လူဝင်စားခြင်းကိုသိပ္ပံနည်းကျလက်ခံခြင်း(၄)
သိပ္ပံနည်းကျလက်ခံခြင်း
သိပ္ပံနဲ့ဆိုင်တဲ့ သီဝရီတစ်ခုကို လက်ခံနိုင်ဖို့ဆိုတာ သူ့ရဲ့မှန်ကန်မှု၊ အချက်အလက်တွေ ကိုက်ညီမှုသက်သက် အပေါ် မူတည်မနေဘူး။ အရေးကြီးတဲ့ အချက်တစ်ခု ကတော့ ပထ၀ီ ပဲ။
ဆိုလိုတာက အဲဒီသီဝရီ စတင်ပေါက်ဖွားတဲ့ နေရာပဲ။ ဒီသီဝရီဟာ အရှေ့တိုင်း ဒါမှမဟုတ် တတိယ ကမ္ဘာက ပေါက်ဖွားလာတာ ဆိုရင် ဒီသီဝရီကို လက်ခံဖို့ အခွင့်အလန်းဟာ ယေဘုယျအားဖြင့် နည်းပါးပါတယ်။ သာဓကတွေအနေနဲ့ တတိယကမ္ဘာ တက္ကသိုလ်တွေက တင်လိုက်တဲ့ သုတေသန စာတမ်းတွေ အပယ်ခံရတာ ကြည့်လေ။ ဒီဂျာနယ်တွေကိုပဲ နာမည်ကြီး အနောက်နိုင်ငံ တက္ကသိုလ်တွေကနေ တဆင့် ပြန်တင်တော့ လက်ခံကြတယ်ဗျာ။
အခု လူဝင်စားခြင်းကို သိပ္ပံနည်းကျ လက်ခံခြင်းအတွက် ပထမ အတားအဆီးက တော့ ဒီအယူအဆဟာ အရှေ့တိုင်းမှာ စတင်တဲ့ အယူအဆ ဖြစ်နေတယ်ဆိုတာပဲ။ နောက် ဒီဘာသာတွေကို ကိုးကွယ်သူတွေဟာလည်း အရှေ့တိုင်းသားတွေ ဖြစ်နေတယ်လေ။ [ ဆက်ဖတ်ရန် +/- ]
သိပ္ပံသီဝရီ တစ်ခုဟာ အနောက်တိုင်းမှာ လူကြိုက်များတဲ့ ဘာသာတွေရဲ့ တရားဓမ္မတွေနဲ့ ဆန့်ကျင်နေမယ်ဆိုရင် ဒီသီဝရီဟာ အနောက်တိုင်းမှာ ပေါက်ဖွားတာ ဖြစ်သည့်တိုင်အောင် သူ့ကို လက်ခံဖို့ ခဲယဉ်းပြန်တယ်။ ဒါမျိုးကြုံခဲ့ရတာက ဒါဝင်ရဲ့ ဆင့်ကဲဖြစ်စဉ်(evolution) သီဝရီနဲ့ ဂယ်လီလီယိုရဲ့ နေကိုဗဟိုပြုခြင်း(heliocentric) သီဝရီ တွေပဲ။ လူဝင်စားခြင်းကို သိပ္ပံနည်းကျ လက်ခံခြင်းဟာလည်းပဲ အလွန်ကြီးမားတဲ့ အတားအဆီးကြီးကို ရင်ဆိုင်ရတယ်။
လူဝင်စားခြင်းကို အစွဲကင်းတဲ့ သိပ္ပံရှုထောင့်က ကြည့်မယ်ဆိုရင် ပထမဆုံး သိပ္ပံနည်းမကျတဲ့ ဒွိဟဖြစ်မဲ့ အတားအဆီးတွေကို ဖြတ်ကျော်ဖို့ လိုတယ်။ ဒါကို မော်ဒန်သိပ္ပံဆိုင်ရာ သီဝရီတွေအတွက် အခုအသုံးပြုနေတဲ့ စံမီ လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်နိုင်ပါတယ်။ အောက်ပါ နည်းလမ်းအတိုင်း လူဝင်စားခြင်းကို စမ်းသပ်သွားမယ်။
ဂျရာမီဟေးဝပ်(Geremy Hayward) က သီဝရီအသစ်တစ်ခုနဲ့ ညှိနှိုင်းဖို့ ဘယ်လို ဆောင်ရွက်ရမလဲ ဆိုတာကို ရှင်းပြတယ်။ သူက နည်းလမ်းကို သိပ္ပံနည်းကျ လုပ်ငန်းစဉ် အဆင့်လေးဆင့်နဲ့ ဖော်ပြတယ်။
အဲဒါတွေကတော့
(a)သက်ဆိုင်ရာ သဘာဝဖြစ်စဉ်ကို လေ့လာပါ။
(b)သီဝရီအသစ်တစ်ခု ထုတ်ပါ။
(c)လေ့လာမှုစူးစမ်းမှုတွေမှာ ဟောကိန်းထုတ်ဖို့ အဲဒီသီဝရီကို သုံးပါ။
(d)ဟောကိန်းထုတ်ထားတဲ့ လေ့လာစူးစမ်းမှုတွေကို သုံးသပ်ပါ။
ရူပဗေဒနိုဘယ်ဆုရှင် ရစ်ချတ်ဖေးမန်း (Richard Feynman) က ဒီလုပ်ငန်းစဉ်ကို အသေးစိတ် ရှင်းပြတယ်။ သူကတော့ အဆင့် a နဲ့ b ကိုပေါင်းပြီး သုံးဆင့်ပါတဲ့ လုပ်ငန်းစဉ်အဖြစ် ရှင်းပြတယ်။
အကယ်၍ နောက်ဆုံးအဆင့်မှာ လုပ်တဲ့ လေ့လာစမ်းသပ်မှုတွေက ဦးဆုံးအဆင့်တွေက ဟောကိန်း ထုတ်ထားတာတွေနဲ့ မကိုက်ညီရင် သီဝရီဟာ လက်သင့်ခံဖွယ် မရှိဘူး။ ကိုက်ညီရင် သီဝရီကို လက်ခံတယ်။ အကယ်၍ ပို၍ပို၍ လေ့လာမှုစမ်းသပ်မှုတွေ လုပ်လို့မှ ကိုက်ညီတာတွေ ပြနိုင်ရင် ဒီသီဝရီဟာ ပိုမိုခိုင်မာတဲ့ သိပ္ပံနည်းကျ လက်ခံမှုကို ရမယ်။ သီဝရီတစ်ခုကို စမ်းသပ်နည်းတစ်ခုအရ သိပ္ပံနည်းကျတယ်လို့ လက်ခံပြီးသွားရင် အခြားတစ်ယောက်ယောက်က ဒီသီဝရီ လက်သင့်ခံဖွယ် မကောင်းဘူးလို့ အချက်အလက်အသစ်တွေနဲ့ သက်သေမပြမချင်း သူ့အတိုင်းပဲ ရှိနေမယ်။

0 comments:
Post a Comment