* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, June 14, 2009

ပဋ္ဌာန်းနှင့် ဝိပဿနာ

ပဋ္ဌာန်းနှင့် ဝိပဿနာသဒ္ဓမ္မရံသီဆရာတော် အရှင်ကုဏ္ဍလာဘိဝံသ ဟောကြား၊ ရေးသားခဲ့တဲ့ ပဋ္ဌာန်း နှင့် ဝိပဿနာအကြောင်းကို အခန်းဆက် ဆောင်းပါးရှည် အနေနဲ့ မျှဝေသွားချင်လို့ပါ။

မြတ်ဗုဒ္ဓ၏ ခက်ခဲနက်နဲ ကျယ်ဝန်းလှသည့် ပဋ္ဌာန်းဒေသနာတော်ကို အဓိပ္ပါယ်ဖွင့်ဆို၍သော်လည်းကောင်း၊ တရားသဘော ကောက်နှုတ်၍သော်လည်းကောင်း နည်းမျိုးစုံဖြင့် အစဉ်အဆက် ဟောကြားရေးသားခဲ့ကြပြီး ဖြစ်ပါသော်လည်း ... သဒ္ဓမ္မရံသီဆရာတော်ကြီး အရှင်ကုဏ္ဍလာဘိဝံသ၏ ပဋ္ဌာန်းဒေသနာ နှင့် ဝိပဿနာတရားကို ယှဉ်တွဲဆက်စပ်၍ ဟောကြားရေးသားခြင်းသည် အဦးအစ ပထမ ဖြစ်လိမ့်မယ်ထင်ပါတယ်။

ဆရာတော်ဟောကြားခဲ့တာကို အနည်းငယ် ပြန်ချုပ်၍ တရားကိုယ်များကို အဓိကထား ပြန်တင်ပြပါမယ်။ ပဋ္ဌာန်းပါရဂူတော့ မဟုတ်ပါဘူး။ အဘိဓမ္မာကို စတင်သင်ကြားကတည်းက ပဋ္ဌာန်းကို တတ်နိုင်သလောက် ဆရာတော်များနှင့် လူပုဂ္ဂိုလ်များ ထံမှာ လေ့လာဖြစ်ခဲ့ပါတယ်။ဤဆောင်းပါးဖြစ် သဒ္ဓမ္မရံသီဆရာတော်ကြီး အရှင်ကုဏ္ဍလာဘိဝံသအားလည်းကောင်း၊ ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် စာချဆရာတော် အရှင်တေဇနိယအားလည်းကောင်း၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်မှ အရှင်ပဏ္ဍိတအားလည်းကောင်း၊ အရှင်ဝါယမအာလည်းကောင်း၊ အရှင်ဇောတိကအားလည်းကောင်း၊ ဆူးလေအဘိဓမ္မာအသင်းမှ ဆရာကြီး၊ ဆရာမကြီးများအားလည်းကောင်း၊ ဓမ္မဗျူဟာမှ ဆရာမကြီးဒေါ်ခင်လှတင်နှင့် ဆရာ၊ ဆရာမများအားလည်းကောင်း၊ မင်္ဂလာဗျူဟာမှ ဆရာ၊ဆရာမများအားလည်းကောင်း၊ ရှင်သာမဏေမှ ဆရာ၊ ဆရာမများအားလည်းကောင်း၊ ဒေါက်တာဦးမင်းတင်မွန်အားလည်းကောင်း၊ အခြားသင်စရာ၊ မြင်ဆရာ၊ ကြားဆရာများအားလည်းကောင်း ရှေးဦးစွာ ဂါရဝပြုပါတယ်။
ပဋ္ဌာန်းသုတေသီများအတွက်လည်း တစုံတရာ အကျိုးများလိမ့်မယ်လို့ ယူဆပါတယ်။တစုံတရာ အမှားများပါရှိက ကျနော၏ တာဝန်ဖြစ်ပါတယ်။

Email ဖြင့်သွန်သင်ဆုံးမနိုင်ပါတယ်ခင်ဗျာ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP