* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, June 17, 2009

ပဋ္ဌာန်းရဲ့အဓိပ္ပါယ် အတိုချုပ်

ပဋ္ဌာန်းရဲ့အဓိပ္ပါယ် အတိုချုပ်

ပဋ္ဌာန်းဆိုတဲ့စကားဟာ မြန်မာဝေါဟာရ စကားဖြစ်ပါတယ်။ ပဋ္ဌာနဆိုတဲ့ ပါဠိတော်က ဆင်းသက်လာတဲ့ စကားဖြစ်တယ်။ပဋ္ဌာန၌ ပ-က တစ်ပုဒ်၊ ဋ္ဌာန-က တစ်ပုဒ်။ပ-က အထူးထူး အပြားပြား၊ဋ္ဌာန-က အကြောင်းပစ္စည်းတရား။အထူးထူး အပြားပြား များပြားသော အကြောင်းပစ္စည်းတရားကို ဟောကြားရာ၊ ဋ္ဌာန-ကျမ်းကို ပဋ္ဌာန်းကျမ်းလို့ ဆိုရပါတယ်။ကုသိုလ်အစရှိသောတရားတို့ကို ဟေတု-ပစ္စည်း အစရှိသည်တို့၏ အစွမ်းဖြင့် ဝေဖန်ရာဖြစ်သောကြောင့် ပဋ္ဌာန်း မည်ပါတယ်။

ဟေတုပစ္စည်းစသည်ပြားကုန်သော ကုသိုလ်စသောတရားတို့၌ ချဲ့ဘို့ရာနည်းကို ရခြင်းကြောင့် ငြိစွန်းခြင်းမရှိ သဗ္ဗုညုတဉာဏ်၏ တည်ရာဖြစ်သောကြောင့် ပဋ္ဌာန်း မည်ပါတယ်။
(ပဋ္ဌာန်း + ဋ္ဌ - ၃၄၃) (အရကောက် - ၆၂၃)အကြောင်းတရားတွေကိုသာ ဟောကြားတာလာဆိုတော့ ဒီလိုတော့မဟုတ်ပါဘူး။ အကျိုးတရားတွေ များစွာဖြစ်ပေါ်ပုံကိုလည်း ဟောကြားတော်မူပါတယ်။ အကြောင်းပစ္စည်းတရားအမျိုးမျိုးကြောင့် အကျိုးပစ္စယုပ္ပန်တရား အမျိုးမျိုးတို့ ဖြစ်ပုံကို ဟောကြားတော်မူပါတယ်။

အကြောင်းအမျိုးမျိုးနှင့် အကျိုးအမျိုးမျိုးတို့ကို ဆက်စပ်၍ ဟောကြားတဲ့ ဒေသနာတော် ဖြစ်တယ်လို့ ဆိုလိုပါတယ်။ဆောင်ပုဒ်။ ။ ကြောင်းကျိုးများစွာ၊ ဆက်စပ်ကာ၊ ဟောတာပဋ္ဌာန်းမည်။ကြောင်းကျိုးများစွာဆိုသည်မှာ ရုပ်အကြောင်းကြောင့် နာမ်အကျိုးတရားတွေဖြစ်ပုံ၊ နာမ်အကြောင်းကြောင့် ရုပ် နာမ်အကျိုးတရားတွေ ဖြစ်ပုံအမျိုးမျိုးတို့ကို ဆက်စပ်ကာ ဟောကြားတော်မူသော ဒေသနာဖြစ်သောကြောင့် ပဋ္ဌာန်းကျမ်းဟု ဆိုရပါတယ်။ရုပ်တရားတွေထက် နာမ်တရားတွေက ပိုပြီးသိမ်မွေ့ပါတယ်။ လျင်မြန်ပါတယ်။ ရုပ်သက်တစ်ချက်ကို နာမ်သက်က တစ်ဆယ့်ခုနှစ်ချက် ဖြစ်ပြီးတော့ ပျက်သွားပါတယ်။ လက်ဖျစ်တစ်တွက်အတွင်း၊ လျှပ်တစ်ပြက်အတွင်း၊ တစ်စက္ကန့်အတွင်းမှာ ကုဋေတစ်သိန်းဖြစ်ပြီး ချုပ်ပျက်သွားပါတယ်။

မြတ်ဗုဒ္ဓ မြင်ခဲ့တာ နှစ်ပေါင်း ၂၅၀၀ကျော်သွားပါပြီး။ အဲဒီလို ကြောင်းကျိုးဆက်သွယ်ပုံတွေကို ပြည့်ပြည့်စုံစုံ နည်းကျကျ သိချင်ပါတယ်ဆိုရင် ပဋ္ဌာန်းဒေသနာတော်ကို လေ့လာသင့်ပါတယ်။ကျမ်းကြီးအနေအားဖြင့် ၄-မျိုးရှိပါတယ်။ အကျဉ်းအားဖြင့်တော့ ၂၄ ကျမ်းရှိပါတယ်။
၁။ ဓမ္မအနုလုံ ပဋ္ဌာန်း
၂။ ဓမ္မပစ္စနိက် ပဋ္ဌာန်း
၃။ ဓမ္မအနုလောမပစ္စနိက် ပဋ္ဌာန်း
၎။ ဓမ္မပစ္စနိယာနုလောမ ပဋ္ဌာန်း ဟူ၍ ၄-မျိုးရှိပါတယ်။
ဓမ္မအနုလုံ၌ -တိကပဋ္ဌာန်း၊ ဒုကပဋ္ဌာန်း၊ ဒုကတိကပဋ္ဌာန်း၊ တိကဒုကပဋ္ဌာန်း၊ တိက တိကပဋ္ဌာန်း၊ ဒုကဒုက ပဋ္ဌာန်းအားဖြင့် ၆-ကျမ်းရှိပါတယ်။
ထို့အတူ ဓမ္မပစ္စနိက်၌ ၆-ကျမ်း၊ဓမ္မအနုလောမပစ္စနိက်၌ ၆-ကျမ်း၊ဓမ္မပစ္စနိယာနုလောမ၌ ၆-ကျမ်းအားဖြင့် ပဋ္ဌာန်း ၂၄-ကျမ်းရှိပါတယ်။ဆောင်ပုဒ်။ ။ တိကဒုက၊ ဒုတိက၊ တိကဒုကထား။ တိကတိက၊ ဒုဒုက၊ ခြောက်ဝပဋ္ဌာန်းများ။
ပဋ္ဌာန်းမှာ နက်နဲခြင်း ၄-မျိုးရှိပါတယ်။ နက်နဲခြင်း ဂမ္ဘီရ ၄-ပါးလို့ခေါ်ပါတယ်။
၁။ အတ္ထဂမ္ဘီရ - အဝိဇ္ဇာ စသောအကြောင်းကြောင့် သင်္ခါရစသော အကျိုးဖြစ်ခြင်းသဘောကို ထိုးထွင်း၍ သိမြင်နိုင်မှု ခက်ခဲခြင်း။
၂။ ဓမ္မဂမ္ဘီရ - အဝိဇ္ဇာ စသည်က သင်္ခါရ စသည်အား ကျေးဇူးပြုခြင်း အကြောင်းသဘောကို ထိုးထွင်း၍ သိမြင်နိုင်မှု ခက်ခဲခြင်း။
၃။ ဒေသနာဂမ္ဘီရ - စမှဆုံး-လယ်မှဆုံး-ဆုံးမှလယ်-ဆုံးမှစ ဟုအနုလုံ၊ ပဋိလုံအားဖြင့် ဟောတော်မူသော ဒေသနာကို ထိုးထွင်း၍ သိမြင်နိုင်မှု ခက်ခဲခြင်း။
၎။ ပဋိဝေဓဂမ္ဘီရ - အဝိဇ္ဇာစသော တရားတို့၏ သဘော၊ လက္ခဏကို ပဋိဝေဓဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်နိုင်မှု ခက်ခဲခြင်း။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP