* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, June 6, 2009

ကောင်းသည်၊ ကောင်းသောအမှု...


ဘဒ္ဒကသုတ် - (ကောင်းသည်၊ ကောင်းသောအမှု)

ထိုအခါ၌ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို ''ငါ့သျှင် ရဟန်းတို့'' ဟု ခေါ်တော် မူ၏၊ ''အသျှင်ဘုရား' 'ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်ကြား လျှောက်ထား ကုန်၏၊ အသျှင် သာရိပုတြာသည် ဤစကားကို မိန့်ဆို၏ -

ငါ့သျှင်တို့ အကြင်အကြင် အခြင်းအရာအားဖြင့် နေခြင်းကို ပြုသော ရဟန်းအား ကောင်းသော သေခြင်း, ကောင်းသော ကွယ်လွန်ခြင်းသည် မဖြစ်နိုင်၊ ထိုထိုသော အခြင်းအရာအားဖြင့် ရဟန်းသည် နေခြင်းကို ပြု၏။

ငါ့သျှင်တို့ အဘယ်သို့လျှင် ရဟန်းသည် ကောင်းသော သေခြင်း, ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်သော အခြင်းအရာအားဖြင့် နေခြင်းကို ပြုသနည်း။

၁...
ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အမှု၌ မွေ့လျော်၏၊ အမှု၌ ပျော် ပိုက်၏၊ အမှု၌မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားထုတ်၏။ စကားပြော ဟောခြင်း၌ မွေ့လျော်၏၊ စကားပြောဟောခြင်း၌ ပျော်ပိုက်၏၊ စကားပြောဟော ခြင်း၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားထုတ်၏။

၂...
အိပ်ခြင်း၌ မွေ့လျော်၏၊ အိပ်ခြင်း၌ ပျော်ပိုက်၏၊ အိပ်ခြင်း၌ မွေ့လျော်သည့် အဖြစ် ကို အဖန်ဖန်အားထုတ်၏။

၃...
အပေါင်းအဖော်၌ မွေ့လျော်၏၊ အပေါင်းအဖော်၌ ပျော်ပိုက်၏၊ အပေါင်းအဖော်၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားထုတ်၏။ နှီးနှောမှု (ငါးမျိုး)၌ မွေ့လျော် ၏၊

၎...
နှီးနှောမှု၌ ပျော်ပိုက်၏၊ နှီးနှောမှု၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားထုတ် ၏၊ ချဲ့ထွင်မှု 'ပပဉ္စတရား' ၌ မွေ့လျော်၏၊ ချဲ့ထွင်မှု၌ ပျော်ပိုက်၏၊ ချဲ့ထွင်မှု၌ မွေ့ လျော်သည့်အဖြစ်ကို အဖန်ဖန် အားထုတ်၏။

၅...
ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ကောင်းသော သေခြင်း, ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်သော အခြင်းအရာဖြင့် နေခြင်းကို ပြု၏။

ငါ့သျှင်တို့ ဤရဟန်းကို ထင်ရှားရှိသော ခန္ဓာငါးပါး 'သက္ကာယ'၌ မွေ့လျော်သော ရဟန်း၊ ဝဋ်ဆင်းရဲ၏ အဆုံးကို ကောင်းစွာပြုရန် သက္ကာယကို မစွန့်ပယ်နိုင်သော ရဟန်းဟူ၍ ဆိုအပ်၏။

ငါ့သျှင်တို့ အကြင် အကြင် အခြင်းအရာအားဖြင့် နေခြင်းကို ပြုသော ရဟန်းအား ကောင်းသော သေခြင်း, ကောင်းသော ကွယ်လွန်ခြင်းသည် ဖြစ်နိုင်၏၊ ထိုထို အခြင်းအရာအားဖြင့် ရဟန်းသည် နေခြင်းကို ပြု၏။

ငါ့သျှင်တို့ အဘယ်သို့လျှင် ရဟန်းသည် ကောင်းသော သေခြင်း, ကောင်းသော ကွယ်လွန်ခြင်း ဖြစ်နိုင်သော အခြင်းအရာအားဖြင့် နေခြင်းကို ပြုသနည်း။

၁...
ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အမှုသစ်၌ မမွေ့လျော်၊ အမှုသစ်၌ မပျော်ပိုက်၊ အမှုသစ်၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားမထုတ်။ စကား ပြောခြင်း၌ မမွေ့လျော်၊ စကားပြောခြင်း၌ မပျော်ပိုက်၊ စကား ပြောခြင်း၌ မွေ့ လျော်သည့် အဖြစ်ကို အဖန်ဖန် အားမထုတ်။

၂...
အိပ်ခြင်း၌ မမွေ့လျော်၊ အိပ်ခြင်း၌ မပျော်ပိုက်၊ အိပ်ခြင်း၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားမထုတ်။

၃...
အပေါင်းအဖော်၌ မမွေ့လျော်၊ အပေါင်းအဖော်၌ မပျော်ပိုက်၊ အပေါင်းအဖော်၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားမထုတ်။

၎...
နှီးနှောမှု (ငါးမျိုး)၌ မမွေ့လျော်၊ နှီးနှောမှု၌ မပျော်ပိုက်၊ နှီးနှောမှု၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားမထုတ်။

၅...
ချဲ့ထွင်မှု 'ပပဉ္စတရား'၌ မမွေ့လျော်၊ ချဲ့ထွင်မှု၌ မပျော်ပိုက်၊ ချဲ့ထွင်မှု၌ မွေ့လျော် သည့် အဖြစ်ကို အဖန်ဖန် အားမထုတ်။

ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ကောင်းသော သေခြင်း, ကောင်းသော ကွယ် လွန်ခြင်း ဖြစ်နိုင်သော အခြင်းအရာအားဖြင့် နေခြင်းကို ပြု၏။ ငါ့သျှင်တို့ ဤ ရဟန်းကို နိဗ္ဗာန်၌ မွေ့လျော်သော ရဟန်း၊ ဝဋ်ဆင်းရဲ၏ အဆုံးကို ကောင်းစွာ ပြုရန် သက္ကာယကို စွန့်ပယ်နိုင်သော ရဟန်း ဟူ၍ ဆိုအပ်၏ ဟု (မိန့်ဆို၏)။

ငါ့သျှင်တို့ သားသမင်နှင့် တူသူသည် ချဲ့ထွင်မှု 'ပပဉ္စတရား'၌ အဖန်ဖန်အား ထုတ်သည် ဖြစ်၍ ချဲ့ထွင်မှု၌ မွေ့လျော်ရကား ယောဂ လေးပါးကုန်ရာ အတု မရှိသော နိဗ္ဗာန်ကို လွဲချော်စေ၏။ ချဲ့ထွင်မှု 'ပပဉ္စတရား' ကို စွန့်၍ ချဲ့ထွင်မှု မရှိရာ နိဗ္ဗာန်၌ မွေ့လျော်သူသည် ယောဂ လေးပါးကုန်ရာ အတု မရှိသော နိဗ္ဗာန်ကို ပြည့်စုံစေ၏။14

၎ - ဘဒ္ဒကသုတ်၊ သာရဏီယ၀ဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP