လယ်တီ ဆုမ္မစာ
ငါးအာရုံဘင်အစု ၊ ခင်မင်မှု့နဲ့နေကုန် ။
နင်ယခုမေ့ပုံလို ၊ တွေ့မကြုံစခန်း ။
ပါယ်လေးဝ ၊ သောကဘုံမှာ ။
မျောရရုံ ရှိတော့မခန်း ။
အောက်အဝီစိ ၊ သောင်အငူမှာ ။
ခေါင်းမပြူးစတမ်း ။
နှစ်အရှည် နှစ်မည်လမ်းကိုလ ။
နှင့်မျှော်စမ်း နှင့်ကိုယ် ။
ဒေသနာထင် ၊ အလင်းရယ်နှင့် ။
နှင့်အဖျင် ပိုထက်သာပို ။
သည်လောဘ ၊ စရိုက်အိုကို ။
မလိုက်လို ၊ ရှောင်ပစ်လို့ ။
နောင်အသစ် တကယ်ပြင်လျှင် ။
ကောင်းဘို့အစဉ် ။
ခွင့်သာခိုက်မှာ ၊ မလိုက်ချင်လျှင် ။
အမှိတ်နှင့်ပြင် ၊ ရှိသေးလေလိမ့်လား ။
ခွင့်သာတုန်းမှ ၊ မရုန်းချင်လျှင် ။
အရှုံးနှင့်ပြင် ၊ ရှိသေးလေလိမ့်လား ။
မနက်ဖြန် post မှ ပြန်လည်တင်ပြပါသည် ....။
ငါတို့ဖြစ်ရ ၊ ဤလောကဝယ်
ဘဝသမိုင်း ၊ မရိုင်းစေရန်
စိတ်မာန်မချ ၊ မာနမပါ
တို့သာသနာ ၊ တို့ပြည်ရွာကို
သာယာစေမှု ၊ လုံ့လပြုအံ့

0 comments:
Post a Comment