* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, July 20, 2009

*ချမ်းသာရေးတရားတော် (သို့) သိကြားမင်းမေး၍ ဘုရားရှင်ဖြေသည်…*

*ချမ်းသာရေးတရားတော် (သို့) သိကြားမင်းမေး၍ ဘုရားရှင်ဖြေသည်…*

မင်္ဂလာပါ ဓမ္မမောင်နှမတို့.. တိုက်တိုက် ဆိုင်ဆိုင်ပါပဲ.. တနေ့က (18.07.2009, SAT).. ကျွန်တော် ဓမ္မရေစင် http://www.dhammayaysin.com/ ဘလော့ ကနေ ဆရာတော် ဦးသုမင်္ဂလ ဟောတဲ့ (အောက်မှာ ဆရာတော် ဦးသုမင်္ဂလ ဟောကြားထားတဲ့ တရားတော်များကို ဖော်ပြပေးထား ပါတယ် ခင်ဗျာ။ VCD နံပါတ်-၁ တရားပါ။) *ချမ်းသာရေး တရားတော်* ကို နာကြား လိုက်ရပါတယ်.. ပါဠိလိုတော့ သက္ကပဥှသုတ် ပါ။ ဟော.. ဒီနေ့လည်း ကျကော (20.07.2007, MON) ဘုန်းဘုန်း ဦးဝိစိတ္တ http://www.venvicitta.com/ ဘလော့မှာ ဒီတရားတော်ကိုပဲ ပို့စ်အနေနဲ့ ဖတ်ခွင့် ရလိုက်ပါတယ်...။

ဓမ္မမောင်နှမတို့ ကိုလည်း ဘုန်းဘုန်း ဦးဝိစိတ္တ ရေးတဲ့ပို့စ်နဲ့ ဆရာတော် ဦးသုမင်္ဂလ ဟောတဲ့ တရားတော် တို့ကို ဖတ်ရှု နာယူနိုင်အောင် ဓမ္မဒါန ဝေမျှ လိုက်ရပါတယ် ခင်ဗျာ..။ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ရွင်လန်းကြပါစေ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++

သိကြားမင်းမေး၍ ဘုရားရှင်ဖြေသည်…



မြတ်စွာဘုရားရှင် မာဂဓတိုင်း ရာဇဂြိုဟ်ပြည်၏ အရှေ့အရပ်၊ အမ္ဗသဏ္ဍ အမည်ရှိသော ပုဏ္ဏားရွာ၏ မြောက်အရပ် ဝေဒိယကတောင် ဣန္ဒသာလ ဂူ၌ သီတင်းသုံး နေတော်မူစဉ်က ဖြစ်ပါ၏။ နတ်ပြည် ခြောက်ထပ်ကို အစိုးရတော်မူသော နတ်တို့၏အရှင် သိကြားမင်းသည် ဘုရားရှင် ထိုဣန္ဒသာလ ဂူတွင် သီတင်းသုံး နေထိုင်တော် မူသည့် သတင်းကို ကြားသိပြီး မိမိသန္တာန်၌ ဖြစ်ပေါ်လျက် ရှိသည့် သံသယများနှင့် ပတ်သက်၍ မေးမြန်း လျှောက်ထားလိုသည့် စိတ်ကူး ဖြစ်ပေါ်ခဲ့၏။ ထိုအကြံ ကြောင့်ပင် သိကြားမင်းသည် အခြံအရံ ပရိတ်သတ် များနှင့်အတူ ဘုရားရှင် ရှိတော်မူရာ အရပ်သို့ ရောက်ရှိလာပြီး ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် မိမိ သိလိုသည်များကို မေးလျှောက်လေ၏။

ထိုသို့ သိကြားမင်း မေးသဖြင့် ဘုရားရှင် ကိုယ်တိုင် ဖြေကြား ဟောတော်မူ ပေးမှုကို သုတ္တန်အမည် တစ်ခုအဖြစ် မှတ်တမ်း တင်ထားပါ၏။ ထိုသုတ္တန်၏ အမည်ကား “သက္ကပဥှ“ သုတ်တော်ပင် ဖြစ်ပါ၏။ သက္ကဟူသည် သိကြားဟု အဓိပ္ပါယ်ရပြီး ပဥှသည်ကား အမေး ပုစ္ဆာဟု အဓိပ္ပါယ်ရ၏။ ထို့ကြောင့် စာဖတ်သူများ အလွယ် နားလည်နိုင်စေရန် ဤနေရာ၌ “သိကြားမင်း မေး၍ ဘုရားရှင် ဖြေသည်“ ဟူ၍ ခေါင်းစဉ် တစ်ခုတပ်ကာ သိကြားမင်းနှင့် ဘုရားရှင်တို့၏ အမေးအဖြေ များကို မှတ်သားနာယူ ကြည်ညိုပြီး လိုက်နာ ကျင့်သုံးနိုင်ရန် အများနာလည်နိုင်မည့် စကားအသုံးများဖြင့် တစ်ဆင့်ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါသည်။

ပရိတ်သတ် အခြံအရံများဖြင့် ဘုရားရှင်ထံ ရောက်လာသည့် သိကြားမင်းသည် ဘုရားရှင်ကို ဖူးမြော်ပြီး မိမိ သိလိုသည်များနှင့် စပ်လျဉ်း၍ ဘုရားရှင်ထံမှ ခွင့်ပြုချက်ကို ရယူကာ မေးခွန်းများ စတင် မေးလျှောက် လေတော့၏။

သိကြားမင်းအမေး…
“အရှင်ဘုရား လောကရှိ လူနတ်ဗြဟ္မာ အသုရာနှင့် နဂါးဂန္ဓဗ္ဗ စသူတို့ဟာ တစ်ဦးအပေါ် တစ်ဦး ရန်ငြိုးကင်းကြစေဖို့၊ ဒဏ်ထားခြင်းကင်းကြစေဖို့၊ ရန်ကင်းကြစေဖို့၊ စိတ်ဆင်းရဲခြင်း ကင်းကြစေဖို့၊ အမျက်ထွက်ခြင်း ကင်းကြစေဖို့ စသဖြင့် လိုလား တောင့်တကြ ပါတယ်။ ဒါပေမယ့် ဒီလို လိုလားတောင့်တ ကြပေမယ့်လည်း တစ်ဦးနဲ့ တစ်ဦး ရန်ငြိုးတွေ ဖွဲ့ကြ၊ ဒဏ်ခတ်ကြ၊ ရန်ပြုကြ၊ စိတ်ဆင်းရဲအောင် လုပ်ကြ၊ အမျက်ထွက်အောင် လုပ်ကြပါတယ်။ ဒီလိုတောင်တပေမယ့် တောင့်တတိုင်း ဖြစ်မလာတာဟာ ဘယ်လို အနှောင်အဖွဲ့ကြောင့် ပါလဲဘုရား…“

မြတ်စွာဘုရားအဖြေ…
“နတ်တို့အရှင် သိကြားမင်း ပုဂ္ဂိုလ်သတ္တ၀ါ တွေဟာ တစ်ဦးနဲ့ တစ်ဦး သိကြားမင်းပြောတဲ့ ဆန္ဒများနဲ့ လိုလား တောင့်တပေမယ့် သူတို့ လိုလားတောင့်တတိုင်း ဖြစ်မလာရ တာဟာ သူတို့သန္တာန်မှာ ရှိနေကြတဲ့ ဣဿာမစ္ဆရိယ သံယောဇဉ်တွေ ကြောင့်ပဲ ဖြစ်ပါတယ်။ ဣဿဆိုတာ သူတပါးအပေါ် မနာလိုခြင်းဖြစ်ပြီး မစ္ဆရိယ ဆိုတာကတော့ မိမိမှာရှိတဲ့ အရာတွေမှာ ၀န်တိုခြင်း ဖြစ်ပါတယ်“

သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဒီဣဿာ မစ္ဆရိယတို့ရဲ့ အခြေခံ အကြောင်းတရား၊ တိုးတက်ဖြစ်ပွားရာ အကြောင်းတရား၊ ထင်ရှားဖြစ်ပေါ်ရာ အကြောင်းတရား၊ စတင်ဖြစ်ပေါ်ရာ အကြောင်းတရားဟာ ဘာကြောင့် ဖြစ်ရပြီး ဘယ်လို တရားများရှိရင် ဒီဣဿာ မစ္ဆရိယ ဖြစ်တတ်ပြီး ဘယ်လိုတရားများ မရှိပါက ဒီတရားများ မဖြစ်တတ်ပါလဲ ဘုရား…“

မြတ်စွာဘုရား…
“နတ်တို့အရှင် သိကြားမင်း ချစ်ခြင်း မုန်းခြင်းဆိုတဲ့ သဘောတရားဟာ ဒီဣဿာ မစ္ဆရိယတို့ရဲ့ အခြေခံ စတင်ဖြစ်ပေါ်ရာ ဖြစ်ပြီး ထင်ရှား တိုးတက်ရာလည်း ဖြစ်စေပါတယ်။ ဒီချစ်ခြင်း မုန်းခြင်းရှိရင် ဣဿာမစ္ဆရိယ ရှိတတ်ပြီး၊ ချစ်ခြင်းမုန်းခြင်း မရှိရင်တော့ ဣဿာ မစ္ဆရိယလည်း မရှိတတ်ပါဘူး“

သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဒီချစ်ခြင်း မုန်းခြင်းတို့ရဲ့ အခြေခံ စတင်ဖြစ်ပေါ်ရာနဲ့ ထင်ရှားတိုးတက်ရာ တို့ဟာ ဘာကြောင့် ဖြစ်ရပြီး ဘယ်လိုအရာက ဒီချစ်ခြင်း မုန်းခြင်း ဖြစ်မဖြစ်ကို ဖန်တီးပေးတယ် ဆိုတာ သိချင်ပါတယ် ဘုရား…“

မြတ်စွာဘုရား…
“သိကြားမင်း လိုချင်ခြင်း ဆန္ဒကြောင့် ဒီချစ်ခြင်း မုန်းခြင်းတို့ စတင်ဖြစ်ပေါ် တိုးတက် ပြန့်ပွားခြင်းဖြစ်ပြီး ဒီလိုချင်ခြင်း ဆန္ဒရှိရင် ချစ်ခြင်းမုန်းခြင်း ရှိတတ်ကာ လိုချင်ခြင်း ဆန္ဒ မရှိရင်တော့ ဒီချစ်ခြင်း မုန်းခြင်းလည်း မရှိတတ်ပါဘူး“

သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဒီလိုချင်ခြင်း ဆန္ဒရဲ့ အခြေခံ စတင်ဖြစ်ပေါ်ခြင်းနဲ့ တိုးတက် ထင်ရှားခြင်းတို့ဟာ ဘာကြောင့် ဖြစ်ရပြီး ဘယ်အရာက ဒီလိုချင်ခြင်း ဆန္ဒ ဖြစ်မဖြစ်ကို ဖန်တီးပေးပါလဲ ဘုရား…“

မြတ်စွာဘုရား…
“သိကြားမင်း ကြံစည်ခြင်း ၀ိတက်ကြောင့် ဒီလိုချင်ခြင်း ဆန္ဒတို့ စတင်ဖြစ်ပေါ် တိုးတက် ပြန့်ပွားခြင်းဖြစ်ပြီး ဒီကြံစည်ခြင်း ၀ိတက်ရှိရင် လိုချင်ခြင်း ဆန္ဒရှိတတ်ကာ ၀ိတက် မရှိပါက ဆန္ဒလည်း မရှိတတ်ပါဘူး…“

သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဒီကြံစည်ခြင်း ၀ိတက်ရဲ့ အခြေခံ စတင်ဖြစ်ပေါ်ရာနဲ့ တိုးတက် ထင်ရှားရာတို့ဟာ ဘာကြောင့် ဖြစ်ပေါ်ပြီး ဘယ်အရာများက ဒီကြံစည်ခြင်း ၀ိတက် ဖြစ်မဖြစ်ကို ဖန်တီးပေးပါလဲ ဘုရား…“

မြတ်စွာဘုရား…
“သိကြားမင်း သံသရာချဲ့ထွင်တတ်တဲ့ တဏှာ မာန ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရား အစုကြောင့် ဒီကြံစည်ခြင်း ၀ိတက်တို့ စတင်ဖြစ်ပေါ် တိုးတက် ပြန့်ပွားခြင်း ဖြစ်ပြီး ဒီသံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စ တရားများ ရှိရင် ၀ိတက်ရှိတတ်ကာ ပပဉ္စတရားများ မရှိပါက ကြံစည်ခြင်း ၀ိတက်လည်း မရှိတတ်ပါဘူး…“

သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဘယ်လိုအကျင့်မျိုးကို ကျင့်ကြံ အားထုတ်ရင် ဒီသံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စ တရားများ ချုပ်ငြိမ်းစေပြီး နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကို ကျင့်သည် မည်ပါလဲဘုရား…“

မြတ်စွာဘုရား…
“သိကြားမင်း ၀မ်းမြောက်ခြင်း ဟူသော သောမနဿ၊ နှလုံးမသာခြင်း ဟူသော ဒေါမနဿ၊ လျစ်လျူရှုခြင်း ဟူသော ဥပေက္ခာလို့ ခေါ်တဲ့ ခံစားခြင်း ဝေဒနာ ကမ္မဋ္ဌာန်းကို ကျင့်ကြံပွားများ အားထုတ်နိုင်ပါက ဒီသံသရာ ချဲ့ထွင်တတ်တဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ပပဉ္စ တရားများကို ချုပ်ငြိမ်းစေပြီး နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကို ကျင့်ရာ ရောက်ပါတယ်။ ဟုတ်ပါတယ်။ ၀မ်းမြောက်ခြင်း သောမနဿ မှာလည်း မှီဝဲအပ်တဲ့ သောမနဿ မမှီဝဲအပ်တဲ့ သောမနဿလို့ နှစ်မျိုးရှိပြီး ဒီသောမနဿကို အမှီပြုခြင်းကြောင့် မိမိသန္တာန်မှာ အကုသိုလ်တရား တိုးပွားပြီး ကုသိုလ်တရားများ ဆုတ်ယုတ်ပါက အဲဒီ သောမနဿကို မမှီဝဲအပ်ဘဲ၊ ဒီသောမနဿကို အမှီပြု ခြင်းကြောင့် မိမိမှာ အကုသိုလ် တရားများ ဆုတ်ယုတ်ပြီး ကုသိုလ် တရားများ တိုးပွားပါက အဲဒီ သောမနဿကို မှီဝဲအပ်ပါတယ်။ ကြံစည်ခြင်း ၀ိတက်၊ သုံးသပ်ခြင်း ၀ိစာရနှင့် တကွဖြစ်တဲ့ ဒီဝမ်းမြောက်ခြင်းမှာ ၀ိတက် ၀ိစာရမရှိတဲ့ ၀မ်းမြောက်ခြင်းက ပိုပြီးမြတ်ပါတယ်။ (ဆိုလိုသည်မှာ အကုသိုလ်တရား ဆုတ်ယုတ်ပြီး ကုသိုလ်တရား တိုးပွားစေမည့် ကြံစည် သုံးသပ်ခြင်း ကင်းသည့် နှစ်သက်ခြင်း သောမနဿ ကိုသာ သိအောင် ကြိုးစားလိုက်နာ ကျင့်သုံးရမည်ဟု ဆိုလိုပါ၏။)

ဒီလိုပဲ နှစ်လုံးမသာခြင်း ဒေါမနဿ မှာလည်း မှီဝဲအပ်တဲ့ ဒေါမနဿ၊ မမှီဝဲအပ်တဲ့ ဒေါမနဿလို့ နှစ်မျိုးရှိပြီး ဒီဒေါမနဿကို အမှီပြုခြင်းကြောင့် မိမိသန္တာန်မှာ အကုသိုလ် တရား တိုးပွားပြီး ကုသိုလ် တရားများ ဆုတ်ယုတ်ပါက အဲဒီဒေါမနဿကို မမှီဝဲအပ်ဘဲ၊ ဒီဒေါမနဿကို အမှီပြုခြင်းကြောင့် မိမိသန္တာန်မှာ အကုသိုလ် တရားများ ဆုတ်ယုတ်ပြီး ကုသိုလ် တရားများ တိုးပွားပါက အဲဒီ ဒေါမနဿကို မှီဝဲအပ်ပါတယ်။ ကြံစည်ခြင်း ၀ိတက်၊ သုံးသပ်ခြင်း ၀ိစာရနှင့် တကွဖြစ်တဲ့ ဒီနှလုံး မသာခြင်းမှာ ၀ိတက် ၀ိစာရမရှိတဲ့ နှလုံး မသာခြင်းက ပိုပြီး မြတ်ပါတယ်။ (ဆိုလိုသည်မှာ အကုသိုလ် တရား ဆုတ်ယုတ်ပြီး ကုသိုလ်တရား တိုးပွားစေမည့် ကြံစည် သုံးသပ်ခြင်း ကင်းသည့် နှလုံးမသာခြင်း ဒေါမနဿကိုသာ သိအောင် ကြိုးစားလိုက်နာ ကျင့်သုံးရ မည်ဟု ဆိုလိုပါ၏။)

လျစ်လျူရှုခြင်း ဥပေက္ခာ မှာလည်း မှီဝဲအပ်၊ မမှီဝဲအပ်တဲ့ ဥပေက္ခာလို့ နှစ်မျိုးရှိပြီး မှီဝဲသဖြင့် အကုသိုလ် တရားတိုးပွားပြီး ကုသိုလ်တရား ဆုတ်ယုတ်ပါက အဲဒီ ဥပေက္ခာကို မမှီဝဲအပ်ဘဲ မှီဝဲသဖြင့် အကုသိုလ် တရား ဆုတ်ယုတ်ပြီး ကုသိုလ် တရားတိုးပွားပါက အဲဒီ ဥပေက္ခာကို မှီဝဲ အပ်ပါတယ်။ ကြံစည်ခြင်း ၀ိတက်၊ သုံးသပ်ခြင်း ၀ိစာရနှင့် တကွဖြစ်တဲ့ ဒီလျစ်လျူ ရှုခြင်းမှာ ၀ိတက် ၀ိစာရမရှိတဲ့ လျစ်လျူရှုခြင်းက ပိုပြီးမြတ်ပါတယ်။ (ဆိုလိုသည်မှာ အကုသိုလ် တရား ဆုတ်ယုတ်ပြီး ကုသိုလ် တရား တိုးပွားစေမည့် ကြံစည် သုံးသပ်ခြင်း ကင်းသည့် လျစ်လျူရှုခြင်း ဥပေက္ခာကိုသာ သိအောင် ကြိုးစားလိုက်နာ ကျင့်သုံးရမည်ဟု ဆိုလိုပါ၏။)

သိကြားမင်း… ဆိုခဲ့ပြီးတဲ့အတိုင်း သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာဟူသော ဝေဒနာ ကမ္မဋ္ဌာန်းကို လိုက်နာကျင့်ကြံ အားထုတ်နိုင် ပါက သံသရာ ချဲ့ထွင်တတ်တဲ့ တဏှာ မာန ဒိဋ္ဌိဆိုတဲ့ တရားများ ချုပ်ငြိမ်းစေမည် ဖြစ်ပြီး နိဗ္ဗာန် ရောက်ကြောင်း အကျင့်ကို ကျင့်ရာ ရောက်စေပါတယ်“

အထက်ပါ ဖော်ပြချက်များကား သက္ကပဥှသုတ်တွင် ဟောတော် မူထားသည့် မြတ်စွာ ဘုရားရှင်နှင့် သိကြားမင်းတို့၏ အမေးအဖြေ ဆွေးနွေးခန်း တစ်စိတ်တစ်ပိုင်း ဖြစ်ပါ၏။ ထို အမေးအဖြေ များကို ကြည်ညိုကြည့် ပါက သတ္တ၀ါတို့၏ သံသရာဒုက္ခ၊ ခန္ဓာဝန် ဒုက္ခများ၏ အခြေခံ ဖြစ်ပေါ်ကြောင်းများ၊ ထိုတရားများကြောင့် ဘ၀တွင် မည်မျှ ဒုက္ခများနှင့် ကြုံတွေ့နေရ ကြောင်းများကို သိရှိနိုင်မည် ဖြစ်ပြီး ထိုဒုက္ခများချုပ်ရာ အကျင့်ကိုလည်း မှတ်သား နာယူနိုင်မည် ဖြစ်ပါ၏။ သံသရာ ချဲ့ထွင်တတ်သည့် တဏှာ မာန ဒိဋ္ဌိဟူသော ပပဉ္စ တရားများကြောင့် ကြံစည်ခြင်း ၀ိတက် ဖြစ်ပေါ်လာကြောင်း၊ ၀ိတက် ဖြစ်ခြင်းကြောင့် လိုချင်ခြင်း ဆန္ဒ ဖြစ်ပေါ်လာကြောင်း၊ ဆန္ဒ ဖြစ်ခြင်းကြောင့် ချစ်ခြင်းမုန်းခြင်း ဖြစ်ပေါ်လာကြောင်း၊ ချစ်ခြင်းမုန်းခြင်း ဖြစ်ခြင်းကြောင့် မနာလိုခြင်း ဣဿာ ၀န်တိုခြင်း မစ္ဆရိယ ဖြစ်ပေါ်လာကြောင်း ထိုဣဿာ မစ္ဆရိယကြောင့်ပင် သတ္တ၀ါတို့သည် တစ်ဦးနှင့်တစ်ဦး ရန်ငြိုးဖွဲ့ခြင်း၊ ဒဏ်ထားခြင်း၊ ရန်ပြုခြင်း၊ စိတ်ဆင်းရဲ စေခြင်း၊ အမျက်ထွက် စေခြင်းများ ဖြစ်ပေါ် လာကြခြင်း ဖြစ်သည်ကို ကောင်းစွာနားလည် သဘောပေါက်နိုင်၏။ အခြေခံကား တဏှာ မာန ဒိဋ္ဌိဟူသည့် သံသရာ ချဲ့ထွင်တတ်သည့် တရားများ ကြောင့်ပင် ဖြစ်သည်ကို ရှင်းလင်းစွာ နားလည်နိုင်ပေမည် ဖြစ်၏။ ထိုသံသရာ ချဲ့ထွင်တတ်သည့် တရားများ ချုပ်ငြိမ်းစေရန် အတွက်လည်း ဘုရားရှင် ပေးတော်မူသည့်နည်းမှာ ဝေဒနာ ကမ္မဋ္ဌာန်းကို ကျင့်ကြံပွားများ အားထုတ်စေနည်းပင် ဖြစ်၏။

ထို့ကြောင့် ဒုက္ခအပေါင်း ဖြစ်ပေါ်ခြင်း၏ အခြေခံ အကြောင်းဖြစ်သည့် တဏှာ မာန ဒိဋ္ဌိဟူသော သံသရာ ချဲ့တတ်သည့် တရားများကို ဝေဒနာ ကမ္မဋ္ဌာန်း ပွားများ အားထုတ်ခြင်းဖြင့် အလျင်အမြန် ချုပ်ငြိမ်းစေရန် အချိန်ရှိခိုက် ကြိုးစားနိုင်ကြဖို့ သိကြားမေး၍ ဘုရားရှင် ဖြေထားသည့် နည်းကိုယူကာ တစ်ဆင့်ပြန်လည် မျှဝေပေးလိုက် ရပေတော့ သတည်း။

သာဓု… သာဓု… သာဓု…

Posted by ဘုန်းဘုန်း ဦးဝိစိတ္တ at 12:59:00 PM

Labels:


++++++++++++++++++++++++++++++++++++++++++++++++


ဆရာတော် ဦးသုမင်္ဂလ
(ဒယ်အိုးဆရာတော်)
ဟောကြားတော်မူသော
တရားတော်များ


တရားတော်များ ကို Download လုပ်လိုပါက မိမိအလိုရှိသော တရားခေါင်းစဉ်ပေါ်တွင် Right Click နှိပ်၍ Save Target As ဖြင့် Download လုပ်နိုင်ပါသည်။


VCD

၁။ချမ်းသာရေးတရားတော်
၂။တန်ဘိုးတရားတော်
၃။သခင်စိတ်တရားတော်
၎။မကြောက်ကြေးတရားတော်

၅။ဝါဒနှင့်သဘာဝတရားတော် (၁)
၆။ဝါဒနှင့်သဘာဝတရားတော် (၂)
၇။ဝါဒနှင့်သဘာဝတရားတော် (၃)
၈။အခွင့်သာခိုက်ကြိုးစားလိုက်
၉။ကိုယ့်စရိတ်ကိုယ်စားတရားတော်
၁၀။ဘယ်တော့ပြီးမလဲတရားတော်
၁၁။လမ်းဆုံးအရောက်တရားတော် (၁)
၁၂။လမ်းဆုံးအရောက်တရားတော် (၂)
၁၃။လမ်းဆုံးအရောက်တရားတော် (၃)

၁၄။ဒုက္ခ (၆) မျိုး တရားတော်
၁၅။ဝမ်းဗိုက်စေတမန်တရားတော်
၁၆။မှီရာမှန်တရားတော်
၁၇။အနေမှန်မှတရားတော်
၁၈။ကိုယ့်အကြိုက်နဲ့မကိုက်ကြနဲ့
၁၉။မနှောင်းစေနဲ့တရားတော်
၂၀။နှုတ်ဆက်ကြပါစို့တရားတော်
၂၁။သေကံမရောက်သက်မပျောက်

၂၂။ထမင်းရှင်ကိုကြင်နာပါ
၂၃။အန္တရာယ်ကင်းအောင်ကွယ်
၂၄။ရန်သူ
၂၅။သတ်ပုံမှားတဲ့ည (၁)
၂၆။သတ်ပုံမှားတဲ့ည (၂)
၂၇။လျှော့မတွက်နဲ့
၂၈။တန်ဘိုးဆိုသည်မှာ
၂၉။ထိမှသိမယ်
၃၀။အမြတ်ဆုံး
၃၁။လှပါတယ်မေရယ်
၃၂။အားကိုးမလွဲပါစေနဲ့
၃၃။မျောက်ဟာမျောက်ပါပဲ
၃၄။ကျေးဇူးနဲ့တန်ဘိုး

၃၅။မှတပါးအခြားမရှိ
၃၆။ကောင်းအောင်ပြင်ကြ
၃၇။သေနည်းသင်တရားတော်
၃၈။ရင်ထဲမှာရွာတဲ့မိုး
၃၉။နောင်တမရစေနဲ့
၄၀။ဆုံးမခံထိုက်သူ
၄၁။လျှော့မတွက်နဲ့
၄၂။တန်ခိုးဆိုသည်မှာ
၄၃။ထိမှသိမည်
၄၄။အမြတ်ဆုံး
၄၅။လှတဲ့ဘဝလေး

၄၆။သူရဲကောင်း
၄၇။ပြက်စီးခြင်းနှင်.ပြည်.စုံခြင်း
၄၈။ဝိသာခနှင်.ဓမ္မဓိန္ဒာ ၀၁
၄၉။ဝိသာခနှင်.ဓမ္မဓိန္ဒာ ဝ
၅၀။ဝိသာခနှင်.ဓမ္မဓိန္ဒာ ဝ
၅၁။ဝိသာခနှင်.ဓမ္မဓိန္ဒာ ဝ
၅၂။ဝိသာခနှင်.ဓမ္မဓိန္ဒာ ဝ
၅၃။ဝိသာခနှင်.ဓမ္မဓိန္ဒာ ဝ
၅၄။ဝိသာခနှင်.ဓမ္မဓိန္ဒာ ၀၇
၅၅။မီးသတိ
၅၆။အယူနဲ.အမြင် ၀၁
၅၇။အယူနဲ.အမြင် ၀၂
၅၈။အယူနဲ.အမြင် ၀၃
၅၉။စားကြွင်င်္းစား
၆၀။ခေမာနှင်.ရဟန်းကြီး (၆၀) ၀၁
၆၁။ခေမာနှင်.ရဟန်းကြီး (၆၀) ၀၂
၆၂။အမေးရဲ.အဖြေ
၆၃။ဆေးကောင်းရင်သန်းခေါင်း ၀၁
၆၄။ဆေးကောင်းရင်သန်းခေါင်း ၀၂
၆၅။ဒယ်အိုးမရောက်စေနဲ.
၆၆။အသင်.ဖြစ်ပြီလား ၀၁
၆၇။အသင်.ဖြစ်ပြီလား ၀၂
၆၈။အသင်.ဖြစ်ပြီလား ၀၃
၆၉။သူတို.အကြိုက်
၇၀။ထိုက်တန်သူ
၇၁။ဆရာတွေ့ပြီလား
၇၂။လုပ်ချင်တာမလုပ်ကြနဲ.
၇၃။ဒွန်းစန္ဒားမဖြစ်စေနဲ. ၀၁
၇၄။ဒွန်းစန္ဒားမဖြစ်စေနဲ. ၀၂
၇၅။ပိုင်ရှင်ဘယ်သူလဲဟေ့ ၀၁
၇၆။ပိုင်ရှင်ဘယ်သူလဲဟေ့ ၀၂
၇၇။ပိုင်ရှင်ဘယ်သူလဲဟေ့ ၀၃
၇၈။ငြိမ်းအေးရာ

MP3

၁။သစ္စာ ( ၁၆) ချက် တရားတော် (၁)
၂။သစ္စာ ( ၁၆) ချက် တရားတော် (၂)
၃။သစ္စာ ( ၁၆) ချက် တရားတော် (၃)
၎။သစ္စာ ( ၁၆) ချက် တရားတော် (၄)
၅။သစ္စာ ( ၁၆) ချက် တရားတော် (၅)
၆။သစ္စာ ( ၁၆) ချက် တရားတော် (၆)
၇။သစ္စာ ( ၁၆) ချက် တရားတော် (၇)
၈။သစ္စာ ( ၁၆) ချက် တရားတော် (၈)
၉။သစ္စာ ( ၁၆) ချက် တရားတော် (၉)
၁၀။သစ္စာ ( ၁၆) ချက် တရားတော် (၁၀)
၁၁။သစ္စာ ( ၁၆) ချက် တရားတော် (၁၁)
၁၂။သစ္စာ ( ၁၆) ချက် တရားတော် (၁၂)
၁၃။သစ္စာ ( ၁၆) ချက် တရားတော် (၁၃)
၁၄။သစ္စာ ( ၁၆) ချက် တရားတော် (၁၄)
၁၅။သစ္စာ ( ၁၆) ချက် တရားတော် (၁၅)
၁၆။သစ္စာ ( ၁၆) ချက် တရားတော် (၁၆)

၁၇။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၁)
၁၈။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၂)
၁၉။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၃)
၂၀။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၄)
၂၁။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၅)
၂၂။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၆)
၂၃။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၇)
၂၄။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၈)
၂၅။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၉)
၂၆။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၁၀)
၂၇။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၁၁)
၂၈။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၁၂)
၂၉။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၁၃)
၃၀။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၁၄)
၃၁။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၁၅)
၃၂။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၁၆)
၃၃။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၁၇)
၃၄။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၁၈)
၃၅။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၁၉)
၃၆။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၂၀)
၃၇။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၂၁)
၃၈။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၂၂)
၃၉။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၂၃)
၄၀။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၂၄)
၄၁။ပဌာန်း (၂၄) ပစ္စည်း တရားတော် (၂၅)

++++++++++++++++++++++++++++++++++++++++++++++++++++++++

လေးစားရိုသေစွာဖြင့်
ဖိုးသား


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP