* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, June 16, 2009

*ဘ၀စက်ဝိုင်းမှာ ခဏ half-time မရှိပါ*

*ဘ၀စက်ဝိုင်းမှာ ခဏ half-time မရှိပါ*

အိပ်လို့မ၀သေးတဲ့ငါ့မနက်ခင်းလေးမှာ

ညတုန်းကကင်းစောင့်တဲ့လမင်းနဲ့ ကြယ်လေးတွေပြန်ပြီ။

နှိုးစက်မလိုဘဲစောစီးစွာထတဲ့ ငှက်တွေက
လောကကို လှုပ်နှိုး။

ဖိုးသူရိန်ကြီးကလည်းအလုပ်ခွင်ဝင်ဖို့ ပြင်နေ။

စမ်းချောင်းလေးကလည်းမစီးဆင်းသလိုနဲ့ အမြဲစီးဆင်း။
ငါတို့နေထိုင်ရာ လောကထဲကိုအသစ်လာတဲ့ သူတွေလည်းလာနေကြ။

ငါ့ရဲ့ခန္ဓာကိုယ်ဖြစ်စဉ်ကလည်းငါ့ကိုတစ်ရက် ကြီးရင့်ခြင်းသို့ ခေါ်ဆောင်။

သံသရာခရီးကိုကြိုသွားနှင့်သူတွေကသွားကြပေါ့။
နာရီချက်တိုင်းနဲ့အတူရာသီစက်ဝိုင်းကပုံမှန်လည်ပတ်နေခဲ့ပြီ။

ဒီဖြစ်စဉ်တွေဟာတစ်နေ့ထဲမဟုတ်ဘဲနေ့တိုင်းတွေ့မြဲပေါ့။

သူတို့လည်းသူ့အလုပ်နဲ့ သူကိုယ်လည်းကိုယ့်အလုပ်နဲ့
ကိုယ်လည်ပတ်နေကြတဲ့ဘ၀ယန္တရားမှာ
အော်...ခဏ လမ်းသလားဖို့အချိန်တောင် မရှိပါလား...။ ။

ဒီနှင်းနေ (TGI)
လေးစားစွာဖြင့်ဖိုးသား

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP