* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, June 11, 2009

မဂ္တု(၁၀)ပါး

တရားအားထုတ်သောယောဂီတို့မှာဥာဏ်ကြည်လင်သောအခါသဒ္ဓမ္မပ္ပတရူကလို့ခေါ်တဲ့တရားအတုတွေ(မဂ်အတုတွေ)၀င်လာတတ်ပါသည်။ မဂ်အတု(၁၀)ပါးရှိပါသည်။မဂ်အတု(၁၀)ပါးမှာ-

၁။သြဘာသ=အလင်းရောင်
၂။ဥာဏ=ဥာဏ်ထက်မြက်ခြင်း
၃။ပီတိ=၀မ်းသာမှုလွန်ကဲလာခြင်း
၎။ပဿဒ္ဓိ=ကိုယ်စိတ်ငြိမ်းအေးနေခြင်း
၅။သုခ=တစ်ကိုယ်လုံးချမ်းသာမှုစိမ့်နေခြင်း
၆။အဓိမောက္ခ=လွန်ကဲသောယုံကြည်မှုသဒ္ဓါဖြစ်ခြင်း
၇။ပဂ္ဂဟ=လုံ့လ၀ီရိယဇွဲထက်သန်နေခြင်း
၈။ဥပဋ္ဌာန=စွဲမြဲသောသတိကောင်းနေခြင်း
၉။ဥပေက္ခာ=၀ိပဿနုပေက္ခာနှင့်အာဝဇ္ဇနုပေက္ခာတို့ဖြစ်ခြင်း
၁၀။နိကန္တိ=ရှေ့ပိုင်းကိုးမျိုးကိုနှစ်သက်တွယ်တာခြင်း

ဝိပဿနာအားထုတ်၍ဥာဏ်ကြည်လင်လာသောအခါအထက်ဖော်ပြပါမဂ်တု(၁၀)ပါးမှတစ်မျိုးသော်လည်းကောင်း၊နှစ်မျိုးသော်လည်းကောင်း ၀င်လာတတ်ပါသည်။

ထိုအခါဝိပဿနာမကျွမ်းကျင်သောသူတို့ကမဂ်ရပြီဟုထင်တတ်ပြီးရှေ့ဆက်ပြီးအားမထုတ်ကြတော့ပါ။ ဖော်ပြပါ မဂ်တု(၁၀)ပါးကို

“၀ိပဿနုပက္ကိလေသာ=ဝိပဿနာညစ်ညူးကြောင်းတရားများ” ဟုအများကခေါ်ကြသော်လည်းကျေးဇူးတော်ရှင်မိုးကုတ်ဆရာ တော်ဘုရားကြီးကတော့“မဂ်တု(၁၀)ပါးဟူ၍ကင်ပွန်းတပ်ခဲ့ပါသည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP