* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, June 6, 2009

ပြည်သူချစ်သော ဆရာတော် (၂) ပါး မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရ

E-mail Print
ထင်ရှားသော အရှင်ဆန္ဒာဓိက၊ အရှင်ရာဇိန္ဒ (ခ) ရဝေနွယ် (အင်းမ)၊ မုံရွာ ဗောဓိတထောင် ဆရာတော်နှင့် ဘုရားဖူး ၅ ဦးတို့သည် မုံရွာဗောဓိ တထောင်ဘုရားတွင် မတော်တဆ ဓာတ်လှေကား ပြုတ်ကျမှုကြောင့် မန္တလေး အထွေထွေဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ယမန်နေ့ညနေ ၆နာရီ ၃၀ခန့်က ဤကဲ့သို့ဖြစ်ပွားခဲ့မှုကြောင့် ဆရာတော်အရှင်ဆန္ဒာဓိကမှာ ခြေကျင်းဝတ် အရိုးအက်သွားသဖြင့် ခွဲစိတ်ကုသခံရကာ၊ ဆရာတော်အရှင်ရာဇိန္ဒ (ခ)ရဝေနွယ်(အင်းမ)မှာလည်း ခြေထောက် အရိုးကျိုးသွားပြီး ခွဲစိတ်ကုသခံရဖွယ်ရှိကြောင်း၊ ဗောဓိတထောင် ဆရာတော်မှာမူ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း မန္တလေးရှိ ဂျာနယ် သတင်းထောက် တဦး က ပြောပြသည်။

ယခုဓာတ်လှေကား မတော်တဆ ဖြစ်မှုမှာ လျှပ်စစ်မီးချွတ်ယွင်းချက်ကြောင့် ဗောဓိတထောင် ဘုရားရှိ ရပ်တော်မှု ဆင်းတုတော် ၏ ၃၁ ထပ် မှ ၂၆ ထပ်အထိ ဓာတ်လှေကားပြုတ်ကျခြင်းကြောင့် ဖြစ်ကြောင်း လည်းသိရသည်။

ဗောဓိတထောင်ဘုရားသည် မုံရွာမြို့တွင် ရှိပြီး ၂၀၀၇ ခုနှစ် က တည်ဆောက်ပြီးစီးခဲ့သော ၁၃၀ မီတာ အမြင့်ရှိ သည့် ဗုဒ္ဓဆင်းတုတော်ကြောင့် ထင်ရှားကျော်ကြားသည်။

အရှင်ဆန္ဒာဓိက( ရွှေပါရမီတောရ)နှင့် ရှင်ရာဇိန္ဒတို့သည် ၎င်းတို့ရေးသားထုတ်ဝေသော စာအုပ်များကြောင့် မြန်မာပြည်တွင် လူသိများထင်ရှားသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP