* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, July 23, 2009

"၀ဋ် အမြဲ ငရဲ အပ"

ကျွန်တော်ကတော့အဲ့ ဒီ စကားကိုအရင်က စိုင်းထီးဆိုင် သီချင်းထဲမှာရယ်၊ မြန်မာစကားပုံထဲမှာရယ် ကြားဖူးပါတယ်။ ဘယ်လောက်လေးနက်တယ်ဆိုတာကိုတော့ မတွေးမိခဲ့ ပါဘူး။ အဲ့ ဒီစကားဟာ ကျွန်တော်တို့ မြတ်ဗုဒ္ဓ၏ တရားဓမ္မနှင့် ဆက်စပ်နေပြီး သဘောအဓိပ္ပါယ် တော်တော် လေးနက်တဲ့  စကားဖြစ်ပါတယ်။

ဝဋ်
'၀ဋ် ' ဆိုသည်မှာ ' ၀ဋ'္ဋ ဟူသော ပါဠိစကားမှ ဆင်းသက်လာပါသည်။ သံသရာ လည်ပတ်ခြင်း၊ အကြောင်းပြီး အကျိုး - အကျိုးပြီးအကြောင်း ဆက်စပ်ဖြစ်ပျက်ခြင်း၊ မကောင်းမှုပြုသည့်အတွက် သံသရာဘ၀ခရီး၌ ဆိုးကျိုးတစုံတရာကို ခံစားရခြင်း စသော အဓိပ္ပါယ်များ ရှိပါသည်။ ၀ဋ် သုံးမျိုးရှိပါသည်-
(၁) ကိလေသ၀ဋ် (အ၀ိဇ္ဇာ) တဏှာ၊ ဥပါဒါန်သုံးပါး၊
(၂) ကမ္မ၀ဋ် (ကုသိုလ်ကံ၊ အကုသိုလ်ကံ)၊
(၃) ၀ိပါက၀ဋ် (အကျိုးတရားများ)၊
ဝဋ် သည် နောက်ဆုံးအချက် ၀ိပါက၀ဋ် (အကျိုးတရားများ) နှင့်သက်ဆိုင်နေပါသည်။ သို့ ဖြစ်၍ '၀ဋ်' နှင့် '၀ိပါက' သည် စကားလုံး ကွဲပြားသော်လည်း ဘဘောအဓိပ္ပါယ် မကွဲပြားပါ။ ထို့ ကြောင့် တစ်စုံတစ်ယောက်သည် ဒုက္ခကြီးစွာ ခံစားနေရလျှင် '၀ဋ်ခံနေရတယ်၊ ၀ဋ်ကြီးတယ်' ဟူ၍လည်းကောင်း 'သူတပါးကို မညှင်းဆဲနဲ့ ၊ ၀ဋ် လိုက်တတ်တယ်၊ ၀ဋ် မှာအမြဲ ငရဲမှာ အပတဲ့ ' ဟူ၍လည်းကောင်း အစဉ်အလာ ဆုံးမပြောဆိုကြခြင်း ဖြစ်ပါသည်။

ငရဲ
'ငရဲ' သည် 'နိရယ' ဟူသော ပါဠိစကားမှ ဆင်းသက်လာပါသည်။ {နိ+(ရ) အယ။ အယ=ချမ်းသာခြင်း+နိ =မရှိ} ချမ်းသာသုခကို ရခွင့်မရှိသောကြောင့် ငရဲဟုခေါ်ခြင်းဖြစ်ပါသည်။ ငရဲကြီး ရှစ်ထပ်ရှိသည်။ သိဥ္ဇိုဝ်း၊ ကာလသုတ်၊ သံဃာတ၊ ရောရုဝ၊ မဟာရောရုဝ၊ တာပန၊ မဟာတာပန၊ အ၀ီစိငရဲတို့ ဖြစ်ကြပါသည်။ ထို ဘုံရှစ်ဘုံကိုပေါင်း၍ ငရဲဘုံ ဟု သုံးနှုန်းခေါ်ဝေါ်ကြပါသည်။ ထို ငရဲ တစ်ထပ်တစ်ထပ်စီတွင်လည်း ဘင်(မစင်)ပုပ်ငရဲ၊ ပြာပူငရဲ၊ လက်ပံတောငရဲ၊ သံလျက်ရွတ်ငရဲ၊ ကြိမ်ပိုက်ချောင်းငရဲဟု ငါးထပ်စီ တံတိုင်းခတ်သလို ရံပတ်တည်ရှိနေကြပါသည်။ ထိုအားလုံးကို ငရဲ ဟု ခေါ်ခြင်းဖြစ်ပါသည်။

ဝဋ် မြဲခြင်း
တစုံတယောက်သည် တစုံတစ်ယောက်အား ပြစ်မှားမိပါက ထိုသူသည် ငရဲ၌ ဆင်းရဲဒုက္ခ ခံစားနေရမည်ဖြစ်ပါသည်။ ငရဲမှ လွတ်လျှင်လည်း ဆင်းရဲဒုက္ခတစ်မျိုးမျိုး ကို ပြုမိခဲ့ သော အကုသိုလ်အားလျော်စွာ ခံစားရတတ်ပြန်သည်။ ထိုကဲ့ သို့  ခံစားရခြင်းကိုပင် ၀ဋ် ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။ ထို ၀ဋ် ခေါ် မကောင်းမှုအကျိုးကို မည်သူမှ ရှောင်လွဲ၍ မရနိုင်ပါ။ မိမိပြုခဲ့ သော အကုသိုလ်ကံကြောင့် ငရဲသို့  ကျရောက်ရုံမျှဖြင့် မပြီးသေး။ အခွင့်သင့်သော ဘ၀တွင်လည်း ၀ဋ် ခေါ် ဆင်းရဲဒုက္ခတစ်မျိုးမျိုးကို ဆက်လက်ခံစားရသေးသည်။ မခံစားရအောင် မည်သူမျှ မရှောင်လွှဲနိုင်ကြပေ။ သို့ ဖြစ်၍ "၀ဋ်မှာ အမြဲ ငရဲမှာ အပ" ဟုဆိုထုံးပြုခဲ့ ကြခြင်း ဖြစ်ပါသည်။

ငရဲပခြင်း
ငရဲကား ၀ဋ် ကဲ့ သို့ မဟုတ်၊ မကောင်းမှု အကုသိုလ်ကို ပြုလုပ်လျှင် ငရဲသို့  ကျရောက်တတ်၏ဟု ဆိုသော်လည်း အကုသိုလ်ပြုမိတိုင်း ငရဲသို့ ရောက်ကြရသည်မဟုတ်၊ အကုသိုလ်ကို အမှန်တကယ် ပြုပါလျက် ငရဲနှင့် လွဲချင်လွဲတတ်ပါသည်။ မိမိပြုသော ကုသိုလ်ကံများဖြင့်လည်း ငရဲကို အပ ပြုနိုင်ပါသည်။ လတ်တလော ကုသိုလ်ကံကြောင့် နတ်ပြည်တို့  ရောက်နိုင်သော်လည်း ကုသိုလ်ကံ အရှိန်ကုန်လျှင် (အပါယ်တံခါးပိတ်နိုင်သော မဂ်ကုသိုလ်တစ်မျိုးမျိုးကို မရသေးလျှင်) ငရဲသို့  ရောက်နိုင်ပေသေးသည်။ ယခုစာဖတ်သူများလည်း ငရဲကို ယာယီ အပ ပြုနိုင်ခြင်းမဟုတ်ဘဲ၊ အလွန်အားကောင်းသော ကုသိုလ်ကံအဆင့်များမှ အကုသိုလ်ကံများကို ဘယ်တော့မှ အကျိုးပေးခွင့်မရအောင် ချေဖျက်ပစ်နိုင်သော အဆုံးသတ် အပ ပြုနိုင်သော၊ အကုသိုက်ကံများအားလုံးသည် အဟောသိကံ(အချည်းနှီးကံ၊ အလကားကံ) များ ဖြစ်နိုင်သော၊ အကုသိုလ်ကံမှန်သမျှ ပျက်စီးသွားပြီဖြစ်၍ အပါယ်အကျိုး၊ ငရဲ အကျိုးကို ဘယ်သောကာလမှ မပေးနိုင်သော ပုဂ္ဂိုလ်များ ဖြစ်နိုင်ကြပါစေ.................။

လေးစားလျှက်
ကိုငယ်


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP