* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, July 15, 2009

စစ်ကိုင်းမြို့တွင်ပထမဦးဆုံးနည်းပညာဟောပြောပွဲကျင်းပ

စစ်ကိုင်းမြို့ မှာဦးဇင်း နည်းပညာဟောပြောပွဲ ပြုလုပ်ခဲ့တဲ့ အကြောင်းကတော့ စစ်ကိုင်းမြို့ ဆိုတဲ့ဒေသဟာ နည်းပညာနဲ့ ပါတ်သက်ပြီးတော့ အလွန်နောက်ကျနေတဲ့ မြို့လေးတစ်မြို့ ဖြစ်တဲ့အပြင်ဦးဇင်းတို့ သီတင်းသုံးတဲ့ စစ်ကိုင်းတောင်က သံဃာတော်များ မှာလည်း နည်းပညာတွေအလွန်လိုလားတောင့်တ နေကြပါတယ်။ အဲဒီအခက်အခဲ တွေကို ကျော်လွားဖို့အတွက် ဦးဇင်းအခုမွေးနေ့မှာ နည်းပညာ ဟောပြောပွဲတစ်ခုကို အတတ်နိုင်ဆုံး ဖြစ်အောင် ကျင်းပခဲ့ပါတယ်။ အဆိုပါ နည်းပညာဟောပြောပွဲ ဖြစ်စေရန် အဓိက ကူညီပေးခဲ့သော ဦးရဲဝင်းနောင်(Pro-Tech Computer) မှဖြစ်ပါတယ်။ အခြားနည်းပညာရှင် တွေကတော့

၁။ ဦးလှကောင်း MPCA - ဒု ဥက္ကဋ္ဌ

၂။ ဦးရဲဝင်းနောင် Pro-Tech Computer Centre

၃။ ဦးဘုန်းမြင့် Programming

၎။ ညီလင်းဆက် MPCA CE

၅။ ကိုပီကေ တို့ဖြစ်ပါတယ်။

နေ့လည် (၁၂း၃၀) မှာ စတင်ခဲ့ပြီး ညနေ (၇း၀၀) နာရီ မတိုင်ခင်မှာ အခမ်းအနားကို သိမ်းခဲ့ပါတယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP