* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, June 14, 2009

နေ့စဉ်မပြတ်ဆင်ခြင်အပ်ဖွယ်

မြတ်စွာဘုရားရှင်ကသေခြင်းတရားကိုမပြတ်ဆင်ခြင်နိုင်ရန်အတွက်-
ငါသည်အိုခြင်းသဘောရှိသည်။အိုခြင်းသဘောကိုမလွန်မြောက်နိုင်၊ဤသို့နေ့ညဉ့်မပြတ်ဆင်ခြင်အပ်၏။
ငါသည်နာခြင်းသဘောရှိသည်။နာခြင်းသဘောကိုမလွန်မြောက်နိုင်။ဤသို့နေ့စဉ်မပြတ်ဆင်ခြင်အပ်၏။
ငါသည်သေခြင်းသဘောရှိသည်။သေခြင်းသဘောကိုမလွန်မြောက်နိုင်။ဤသို့နေ့ညဉ့်မပြတ်ဆင်ခြင်အပ်၏။
ငါ့အားခပ်သိမ်းသောချစ်ခင်နှစ်သက်အပ်ကုန်သောနှလုံးကိုပွားစေတတ်သောဆွေမျိုးခင်ပွန်းတို့နှင့်အရပ်တစ်
ပါးသို့ပြောင်းရွေ့သွားသဖြင့်ရှင်ကွဲကွဲခြင်းသည်လည်းကောင်း၊ဘ၀တစ်ပါးသို့ပြောင်းသွားသဖြင့်သေကွဲကွဲခြင်း
သည်လည်းကောင်းဖြစ်တတ်ချေ၏။ဤသို့နေ့စဉ်မပြတ်ဆင်ခြင်အပ်၏။
ငါသည်ကံသာလျှင်ဥစ္စာရှိသည်။ကံသာလျှင်အမွေခံရှိသည်။ကံသာလျှင်အကြောင်းရင်းရှိသည်။
ကံသာလျှင်အဆွေအမျိုးရှိသည်။ကံသာလျှင်ကိုးကွယ်လဲလျောင်းရာရှိသည်။
ကောင်းသည်လည်းဖြစ်သော၊မကောင်းသည်လည်းဖြစ်သောအကြင်ကံကိုပြုသည်ဖြစ်ငြားအံ့၊ထိုကောင်းမှု၊
မကောင်းမှုကံ၏ကောင်းမွေဆိုးမွေသည်ဖြစ်ရအံ့။ဤသို့နေ့စဉ်မပြတ်ဆင်ခြင်အပ်၏။
ဤငါးပါးသောအကြောင်းတရားတို့ကိုမိန်းမသည်လည်းကောင်း၊ယောက်ျားသည်လည်းကောင်း၊
လူသည်လည်းကောင်း၊ရဟန်းသည်လည်းကောင်းနေ့စဉ်မပြတ်ဆင်ခြင်အပ်၏ ဟု
“အဘိဏှသုတ်” တွင်ဟောကြားတော်မူခဲ့ပါသည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP