* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, June 17, 2009

ပဋ္ဌာန်းသင်ကြားခဲ့စဉ် မှတ်သားဖွယ်ရာ

ညောင်တုန်းကျောင်းတိုက်မှာ ဆရာတော် အရှင်တေဇနိယမှ ပဋ္ဌာန်းကျမ်းကို ပို့ချရာမှာတော့
(၁) ပဥှာဝါရ (သုဒ္ဓသင်္ချာ၊ ပါဠိ၊ အရကောက်၊ သင်္ဂဟ ရှု၍ ပို့ချပါတယ်။)
(၂) ပစ္စယနိဒ္ဒေသ (ပဥှာဝါရ သုဒ္ဓသင်္ချာနှင့် အရကောက် ရှု၍ ပို့ချပါတယ်။)
(၃) ဆဝါရ (ပဥှာဝါရနှင့် တွဲဖက်၍) လမ်းညွှန်ချက်အတိုင်း ပို့ချပါတယ်။

အဲဒီလို ပို့ချရာမှာ ပဥှာဝါရ ပို့ချတဲ့အခါ ...
- ပဥှာဝါရ မျိုးစဉ် လင်္ကာပါအတိုင်း မျိုးအလိုက် ပစ္စည်းနှင့် သုဒ္ဓသင်္ချာကို ကြေညက်စေပါတယ်။
- သဟငယ်၊ သဟလတ်၊ သဟကြီး ပစ္စည်းများခွဲခြား၍ သဟငယ် သုဒ္ဓသင်္ချာရပြီးတဲ့အခါ သဟငယ် သုဒ္ဓသင်္ချာမှ ပါဠိထွက်ပုံကို သိစေပြီး ပါဠိတော်သက်သက် ဇယားဖြင့် ဟောပြီး ပို့ချပါတယ်။
- အဲဒီနောက်မှာ ကရိုဏ်းအရ ပစ္စည်းပြိုင်နည်းကို နားလည်ပြီးမှ အရကောက်စေပါတယ်။ (ပစ္စည်းပြိုင်နားမလည်မီ အရမကောက်ရပါ။)
- သဟကြီးသုဒ္ဓသင်္ချာမှ ပါဠိထုတ်၍ ထိုပါဠိတော်ဇယားဖြင့်ပင် အရကောက်စေပါတယ်။
သဟလတ် လေးပါးပစ္စည်းအတွက် သဟကြီးသုဒ္ဓသင်္ချာထဲမှ ထုတ်ယူ၍ ပါဠိတော်ဟောပြီး အရကောက်ပါတယ်။
- သဟမျိုး ဝိဘင်္ဂပြီးသည်နှင့် ပဥှာဝါရ သင်္ချာခန်း သဘာဂ ဃဋနာတို့ကို တဆက်တည်း လေ့လာစေပါတယ်။
- ကျန်မျိုးများ၌လည်း ဆိုင်ရာမျိုးအလိုက် သင်္ဂဟ သုဒ္ဓသင်္ချာ ပါဠိ အရကောက်တို့ကို ရှု၍ လေ့လာစေပါတယ်။
- အဲဒီလို ပဥှာဝါရ၊ ပစ္စယနိဒ္ဒေသ၊ ဆဝါရ အစဉ်တို့ကို မျိုးစဉ်အားဖြင့် လေ့လာစေပြီးတဲ့အခါ ဟေတုစသော ပစ္စည်းတစ်ခုချင်းကို ပဥှာဝါရ၊ ပစ္စယနိဒ္ဒေသ၊ ဆဝါရအားဖြင့် လေ့လာစေပါတယ်။

၂၄-ပစ္စည်းကို မျိုး (၉)မျိုးဖြင့် ခွဲဝေပုံ
ဆောင် - ဆယ့်ငါးသဟာ၊ ရှစ်ဝအာနှင့်၊ ခုနှစ်ဖြာနန်၊ နှစ်တန်ပကတူ၊ ခြောက်မူဝတ္ထု၊ လေးခုပစ္ဆာ၊ သုံးဖြာဟာရော၊ တယော ဣံ ကမ်၊ မိဿသုံးတန်၊ ဆောင်ရန်မျိုးစဉ် အာဂုံတည်း။

ခေါင်းဆောင် (၈) ပစ္စည်း
ဆောင် - အာ.သ.ဥ.ရေ၊ စ္ဆာ.ကမ္မေ၊ ဟာရေ ဣန္ဒြိ၊ ရှစ်ပါးသိ။
မှတ်ချက် - အနန္တရမျိုးနှင့် ပကတူပမျိုးတို့၏ ခေါင်းဆောင်မှာ ဥပနိဿယသာ။

သဟမျိုး (၁၅) ပစ္စည်း
ဆောင် - ဟေ. ဓိ. သဟံ၊ အဉ်. နိ. ကမ်၊ ဝိပံ. ဟာ. ဣံ. ဈာန်။
မဂ်. သမ်. ဝိပ်. အတ်၊ အဝိမှတ်၊ သဟတ်ဆယ့်ငါးတန်။ (မျိုးစဉ်၊ ပစ္စည်းစဉ် ကြေညက်ရပါတယ်။)

သဟကြီး (၄) ပစ္စည်းဟူသည်ကား - သဟဇာတ၊ နိဿယ၊ အတ္ထိ၊ အဝိဂတ။
သဟလတ် (၄) ပစ္စည်းဟူသည်ကား - အညမည၊ ဝိပါက၊ သမ္ပယုတ္တ၊ ဝိပ္ပယုတ္တ။
သဟငယ် (၇) ပစ္စည်းဟူသည်ကား - ဟေတု၊ အဓိပတိ၊ ကမ္မ၊ အာဟာရ၊ ဣန္ဒြိယ၊ ဈာန၊ မဂ္ဂ။
ဆောင် - ဟေ. အဓိ. ကမ်၊ ဟာ. ဣန်. ဈာန်၊ မဂ္ဂံ သဟငယ်။
(တရားကိုယ် နည်းများလိုက်၍ သဟငယ်၊ သဟလတ်၊ သဟကြီး ဟုခေါ်ပါတယ်။)

မျိုးအားလျှော်စွာ ပဋ္ဌာန်းပစ္စည်းများကို ကြေညက်စွာ လေ့လာခြင်း၊ သုဒ္ဓသင်္ချာကို ကြေညက်စွာ လေ့လာထားခြင်းဖြင့် အရကောက်၊ ပစ္စည်းပြိုင်၊ ဃဋနာ၊ သဘာဂများလေ့လာရာ၌ လွန်စွာလွယ်ကူပါတယ်။
(သင်္ဂဟ - ပစ္စည်းပိုင်း ကြေညက်ကလည်း ပဋ္ဌာန်းသိမြင်လွယ်ပါတယ်။)

သုဒ္ဓသင်္ချာအားလုံးကို ဆရာတော်မှ သင်တန်းတက်စဉ်ကာလမှာ နေ့စဉ်ပြန်ဆိုထားခိုင်းပါတယ်။ သင်္ဂဟပစ္စည်းပိုင်းရှိ သူ့ပစ္စည်းအလိုက် ဖော်ပြထားသော သင်္ဂဟပါဠိတော်အနက်နှင့် သုဒ္ဓသင်္ချာတို့ကို အမြဲယှဉ်ကြည့်စေပါတယ်။ အမြင်ကျယ်မှုကို ဖြစ်စေဘို့ပါ။

သရုပ်ကြွေမွ၊ ဆိုရိုးရ၊ ကြံဆမှန်မှန်ရွတ်၊ ပဋ္ဌာန်းတတ်ရန်၊ ဤလေးတန်၊ ဧကန်မှန်မချွတ်။ .. ဟူသည်နှင့် အညီ..
သရုပ်ခွဲ၍ ဆိုရိုးရစေပြီး ကြံဆကာနေ့စဉ် မှန်မှန်ရွတ်ကြပါရန် အထူးတိုက်တွန်းထားပါတယ်။ ညဝါသဘောမှာ မှန်မှန်ရွတ် မှန်မှန်ကြံ ဧကန်တတ်ပါသည်။ မည်မျှပင် သဘောပေါက်စေကာမူ မရွတ်ပါက ယောင်ဝါးဝါးဖြစ်မှာ ဧကန်ဖြစ်ပါတယ်။

မှတ်ချက်။ ။ ပဋ္ဌာန်းကျမ်းကြီးများ လေ့လာဖူးပြီးသား သုတေသီများအား ရည်ရွယ်၍ တင်ပြပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP