* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, July 20, 2009

သိကြားမင်းမေး၍ ဘုရားရှင်ဖြေသည်…

သိကြားမင်းမေး၍ ဘုရားရှင်ဖြေသည်…

မြတ်စွာဘုရားရှင် မာဂဓတိုင်း ရာဇဂြိုဟ်ပြည်၏ အရှေ့အရပ်၊ အမ္ဗသဏ္ဍအမည်ရှိသော ပုဏ္ဏားရွာ၏ မြောက်အရပ် ဝေဒိယကတောင် ဣန္ဒသာလဂူ၌ သီတင်းသုံးနေတော်မူစဉ်က ဖြစ်ပါ၏။ နတ်ပြည်ခြောက်ထပ်ကို အစိုးရတော်မူသော နတ်တို့၏အရှင် သိကြားမင်းသည် ဘုရားရှင် ထိုဣန္ဒသာလဂူတွင် သီတင်းသုံးနေထိုင်တော် မူသည့် သတင်းကို ကြားသိပြီး မိမိသန္တာန်၌ ဖြစ်ပေါ်လျက်ရှိသည့် သံသယများနှင့် ပတ်သက်၍ မေးမြန်းလျှောက်ထားလိုသည့် စိတ်ကူးဖြစ်ပေါ်ခဲ့၏။ ထိုအကြံကြောင့်ပင် သိကြားမင်းသည် အခြံအရံ ပရိတ်သတ်များနှင့်အတူ ဘုရားရှင်ရှိတော်မူရာ အရပ်သို့ ရောက်ရှိလာပြီး ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် မိမိသိလိုသည်များကို မေးလျှောက်လေ၏။

ထိုသို့ သိကြားမင်းမေးသဖြင့် ဘုရားရှင်ကိုယ်တိုင် ဖြေကြားဟောတော်မူပေးမှုကို သုတ္တန်အမည်တစ်ခုအဖြစ် မှတ်တမ်းတင်ထားပါ၏။ ထိုသုတ္တန်၏အမည်ကား “သက္ကပဥှ“သုတ်တော်ပင် ဖြစ်ပါ၏။ သက္ကဟူသည် သိကြားဟုအဓိပ္ပါယ်ရပြီး ပဥှသည်ကား အမေးပုစ္ဆာဟု အဓိပ္ပါယ်ရ၏။ ထို့ကြောင့် စာဖတ်သူများ အလွယ်နားလည်နိုင်စေရန် ဤနေရာ၌ “သိကြားမင်းမေး၍ ဘုရားရှင်ဖြေသည်“ဟူ၍ ခေါင်းစဉ်တစ်ခုတပ်ကာ သိကြားမင်းနှင့် ဘုရားရှင်တို့၏ အမေးအဖြေများကို မှတ်သားနာယူ ကြည်ညိုပြီး လိုက်နာကျင့်သုံးနိုင်ရန် အများနာလည်နိုင်မည့် စကားအသုံးများဖြင့် တစ်ဆင့်ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါသည်။
ပရိတ်သတ်အခြံအရံများဖြင့် ဘုရားရှင်ထံ ရောက်လာသည့် သိကြားမင်းသည် ဘုရားရှင်ကို ဖူးမြှော်ပြီး မိမိသိလိုသည်များနှင့် စပ်လျဉ်း၍ ဘုရားရှင်ထံမှ ခွင့်ပြုချက်ကို ရယူကာ မေးခွန်းများ စတင်မေးလျှောက် လေတော့၏။

သိကြားမင်းအမေး…
“အရှင်ဘုရား လောကရှိ လူနတ်ဗြဟ္မာ အသုရာနှင့် နဂါးဂန္ဓဗ္ဗစသူတို့ဟာ တစ်ဦးအပေါ်တစ်ဦး ရန်ငြိုးကင်းကြစေဖို့၊ ဒဏ်ထားခြင်းကင်းကြစေဖို့၊ ရန်ကင်းကြစေဖို့၊ စိတ်ဆင်းရဲခြင်းကင်းကြစေဖို့၊ အမျက်ထွက်ခြင်းကင်းကြစေဖို့ စသဖြင့် လိုလားတောင့်တကြပါတယ်။ ဒါပေမယ့် ဒီလို လိုလားတောင့်တ ကြပေမယ့်လည်း တစ်ဦးနဲ့တစ်ဦး ရန်ငြိုးတွေဖွဲ့ကြ၊ ဒဏ်ခတ်ကြ၊ ရန်ပြုကြ၊ စိတ်ဆင်းရဲအောင်လုပ်ကြ၊ အမျက်ထွက်အောင် လုပ်ကြပါတယ်။ ဒီလိုတောင်တပေမယ့် တောင့်တတိုင်း ဖြစ်မလာတာဟာ ဘယ်လိုအနှောင်အဖွဲ့ကြောင့်ပါလဲဘုရား…“

မြတ်စွာဘုရားအဖြေ…
“နတ်တို့အရှင် သိကြားမင်း ပုဂ္ဂိုလ်သတ္တ၀ါတွေဟာ တစ်ဦးနဲ့တစ်ဦး သိကြားမင်းပြောတဲ့ ဆန္ဒများနဲ့ လိုလားတောင့်တပေမယ့် သူတို့လိုလားတောင့်တတိုင်း ဖြစ်မလာရတာဟာ သူတို့သန္တာန်မှာ ရှိနေကြတဲ့ ဣဿာမစ္ဆရိယ သံယောဇဉ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဣဿဆိုတာ သူတပါးအပေါ်မနာလိုခြင်းဖြစ်ပြီး မစ္ဆရိယဆိုတာကတော့ မိမိမှာရှိတဲ့အရာတွေမှာ ၀န်တိုခြင်း ဖြစ်ပါတယ်“

သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဒီဣဿာမစ္ဆရိယတို့ရဲ့ အခြေခံအကြောင်းတရား၊ တိုးတက်ဖြစ်ပွားရာ အကြောင်းတရား၊ ထင်ရှားဖြစ်ပေါ်ရာ အကြောင်းတရား၊ စတင်ဖြစ်ပေါ်ရာ အကြောင်းတရားဟာ ဘာကြောင့်ဖြစ်ရပြီး ဘယ်လိုတရားများရှိရင် ဒီဣဿာမစ္ဆရိယ ဖြစ်တတ်ပြီး ဘယ်လိုတရားများ မရှိပါက ဒီတရားများ မဖြစ်တတ်ပါလဲဘုရား…“

မြတ်စွာဘုရား…
“နတ်တို့အရှင် သိကြားမင်း ချစ်ခြင်း မုန်းခြင်းဆိုတဲ့ သဘောတရားဟာ ဒီဣဿာမစ္ဆရိယတို့ရဲ့ အခြေခံစတင်ဖြစ်ပေါ်ရာဖြစ်ပြီး ထင်ရှားတိုးတက်ရာလည်း ဖြစ်စေပါတယ်။ ဒီချစ်ခြင်းမုန်းခြင်းရှိရင် ဣဿာမစ္ဆရိယ ရှိတတ်ပြီး၊ ချစ်ခြင်းမုန်းခြင်းမရှိရင်တော့ ဣဿာမစ္ဆရိယလည်း မရှိတတ်ပါဘူး“

သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဒီချစ်ခြင်းမုန်းခြင်းတို့ရဲ့ အခြေခံစတင်ဖြစ်ပေါ်ရာနဲ့ ထင်ရှားတိုးတက်ရာတို့ဟာ ဘာကြောင့်ဖြစ်ရပြီး ဘယ်လိုအရာက ဒီချစ်ခြင်းမုန်းခြင်း ဖြစ်မဖြစ်ကို ဖန်တီးပေးတယ်ဆိုတာ သိချင်ပါတယ်ဘုရား…“

မြတ်စွာဘုရား…
“သိကြားမင်း လိုချင်ခြင်း ဆန္ဒကြောင့် ဒီချစ်ခြင်းမုန်းခြင်းတို့ စတင်ဖြစ်ပေါ် တိုးတက်ပြန့်ပွားခြင်းဖြစ်ပြီး ဒီလိုချင်ခြင်းဆန္ဒရှိရင် ချစ်ခြင်းမုန်းခြင်း ရှိတတ်ကာ လိုချင်ခြင်း ဆန္ဒမရှိရင်တော့ ဒီချစ်ခြင်းမုန်းခြင်းလည်း မရှိတတ်ပါဘူး“

သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဒီလိုချင်ခြင်းဆန္ဒရဲ့ အခြေခံစတင်ဖြစ်ပေါ်ခြင်းနဲ့ တိုးတက်ထင်ရှားခြင်းတို့ဟာ ဘာကြောင့်ဖြစ်ရပြီး ဘယ်အရာက ဒီလိုချင်ခြင်းဆန္ဒ ဖြစ်မဖြစ်ကို ဖန်တီးပေးပါလဲဘုရား…“

မြတ်စွာဘုရား…
“သိကြားမင်း ကြံစည်ခြင်း ၀ိတက်ကြောင့် ဒီလိုချင်ခြင်း ဆန္ဒတို့ စတင်ဖြစ်ပေါ် တိုးတက်ပြန့်ပွားခြင်းဖြစ်ပြီး ဒီကြံစည်ခြင်း ၀ိတက်ရှိရင် လိုချင်ခြင်း ဆန္ဒရှိတတ်ကာ ၀ိတက်မရှိပါက ဆန္ဒလည်း မရှိတတ်ပါဘူး…“

သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဒီကြံစည်ခြင်း ၀ိတက်ရဲ့ အခြေခံစတင်ဖြစ်ပေါ်ရာနဲ့ တိုးတက်ထင်ရှားရာတို့ဟာ ဘာကြောင့်ဖြစ်ပေါ်ပြီး ဘယ်အရာများက ဒီကြံစည်ခြင်း ၀ိတက် ဖြစ်မဖြစ်ကို ဖန်တီးပေးပါလဲဘုရား…“

မြတ်စွာဘုရား…
“သိကြားမင်း သံသရာချဲ့ထွင်တတ်တဲ့ တဏှာ မာန ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားအစုကြောင့် ဒီကြံစည်ခြင်း ၀ိတက်တို့ စတင်ဖြစ်ပေါ် တိုးတက်ပြန့်ပွားခြင်းဖြစ်ပြီး ဒီသံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စတရားများရှိရင် ၀ိတက်ရှိတတ်ကာ ပပဉ္စတရားများ မရှိပါက ကြံစည်ခြင်း ၀ိတက်လည်း မရှိတတ်ပါဘူး…“

သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဘယ်လိုအကျင့်မျိုးကို ကျင့်ကြံအားထုတ်ရင် ဒီသံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စတရားများ ချုပ်ငြိမ်းစေပြီး နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ကျင့်သည်မည်ပါလဲဘုရား…“

မြတ်စွာဘုရား…
“သိကြားမင်း ၀မ်းမြောက်ခြင်းဟူသော သောမနဿ၊ နှလုံးမသာခြင်းဟူသော ဒေါမနဿ၊ လျစ်လျူရှုခြင်းဟူသော ဥပေက္ခာလို့ခေါ်တဲ့ ခံစားခြင်း ဝေဒနာကမ္မဋ္ဌာန်းကို ကျင့်ကြံပွားများ အားထုတ်နိုင်ပါက ဒီသံသရာ ချဲ့ထွင်တတ်တဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားများကို ချုပ်ငြိမ်းစေပြီး နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ကျင့်ရာရောက်ပါတယ်။ ဟုတ်ပါတယ်။ ၀မ်းမြောက်ခြင်း သောမနဿမှာလည်း မှီဝဲအပ်တဲ့ သောမနဿ မမှီဝဲအပ်တဲ့ သောမနဿလို့ နှစ်မျိုးရှိပြီး ဒီသောမနဿကို အမှီပြုခြင်းကြောင့် မိမိသန္တာန်မှာ အကုသိုလ်တရား တိုးပွားပြီး ကုသိုလ်တရားများ ဆုတ်ယုတ်ပါက အဲဒီသောမနဿကို မမှီဝဲအပ်ဘဲ၊ ဒီသောမနဿကို အမှီပြုခြင်းကြောင့် မိမိမှာ အကုသိုလ်တရားများ ဆုတ်ယုတ်ပြီး ကုသိုလ်တရားများ တိုးပွားပါက အဲဒီသောမနဿကို မှီဝဲအပ်ပါတယ်။ ကြံစည်ခြင်း ၀ိတက်၊ သုံးသပ်ခြင်း ၀ိစာရနှင့် တကွဖြစ်တဲ့ ဒီဝမ်းမြောက်ခြင်းမှာ ၀ိတက်ဝိစာရမရှိတဲ့ ၀မ်းမြောက်ခြင်းက ပိုပြီးမြတ်ပါတယ်။ (ဆိုလိုသည်မှာ အကုသိုလ်တရား ဆုတ်ယုတ်ပြီး ကုသိုလ်တရား တိုးပွားစေမည့် ကြံစည်သုံးသပ်ခြင်းကင်းသည့် နှစ်သက်ခြင်း သောမနဿကိုသာ သိအောင်ကြိုးစားလိုက်နာ ကျင့်သုံးရမည်ဟု ဆိုလိုပါ၏။)

ဒီလိုပဲ နှစ်လုံးမသာခြင်း ဒေါမနဿမှာလည်း မှီဝဲအပ်တဲ့ ဒေါမနဿ၊ မမှီဝဲအပ်တဲ့ ဒေါမနဿလို့ နှစ်မျိုးရှိပြီး ဒီဒေါမနဿကို အမှီပြုခြင်းကြောင့် မိမိသန္တာန်မှာ အကုသိုလ်တရား တိုးပွားပြီး ကုသိုလ်တရားများ ဆုတ်ယုတ်ပါက အဲဒီဒေါမနဿကို မမှီဝဲအပ်ဘဲ၊ ဒီဒေါမနဿကို အမှီပြုခြင်းကြောင့် မိမိသန္တာန်မှာ အကုသိုလ်တရားများ ဆုတ်ယုတ်ပြီး ကုသိုလ်တရားများ တိုးပွားပါက အဲဒီဒေါမနဿကို မှီဝဲအပ်ပါတယ်။ ကြံစည်ခြင်း ၀ိတက်၊ သုံးသပ်ခြင်း ၀ိစာရနှင့် တကွဖြစ်တဲ့ ဒီနှလုံးမသာခြင်းမှာ ၀ိတက်ဝိစာရမရှိတဲ့ နှလုံးမသာခြင်းက ပိုပြီးမြတ်ပါတယ်။ (ဆိုလိုသည်မှာ အကုသိုလ်တရား ဆုတ်ယုတ်ပြီး ကုသိုလ်တရား တိုးပွားစေမည့် ကြံစည်သုံးသပ်ခြင်းကင်းသည့် နှလုံးမသာခြင်း ဒေါမနဿကိုသာ သိအောင်ကြိုးစားလိုက်နာ ကျင့်သုံးရမည်ဟု ဆိုလိုပါ၏။)

လျစ်လျူရှုခြင်း ဥပေက္ခာမှာလည်း မှီဝဲအပ်၊ မမှီဝဲအပ်တဲ့ ဥပေက္ခာလို့ နှစ်မျိုးရှိပြီး မှီဝဲသဖြင့် အကုသိုလ်တရားတိုးပွားပြီး ကုသိုလ်တရား ဆုတ်ယုတ်ပါက အဲဒီဥပေက္ခာကို မမှီဝဲအပ်ဘဲ မှီဝဲသဖြင့် အကုသိုလ်တရား ဆုတ်ယုတ်ပြီး ကုသိုလ်တရားတိုးပွားပါက အဲဒီဥပေက္ခာကို မှီဝဲအပ်ပါတယ်။ ကြံစည်ခြင်း ၀ိတက်၊ သုံးသပ်ခြင်း ၀ိစာရနှင့် တကွဖြစ်တဲ့ ဒီလျစ်လျူရှုခြင်းမှာ ၀ိတက်ဝိစာရမရှိတဲ့ လျစ်လျူရှုခြင်းက ပိုပြီးမြတ်ပါတယ်။ (ဆိုလိုသည်မှာ အကုသိုလ်တရား ဆုတ်ယုတ်ပြီး ကုသိုလ်တရား တိုးပွားစေမည့် ကြံစည်သုံးသပ်ခြင်းကင်းသည့် လျစ်လျူရှုခြင်း ဥပေက္ခာကိုသာ သိအောင်ကြိုးစားလိုက်နာ ကျင့်သုံးရမည်ဟု ဆိုလိုပါ၏။)

သိကြားမင်း…ဆိုခဲ့ပြီးတဲ့အတိုင်း သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာဟူသော ဝေဒနာကမ္မဋ္ဌာန်းကို လိုက်နာကျင့်ကြံ အားထုတ်နိုင်ပါက သံသရာချဲ့ထွင်တတ်တဲ့ တဏှာမာနဒိဋ္ဌိဆိုတဲ့ တရားများ ချုပ်ငြိမ်းစေမည်ဖြစ်ပြီး နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကို ကျင့်ရာရောက်စေပါတယ်“

အထက်ပါ ဖော်ပြချက်များကား သက္ကပဥှသုတ်တွင် ဟောတော်မူထားသည့် မြတ်စွာဘုရားရှင်နှင့် သိကြားမင်းတို့၏ အမေးအဖြေ ဆွေးနွေးခန်း တစ်စိတ်တစ်ပိုင်းဖြစ်ပါ၏။ ထိုအမေးအဖြေများကို ကြည်ညိုကြည့်ပါက သတ္တ၀ါတို့၏ သံသရာဒုက္ခ၊ ခန္ဓာဝန်ဒုက္ခများ၏ အခြေခံဖြစ်ပေါ်ကြောင်းများ၊ ထိုတရားများကြောင့် ဘ၀တွင် မည်မျှဒုက္ခများနှင့် ကြုံတွေ့နေရကြောင်းများကို သိရှိနိုင်မည်ဖြစ်ပြီး ထိုဒုက္ခများချုပ်ရာ အကျင့်ကိုလည်း မှတ်သားနာယူနိုင်မည် ဖြစ်ပါ၏။ သံသရာချဲ့ထွင်တတ်သည့် တဏှာမာနဒိဋ္ဌိဟူသော ပပဉ္စတရားများကြောင့် ကြံစည်ခြင်း ၀ိတက်ဖြစ်ပေါ်လာကြောင်း၊ ၀ိတက်ဖြစ်ခြင်းကြောင့် လိုချင်ခြင်း ဆန္ဒ ဖြစ်ပေါ်လာကြောင်း၊ ဆန္ဒဖြစ်ခြင်းကြောင့် ချစ်ခြင်းမုန်းခြင်း ဖြစ်ပေါ်လာကြောင်း၊ ချစ်ခြင်းမုန်းခြင်း ဖြစ်ခြင်းကြောင့် မနာလိုခြင်း ဣဿာ ၀န်တိုခြင်း မစ္ဆရိယ ဖြစ်ပေါ်လာကြောင်း ထိုဣဿာမစ္ဆရိယကြောင့်ပင် သတ္တ၀ါတို့သည် တစ်ဦးနှင့်တစ်ဦး ရန်ငြိုးဖွဲ့ခြင်း၊ ဒဏ်ထားခြင်း၊ ရန်ပြုခြင်း၊ စိတ်ဆင်းရဲစေခြင်း၊ အမျက်ထွက်စေခြင်းများ ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်ကို ကောင်းစွာနားလည် သဘောပေါက်နိုင်၏။ အခြေခံကား တဏှာမာနဒိဋ္ဌိဟူသည့် သံသရာချဲ့ထွင်တတ်သည့် တရားများကြောင့်ပင် ဖြစ်သည်ကို ရှင်းလင်းစွာ နားလည်နိုင်ပေမည်ဖြစ်၏။ ထိုသံသရာ ချဲ့ထွင်တတ်သည့် တရားများ ချုပ်ငြိမ်းစေရန်အတွက်လည်း ဘုရားရှင်ပေးတော်မူသည့်နည်းမှာ ဝေဒနာကမ္မဋ္ဌာန်းကို ကျင့်ကြံပွားများ အားထုတ်စေနည်းပင် ဖြစ်၏။ ထို့ကြောင့် ဒုက္ခအပေါင်းဖြစ်ပေါ်ခြင်း၏ အခြေခံ အကြောင်းဖြစ်သည့် တဏှာမာနဒိဋ္ဌိဟူသော သံသရာချဲ့တတ်သည့် တရားများကို ဝေဒနာကမ္မဋ္ဌာန်း ပွားများအားထုတ်ခြင်းဖြင့် အလျင်အမြန် ချုပ်ငြိမ်းစေရန် အချိန်ရှိခိုက် ကြိုးစားနိုင်ကြဖို့ သိကြားမေး၍ ဘုရားရှင်ဖြေထားသည့် နည်းကိုယူကာ တစ်ဆင့်ပြန်လည် မျှဝေပေးလိုက်ရပေတော့ သတည်း။ သာဓု… သာဓု… သာဓု…

 

Posted by ဘုန်းဘုန်း ဦးဝိစိတ္တ at 12:59:00 PM  

Labels: ၄။ ဓမ္မရသစာစုများ

 

+++++++++++++++++++++++++++++++++++++++++++++++++++++

 

 

 

 

 

ဆရာတော် ဦးသုမင်္ဂလ
(ဒယ်အိုးဆရာတော်)
ဟောကြားတော်မူသော
တရားတော်များ

တရားတော်များ ကို Download လုပ်လိုပါက မိမိအလိုရှိသော တရားခေါင်းစဉ်ပေါ်တွင် Right Click နှိပ်၍ Save Target As ဖြင့် Download လုပ်နိုင်ပါသည်။

VCD

၁။ချမ်းသာရေးတရားတော်
၂။တန်ဘိုးတရားတော်
၃။သခင်စိတ်တရားတော်
၎။မကြောက်ကြေးတရားတော်
၅။ဝါဒနှင့်သဘာဝတရားတော် (၁)
၆။ဝါဒနှင့်သဘာဝတရားတော် (၂)
၇။ဝါဒနှင့်သဘာဝတရားတော် (၃)
၈။အခွင့်သာခိုက်ကြိုးစားလိုက်
၉။ကိုယ့်စရိတ်ကိုယ်စားတရားတော်
၁၀။ဘယ်တော့ပြီးမလဲတရားတော်
၁၁။လမ်းဆုံးအရောက်တရားတော် (၁)
၁၂။လမ်းဆုံးအရောက်တရားတော် (၂)
၁၃။လမ်းဆုံးအရောက်တရားတော် (၃)
၁၄။ဒုက္ခ (၆) မျိုး တရားတော်
၁၅။ဝမ်းဗိုက်စေတမန်တရားတော်
၁၆။မှီရာမှန်တရားတော်
၁၇။အနေမှန်မှတရားတော်
၁၈။ကိုယ့်အကြိုက်နဲ့မကိုက်ကြနဲ့
၁၉။မနှောင်းစေနဲ့တရားတော်
၂၀။နှုတ်ဆက်ကြပါစို့တရားတော်
၂၁။သေကံမရောက်သက်မပျောက်
၂၂။ထမင်းရှင်ကိုကြင်နာပါ
၂၃။အန္တရာယ်ကင်းအောင်ကွယ်
၂၄။ရန်သူ
၂၅။သတ်ပုံမှားတဲ့ည (၁)
၂၆။သတ်ပုံမှားတဲ့ည (၂)
၂၇။လျှော့မတွက်နဲ့
၂၈။တန်ဘိုးဆိုသည်မှာ
၂၉။ထိမှသိမယ်
၃၀။အမြတ်ဆုံး
၃၁။လှပါတယ်မေရယ်
၃၂။အားကိုးမလွဲပါစေနဲ့
၃၃။မျောက်ဟာမျောက်ပါပဲ
၃၄။ကျေးဇူးနဲ့တန်ဘိုး
၃၅။မှတပါးအခြားမရှိ
၃၆။ကောင်းအောင်ပြင်ကြ
၃၇။သေနည်းသင်တရားတော်
၃၈။ရင်ထဲမှာရွာတဲ့မိုး
၃၉။နောင်တမရစေနဲ့
၄၀။ဆုံးမခံထိုက်သူ
၄၁။လျှော့မတွက်နဲ့
၄၂။တန်ခိုးဆိုသည်မှာ
၄၃။ထိမှသိမည်
၄၄။အမြတ်ဆုံး
၄၅။လှတဲ့ဘဝလေး
၄၆။သူရဲကောင်း
၄၇။ပြက်စီးခြင်းနှင်.ပြည်.စုံခြင်း
၄၈။ဝိသာခနှင်.ဓမ္မဓိန္ဒာ ၀၁
၄၉။ဝိသာခနှင်.ဓမ္မဓိန္ဒာ ဝ
၅၀။ဝိသာခနှင်.ဓမ္မဓိန္ဒာ ဝ
၅၁။ဝိသာခနှင်.ဓမ္မဓိန္ဒာ ဝ
၅၂။ဝိသာခနှင်.ဓမ္မဓိန္ဒာ ဝ
၅၃။ဝိသာခနှင်.ဓမ္မဓိန္ဒာ ဝ
၅၄။ဝိသာခနှင်.ဓမ္မဓိန္ဒာ ၀၇
၅၅။မီးသတိ
၅၆။အယူနဲ.အမြင် ၀၁
၅၇။အယူနဲ.အမြင် ၀၂
၅၈။အယူနဲ.အမြင် ၀၃
၅၉။စားကြွင်င်္းစား
၆၀။ခေမာနှင်.ရဟန်းကြီး (၆၀) ၀၁
၆၁။ခေမာနှင်.ရဟန်းကြီး (၆၀) ၀၂
၆၂။အမေးရဲ.အဖြေ
၆၃။ဆေးကောင်းရင်သန်းခေါင်း ၀၁
၆၄။ဆေးကောင်းရင်သန်းခေါင်း ၀၂
၆၅။ဒယ်အိုးမရောက်စေနဲ.
၆၆။အသင်.ဖြစ်ပြီလား ၀၁
၆၇။အသင်.ဖြစ်ပြီလား ၀၂
၆၈။အသင်.ဖြစ်ပြီလား ၀၃
၆၉။သူတို.အကြိုက်
၇၀။ထိုက်တန်သူ
၇၁။ဆရာတွေ့ပြီလား
၇၂။လုပ်ချင်တာမလုပ်ကြနဲ.
၇၃။ဒွန်းစန္ဒားမဖြစ်စေနဲ. ၀၁
၇၄။ဒွန်းစန္ဒားမဖြစ်စေနဲ. ၀၂
၇၅။ပိုင်ရှင်ဘယ်သူလဲဟေ့ ၀၁
၇၆။ပိုင်ရှင်ဘယ်သူလဲဟေ့ ၀၂
၇၇။ပိုင်ရှင်ဘယ်သူလဲဟေ့ ၀၃
၇၈။ငြိမ်းအေးရာ
 
 

MP3

၁။သစ္စာ ( ၁၆) ချက် တရားတော် (၁)
၂။သစ္စာ ( ၁၆) ချက် တရားတော် (၂)
၃။သစ္စာ ( ၁၆) ချက် တရားတော် (၃)
၎။သစ္စာ ( ၁၆) ချက် တရားတော် (၄)
၅။သစ္စာ ( ၁၆) ချက် တရားတော် (၅)
၆။သစ္စာ ( ၁၆) ချက် တရားတော် (၆)
၇။သစ္စာ ( ၁၆) ချက် တရားတော် (၇)
၈။သစ္စာ ( ၁၆) ချက် တရားတော် (၈)
၉။သစ္စာ ( ၁၆) ချက် တရားတော် (၉)
၁၀။သစ္စာ ( ၁၆) ချက် တရားတော် (၁၀)
၁၁။သစ္စာ ( ၁၆) ချက် တရားတော် (၁၁)
၁၂။သစ္စာ ( ၁၆) ချက် တရားတော် (၁၂)
၁၃။သစ္စာ ( ၁၆) ချက် တရားတော် (၁၃)
၁၄။သစ္စာ ( ၁၆) ချက် တရားတော် (၁၄)
၁၅။သစ္စာ ( ၁၆) ချက် တရားတော် (၁၅)
၁၆။သစ္စာ ( ၁၆) ချက် တရားတော် (၁၆)
၁၇။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၁)
၁၈။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၂)
၁၉။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၃)
၂၀။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၄)
၂၁။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၅)
၂၂။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၆)
၂၃။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၇)
၂၄။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၈)
၂၅။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၉)
၂၆။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၁၀)
၂၇။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၁၁)
၂၈။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၁၂)
၂၉။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၁၃)
၃၀။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၁၄)
၃၁။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၁၅)
၃၂။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၁၆)
၃၃။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၁၇)
၃၄။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၁၈)
၃၅။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၁၉)
၃၆။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၂၀)
၃၇။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၂၁)
၃၈။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၂၂)
၃၉။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၂၃)
၄၀။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၂၄)
၄၁။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၂၅)
၄၂။
၄၃။
၄၄။
၄၅။
၄၆။
၄၇။
၄၈။
၄၉။
၅၀
၅၁။
၅၂။
၅၃။
၅၄။
၅၅။
၅၆။
၅၇။
၅၈။
၅၉။
၆၀။
၆၁။
၆၂။
၆၃။
၆၄။
၆၅။
၆၆။
၆၇။
၆၈။
၆၉။
၇၀။
၇၁။
၇၂။
၇၃။
၇၄။
၇၅။
၇၆။
၇၇။
၇၈။

 

 


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP