ကိုတိုးဝင်း ၏ ကောင်းမှူ
ကိုတိုးဝင်း ၏ ကောင်းမှူ
Jun 16, '09 4:18 AMfor everyone
ဦးဇင်း စစ်ကိုင်းသင်တန်း မန္တလေးသင်တန်းတွေနဲ့ အလုပ်တွေများပြီး အခက်အခဲတွေ ဖြစ်နေချိန် မှာ ဦးဇင်းရဲ့ ကုဋီအတွက်အလှူရှင်များ ဆိုတဲ့ပိုစ့်ကို တင်ခဲ့ပါတယ်။
အဲဒီမှာ ကွန်မန်း လာပေးသွားတဲ့ ဒါယကာတိုးဝင်းမှ ဦးဇင်းသင်တန်းအတွက်ငွေ ၂ သိန်းကျပ် တိတိအား ရိုးမဘဏ်မှတဆင့် လှူဒါန်းသွားခဲ့ပါတယ်။ ဦးဇင်းမန္တလေး သင်တန်းအတွက်အလွန်ပဲဝ မ်းသာခဲ့ရပါတယ်.။ ဘာဖြစ်လို့လဲဆိုတော့ မန္တလေးသင်တန်းမှာ သင်သာသင်နေရတယ်။ မီးကတစ်ရက်မှမလာဘူး။
ဦးဇင်းဆီအတွက် တော်တော်လေး စိတ်မောခဲ့ရတယ်။ မန္တလေးရောက်လို့ ၃၅ လမ်းရောက်ပြီ ဆိုတာနဲ့ ရင်တွေ တော်တော်ခုန် ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီးစက်သံကတဒုတ်ဒုတ်နဲ့ လေ..။ ဒါပေမဲ့ ဦးဇင်းသင်တန်းထဲဝင်သွားတော့ နေပူထဲက နေလာရတာဆိုတော့ အေးသွားတယ် အဲယားကွန်းလေးဖွင့်ထားတာကိုး…။
သံဃာတော်တွေ ကီးဘုတ်လေးတွေရိုက်နေတဲ့အသံ လေးတွေကြားတော့ စိတ်ထဲမှာကြည်နူးရပြန်ပါတယ်..။ သံဃာတော်တွေအအေးခန်းထဲမှာ မျက်စိမထိခိုက်တဲ့ မော်နီတာလေးတွေနဲ့ အဆင့်မြင့်မြင့်စက်တွေနဲ့ အင်တာနက်ပါ အခမဲ့ သင်ယူခွင့်ရတာကိုတွေးကြည့်ရင် ဦးဇင်းကိုယ်တိုင်တောင် အဲလောက်ဝမ်းသာရတာ အဲဒါ ကိုလှူဒါန်းခွင့်ရတဲ့ ဒါယကာတိုးဝင်းလည်း ၀မ်းမြောက်ဝမ်းသာ သာဓု ခေါ်ဆိုနိုင်ပါစေ..လို့ဆုတောင်းရင်း ဒီပိုစ့်လေးကိုနိဂုံးချုပ်လိုက်ပါတယ်..။

0 comments:
Post a Comment