂျူ၊ ဒယ်ဂုစသည့် အနယ်နယ် အရပ်ရပ်တွင် ရောက်ရှိနေကြသည့် မြန်မာညီအစ်မောင်နှမများနှင့် ကိုရီးယားနိုင်ငံသားများ စုံညီစွာတက်ရောက်ကြသည်။ ထို့နောက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ၀ိစိတ္တအား ၀ါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး တရားတော်နာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်ချ အမျှအတမ်းပေးဝေကြသည်။ အခမ်းအနားအပြီးတွင် ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များအား အထူးစပါယ်ရှယ် ကြက်သားဒံပေါက်ဖြင့် ကျွေးမွေးလှူဒါန်း ဧည့်ခံကြသည်။
ဝါဆိုသင်္ကန်းအလှူရှင် စာရင်းများကို နောက်မှသီးသန့် ဖော်ပြပေးပါမည်။
ဝါဆိုသင်္ကန်းအလှူရှင် စာရင်းများကို နောက်မှသီးသန့် ဖော်ပြပေးပါမည်။

0 comments:
Post a Comment