* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, July 23, 2009

ဘာသာရေး အမြင်

နောင်တချိန်တွင် စကြဝဠာတခုလုံး ကိုးကွယ်ကြသည့် ဘာသာတရားတခု ဖြစ်ပေါ်လာလိမ့်မည်။ ထိုဘာသာ တရားသည် တယူသန်ဝါဒ၊ တရားသေဝါဒများ ကိုလည်း ရှောင်လွှဲနိုင်လိမ့်မည်။ သဘာဝတရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိသည့် ဤဘာသာတရားသည် ရုပ်နာမ်တရားကို ကိုယ်တွေ့ ခံစားသိမြင်မှုနှင့် အဓိပ္ပာယ်ပြည့်ဝသည့် ပေါင်းစည်း ညီညွတ်မှုပေါ်မှာ အခြေခံလိမ့်မည်။ ဤအချက်အလက်များကို ဗုဒ္ဓဘာသာက အဖြေထုတ်ပေးလိမ့်မည်။ အကယ်၍သာ ခေတ်သစ် သိပ္ပံနည်းကျ လိုအပ်ချက်များကို အဖြေထုတ်ပေးနိုင်မည့် ဘာသာတရားတခုသာ ရှိလာမည်ဆိုလျှင် ထိုဘာသာတရားသည် ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မည်ဟု....

(ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး - ဒေါက်တာ အဲလ်ဘတ်စ်အိုင်းစတိုင်း)



March 14, 1879(1879-03-14), Kingdom of Württemberg, German Empire တွင်မွေးဖွားခဲ့ပြီး, April 18, 1955 (aged 76) Princeton, New Jersey, USA တွင် သေဆုံးခဲ့သော၊ General relativity, Special relativity, Photoelectric effect, Brownian motion, Mass-energy equivalence, Einstein field equations, Unified, Field Theory, Bose–Einstein statistics စသော သီအိုရီပေါင်း များစွာနှင့် နာမည်တစ်လုံးတည်းနှင့် ကျော်ကြားခဲ့သော၊ Nobel Prize in Physics (1921), Copley Medal (1925), Max Planck Medal (1929), Person of the Century တို့နှင့် Notable awards များကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့သော ထိုသူ၏ ဗုဒ္ဓဘာသာ အပေါ်ရှူမြင်ခြင်း ဖြစ်ပါသည်။ သူ၏ ဘာသာမှာ (Agnosticism) ဟုခေါ်သော ဘုရားသခင်ရှိမှုကို သက်သေပြ၍ မရနိုင်ဟု ယုံကြည်သောဝါဒ ဟုဆိုထားပါသည်။

" The religion of the future will be a cosmic religion. It should transcend a personal God and avoid dogmas and theology. Covering both natural and spiritual, it should be based on a religious sense arising from the experience of all things, natural and spiritual and a meaningful unity. Buddhism answers this description. If there is any religion that would cope with modern scientific needs, it would be Buddhism."

( Albert Einstein, the greatest scientist of the twentieth century )

ကြားဖူးနားဝ ရှိနေ၍၊ ရှာရှာဖွေဖွေ ရလာခဲ့သော ထိုစာစုအား တင်ပြပေးခြင်းမှာ အသိပညာ၊ ဗဟုသုတ ရစေရန် ရည်ရွယ်ပါသည်။ မည်သည့်ဘာသာကိုမျှ မဝေဖန်၊ မပုတ်ခတ်၊ မထိခိုက်ပါ။ ဗုဒ္ဓဘာသာတွင် စိန်ခေါ်မှုဆိုတာ မရှိပါ။ မြတ်ဗုဒ္ဓဘုရားရှင် လက်ထက်တော် မှစ၍၊ မေတ္တာတရားနှင့်သာ အစဉ်အောင်မြင်သော ဘာသာဖြစ်ပါသည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP