* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, June 16, 2009

*နိဗၺာန္ဆိုသည္မွာ-၂*

နိဗၺာန္ဆိုသည္မွာ-၁
ကို ကျွန်တော် ဖော်ပြခဲ့ ပြီးပါပြီ…။ အခု ကျွန်တော် “နိဗ္ဗာန်ဆိုသည်မှာ-၂” အမေးအဖြေ လေးကို ထပ်မံ ဖော်ပြလိုက်ပါတယ် ဓမ္မမောင်နှမတို့…။
************************************
အမေး နိဗ္ဗာန်ချမ်းသာ (သန္တိသုခ) ကို ဆရာ ဘယ်လို ဖော်ပြမလဲ။

အဖြေနိဗ္ဗာန်မှာ ချမ်းသာ (သုခ) သုံးမျိုးကို ခံစားရတယ်။ ဒီချမ်းသာ တွေဟာ ဒုက္ခအဆုံးကို ရောက်တဲ့အခါ၊ ဒုက္ခ တရားတွေ အားလုံး ချုပ်ငြိမ်းသွားတဲ့ အခါ ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှုရဲ့ အခြေအနေ အမျိုးမျိုးပဲလို့ စဉ်းစားနိုင် ပါတယ်။ကျွန်တော်တို့ အိန္ဒိယပြည်မှာ နေတုန်းက တောင်ထိပ် တစ်ခု အပေါ်မှာ နေခဲ့ကြတယ်။ ဈေးဝယ်တဲ့ နေရာ (ဈေး)က မတ်စောက်တဲ့ တောင်ပေါ်က ဆင်းပြီး လျှောက်မယ်ဆိုရင် နာရီဝက်လောက် လျှောက်မှ ရောက်တဲ့ နေရာမှာ ရှိတယ်။ ပစ္စည်းတွေကို ကျောပေါ်ထမ်းပြီး သယ်ကြရတယ်။

အဲဒီမှာ တိဘက် အမျိုးသမီးတွေ အများကြီး ရှိတယ်။ သူတို့ဟာ သစ်ချောင်းကြီး (တိုင်ချောင်းကြီး) တွေကို တောင်ပေါ်ကို သယ်ပြီး တင်နေကြတယ်။ သူတို့ဟာ ခါးကို ကုန်းပြီး ဒီဝန်ထုပ် ၀န်ပိုးကြီး တွေကို ပင်ပင်ပန်းပန်း ထမ်းပြီး တောင်တက် ခရီးကို တက်ကြရတယ်။ စဉ်းစားကြည့်စမ်း။ ဒီ အမျိုးသမီး တွေဟာ တောင်ထိပ်ကို ရောက်တဲ့အခါ ဒီလေးလံတဲ့ ၀န်ထုပ် ၀န်ပိုးကြီး တွေကို ပစ်ချလိုက်ရလို့ ရှိရင် သူတို့ ဘယ်လို သက်တောင့် သက်သာ ခံစားရမလဲ။ ဒီဝန်ထုပ် ၀န်ပိုးက လွတ်မြောက်သွားလို့ ရတဲ့ စိတ်ချမ်းသာမှုက အလွန်ကြီးမား မှာပဲ။နိဗ္ဗာန်ချမ်းသာ ဆိုတာလည်း ဒုက္ခ၀န်ထုပ် ကြီးက လွတ်မြောက် သွားတာ ပဲလေ။ ဒါဟာ အမြင့်ဆုံး၊ အမြတ်ဆုံး ပျော်ရွှင်မှု ချမ်းသာ သုခပါပဲ။ မဂ္ဂင်တရား နှင့် ပတ်သတ်တဲ့ အချက်တွေကို ရှင်းရှင်းလင်းလင်း သိနားလည် သွားပြီ။ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆက်တိုက် ဖြစ်ပေါ်လာတဲ့ အခါကျရင် နိဗ္ဗာန်ချမ်းသာ အမျိုးမျိုးကို ဘယ်လို ဖြစ်နေတယ် ဆိုတာ ခွဲခြား သိမြင်သွား ပါတယ်။

ပထမဆုံးဖြစ်တဲ့ ၀ိပဿနာ ဉာဏ်ကြောင့် ရတဲ့ အမြင့်ဆုံး သုခ၊ အမြတ်ဆုံး ပညာ၊ အကြည်လင်ဆုံး အမြင်ကို ပထမ မဂ်ဉာဏ်လို့ ခေါ်ပါတယ်။ ဒီ မဂ်ဉာဏ်ကို ရတာနှင့် နိဗ္ဗာန်ကို တွေ့ကြုံ ခံစားလို့ ရပါတယ်။ နိဗ္ဗာန်ကို ပထမဆုံး မျက်မှောက် ပြုပါပြီ။ဒါဟာ ပထမ မဂ်ခဏမှာပဲ ဖြစ်ပါတယ်။ ဒီပထမ မဂ်ဉာဏ်ဟာ ကိလေသာကို ဖယ်ရှားတဲ့ နေရာမှာ မိုးကြိုးပစ်ခွင်းပြီး လောင်ကျွမ်း သွားစေသလို ပါပဲ။ ဒီအဆင့်မှာ ကိလေသာကို ထကြွ သောင်းကျန်းခြင်း မပြုအောင် ဖိနှိပ် ချိုးနှိမ်ထားခြင်းမျိုး မဟုတ်ပါဘူး။ သမာဓိ အဆင့်တုန်း ကတော့ ကိလေသာကို ဖိနှိပ်ထားတဲ့ အဆင့်ပဲ ရှိပါတယ်။ ခု မဂ်အဆင့် ရောက်တော့ စိတ်ထဲမှာ ရှိနေတဲ့ အစွဲအလမ်း သံယောဇဉ် တွေကို အပြီးသတ် နုတ်ပယ် ရှင်းလင်း လိုက်ပါပြီ။

ပထမ မဂ်ကို မျက်မှောက် ပြုလိုက်တာနဲ့ တစ်ပြိုင်နက် သံယောဇဉ် ဆယ်ပါးအနက် ပထမ သုံးပါး၊ ကျွန်တော်တို့ကို သံသရာမှာ ချည်နှောင်ထားတဲ့ အဲဒီ သံယောဇဉ် သုံးပါးကို ပယ်ရှင်းပြီးသား ဖြစ်သွားပါတယ်။ အဲဒီ သံယောဇဉ် သုံးမျိုးကတော့ ယုံမှားခြင်း ဆိုတဲ့ ၀ိစိကိစ္ဆာ၊ သီလဗ္ဗတ မရာမာသ ခေါ်တဲ့ လွဲမှားတဲ့ အကျင့်တွေ၊ ပူဇော် ပသမှုတွေ ပြုရင် နိဗ္ဗာန် မဂ်ဖိုလ်ကို ရနိုင်တယ် ဆိုတဲ့ သံယောဇဉ် အစွဲအလမ်း တွေနှင့် ငါ ကိုယ် ဆိုတဲ့ အတ္တစွဲ၊ ငါစွဲ၊ ဒိဋ္ဌိ၊ သက္ကာယ ဒိဋ္ဌိ၊ သံယောဇဉ် အစွဲအလမ်း တွေပဲ ဖြစ်ပါတယ်။ စိတ်အစဉ်ထဲက ဒီ သံယောဇဉ် သုံးပါးကို အပြီးအပြတ် ရှင်းလင်း သွားအောင် ဒီ ပထမ မဂ်ဉာဏ် တစ်ခုတည်းနှင့် ဖယ်ရှင်း လိုက်တာနဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုလျက် ရှိပါတော့တယ်။

ဒီလို ပထမ မဂ်ကို ဆိုက်ရောက်တာနှင့် တစ်ပြိုင်နက် ဒုတိယ အမျိုးအစား ဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာ (သန္တိသုခ) က ကပ်လိုက်လာတယ်။ ဒါကိုတော့ ဖိုလ်ဉာဏ်လို့ ခေါ်တယ်။ ဖိုလ်ဉာဏ်ကို ရောက်တာနှင့် နိဗ္ဗာန်ကို မျက်မှောက်ပြုလျက် ရှိနေပါပြီ။ ဒီလို ဖိုလ်ဉာဏ်ကို ရောက်တဲ့ အဆင့်မှာတော့ နောက်ထပ် ပယ်နုတ် ရှင်းလင်းစရာ ကိလေသာ လက်ကျန် မရှိတော့ ပါဘူး။ ဒါတွေဟာ ပထမမဂ် ခဏမှာပဲ ဖြစ်ပါတယ်။ ဖလ သမာပတ် ဆိုတာ နိဗ္ဗာန်ရဲ့ သန္တိသုခ သဘောကို တွေ့ကြုံ ခံစားရတဲ့ သဘောပါ။ စိတ္တေကဂ္ဂတာ သမာဓိ အဆင့်အထိ ခိုင်ခိုင်မာမာ ကြာကြာ ရောက်အောင် အားထုတ်ထားတဲ့ ယောဂီများဟာ အလိုရှိတဲ့ အခါ ဖလ သမာပတ် နိဗ္ဗာန် ချမ်းသာကို ခံစားလို့ ရပါတယ်။ သမာပတ် ၀င်စားလို့ ရပါတယ်။ ဒီယောဂီတွေ အနေနှင့် ငါသည် ဖလ သမာပတ်ကို နာရီဝက် ၀င်စားမယ်၊ တစ်နာရီ ၀င်စားမယ်၊ ဒါမှမဟုတ် တစ်ရက် နှစ်ရက် ၀င်စားပြီး ချမ်းသာစွာ နေမယ်လို့ အဓိဋ္ဌာန် ထားပြီး တရားထိုင်ရ ပါတယ်။တချို့ ဒီလို မဂ်ဉာဏ် ဖိုလ်ဉာဏ် ရထားတဲ့ ပုဂ္ဂိုလ်တွေဟာ တစ်ခါတစ်ရံများ ဆိုရင် နိဗ္ဗာန် ချမ်းသာဓါတ်ကို ခံစားပြီး ရက်သတ္တပတ် ခုနစ်ရက် လုံးလုံး သမာပတ် ၀င်စားနေတတ် ကြတယ်လို့ ဆိုပါတယ်။

ဒီအချိန် မှာတော့ ငြိမ်သက်ခြင်း၊ အေးမြခြင်း၊ အပူအပင် ကင်းမဲ့ခြင်းနှင့် လွတ်မြောက်ခြင်း အရသာတွေပဲ ရှိနေ ပါတော့တယ်။ ဒီနောက်တော့ ယောဂီဟာ ဖလ သမာပတ်က ပြန်ထရ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နောက်ထပ် ၀င်လာတဲ့ အနုသယ ကိလေသာတွေ ရှိနေတဲ့ အတွက် ယောဂီဟာ ၀ိပဿနာ လမ်းကြောင်းပေါ်ကို ပြန်ပြီး အားထုတ်ရ ပြန်တယ်။ ခု ကျွန်တော်တို့ ဒီမှာ အားထုတ်ကြ သလိုပဲ ၀ိပဿနာ အလုပ် ဆက်လုပ် ကြရတယ်။ ရုပ်နာမ်တွေရဲ့ ဖြစ်ပျက်ကို မြင်ပြီး ၀ိပဿနာ ဉာဏ် အဆင့်ဆင့်ကို တက်ရတယ်။ ဒီနည်းနှင့်ပဲ ဒုတိယ အရိယာမဂ် (သကဒါဂါမိမဂ်) အဆင့်ကို တက်ရတယ်။ ဒုတိယ အရိယာမဂ်ကို ဆိုက်ရောက်တဲ့ အခါ နောက်ထပ် ကျန်နေတဲ့ အနုသယ ကိလေသာ တွေကို ပယ်ရှင်းရတယ်။ ဒီလိုပဲ ကြွင်းကျန်နေတဲ့ အနုသယ ကိလေသာတွေကို ရှင်းဖယ်ပြီး တတိယ မဂ်ဉာဏ်၊ စတုတ္ထ မဂ်ဉာဏ်ထိ ရောက်အောင် တက်ကြရတယ်။

ဒီလို ဉာဏ် အဆင့်ဆင့်နှင့် သံသရာမှာ ကျင်လည်စေတဲ့ သံယောဇဉ် ဆယ်ပါးကို ဖယ်ရှားသွား ရတယ်။ရုပ်နာမ် နှစ်ပါး ဇာတ်သိမ်း ချုပ်ငြိမ်းသွားတာကို ပရိနိဗ္ဗာန်လို့ ခေါ်ပါတယ်။ အရဟတ္တ မဂ်ဖိုလ်ကို ရပြီး ရောက်ပြီးသော ပုဂ္ဂိုလ်၏ စုတိခြင်း အဆင့် ဖြစ်ပါတယ်။ နောက်ထပ် ဇာတိ ပဋိသန္ဓေ မရှိတော့ဘူး။ ကိလေသာမီး တောက်လောင်စရာ လောင်စာ မရှိတော့ဘူး။ နောက်ထပ် ပဋိသန္ဓေ ဖြစ်ဖို့ တွန်းအားလည်း မရှိတော့ဘူး။ ဘာနှင့် အလားသဏ္ဍာန် တူသလဲ ဆိုတော့ ဟုန်းဟုန်း တောက်လောင် နေတဲ့ မီးပုံကြီး ငြိမ်းသွား သလိုပါပဲ။ မီးကြီး ငြိမ်းသွားတာ၊ တောက်လောင် နေမှုကြီး ပြီးဆုံးသွား တာပဲ။

စင်စစ်တော့ ငြိမ်းချမ်းသွား တာပဲ။ အေးမြသွား တာပါပဲ။တစ်ခါတစ်ရံမှာ လူတွေ စိတ်မှာ ရုပ်ရှင်ကား တစ်ကားကို သဘောကျ နှစ်ခြိုက်နေပြီ ဆိုရင် ဇာတ်ကား မြန်မြန် ပြီးသွားမှာကို စိုးရိမ် နေမိတယ်။ နောက်ထပ် တစ်ခါ ဆက်ကြည့်ချင်နေ တတ်ပါတယ်။ နောက်ထပ် တစ်ခါ ကာမဂုဏ် ချမ်းသာကို ခံစားချင်တဲ့ သဘော ရှိပါတယ်။ နတ်ပြည်မှာ ကြာကြာ နေချင်တဲ့ သဘောလည်း ရှိတတ် ပါတယ်။ ခင်ဗျားတို့ အနေနှင့် အမြင့်ဆုံး အမြတ်ဆုံး ချမ်းသာ သုခကို ရည်မှန်းပြီး အားထုတ်ရင် အခြားသော မြင့်မားတဲ့ ချမ်းသာတွေဟာ ရရောက် လာတော့ တာပါပဲ။
+++++++++++++++++++++++++++++++++++


ဆရာ ဦးဆန်းလွင်နှင့် ဆရာ ဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ် ပါတယ် ခင်ဗျာ…။

လေးစားစွာဖြင့်ဖိုးသား

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP