* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, July 1, 2009

မိမိ၏ အစီးအပွါး အလို့ငှါသာ ကျင့်၏...

ပဌမ ဟိတသုတ် - (အစီးအပွား၊ အကျိုး)

ရဟန်းတို့ …
တရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် မိမိ၏ အစီးအပွါး အလို့ငှါသာ ကျင့်၏၊
သူတစ်ပါး၏ အစီးအပွါး အလို့ငှါ မကျင့်။

အဘယ် တရား ငါးမျိုးတို့နည်း ဟူမူ -
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်

၁…
မိမိကား သီလနှင့် ပြည့်စုံ၏၊
သူတစ်ပါးကိုမူ သီလနှင့် ပြည့်စုံစေရန် မဆောက်တည်စေ။

၂…
မိမိကား သမာဓိနှင့် ပြည့်စုံ၏၊
သူတစ်ပါးကိုမူ သမာဓိနှင့် ပြည့်စုံစေရန် မဆောက်တည်စေ။

၃…
မိမိကား ပညာနှင့် ပြည့်စုံ၏၊
သူတစ်ပါးကိုမူ ပညာနှင့် ပြည့်စုံစေရန် မဆောက်တည်စေ။

၎…
မိမိကား (ကိလေသာမှ) လွတ်မြောက်ခြင်း 'ဝိမုတ္တိ' နှင့် ပြည့်စုံ၏၊
သူတစ်ပါးကိုမူ (ကိလေသာမှ) လွတ်မြောက်ခြင်း 'ဝိမုတ္တိ' နှင့် ပြည့်စုံစေရန် မဆောက်တည်စေ။

၅…
မိမိကား (ကိလေသာမှ) လွတ်မြောက်မှုကို ဆင်ခြင်တတ်သော 'ပစ္စဝေက္ခဏာ' ဉာဏ်အမြင်နှင့် ပြည့်စုံ၏၊ သူတစ်ပါးကိုမူ(ကိလေသာမှ) လွတ်မြောက်မှုကို ဆင်ခြင်တတ်သော 'ပစ္စဝေက္ခဏာ' ဉာဏ်အမြင်နှင့် ပြည့်စုံစေရန် မဆောက် တည်စေ။

ရဟန်းတို့ ဤတရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် မိမိ၏ အစီးအပွါး အလို့ငှါသာ ကျင့်၏၊ သူတစ်ပါး၏ အစီးအပွါး အလို့ငှါ မကျင့် ဟု မိန့်တော်မူ၏။ 17

၇ - ပဌမ ဟိတသုတ်၊ ဗလ၀ဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


((ဤရဟန်းကို အတ္တကြီးသည်ဟု မြတ်ဗုဒ္ဓက အပြစ်မတင်ပါ))

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP