* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, June 10, 2009

စိတ်ကိုပြေးတယ် ထင်လို့ဖြစ်တတ်တဲ့ အစွဲမျိုးစုံ

ဓမ္မဓရ—စိတ်ကထွက်ပြေးအတွက် လိုက်ဖမ်းနေရပါတယ်ဘုရား။

ဦးဝိဇယ—စိတ်ကမပြေးပါဘူး။ အာရုံကိုသိပြီး ပျက်တဲ့ သဘော ကို အရှင်ဘုရားကိုရှင်းပြပြီးပါပြီ။ စိတ်ကိုသာပြေးတယ်ထင်ပြီး ဖမ်းနေမယ်၊ချုပ်နေမယ်၊ ဆိုရင် အစွဲမျိုးစုံဝင်လာတော့မှာပါပဲဘုရား။

အစွဲမျိုးစုံ ဆိုတာကတော့—

(၁) ခန္ဓာကိုယ်ငြိမ်နေမှတရားဖြစ်တယ်– ဟုထင်လျှင် ငြိမ်ငြိမ်နေနိုင်သောအခါ ကျေနပ်ခြင်းလောဘဖြစ်ပြီး ငြိမ်ငြိမ်မနေနိုင်သောအခါ မကျေနပ်သောဒေါသဖြစ်ပါတယ်။

(၂) စိတ်ကိုကိုယ်ထားတဲ့နေရာနေမှတရားဖြစ်တယ်။—-ဟုထင်လျှင် စိတ်ကို ကိုယ်ထားတဲ့ အာရုံမှာ နေသောအခါ ကျေနပ်ခြင်း လောဘဖြစ်ပြီး ထားရာမှာမနေသောအခါ မကျေနပ်ခြင်းဒေါသဖြစ်ပါတယ်။

(၃) စိတ်က အာရုံ တစ်မျိုးတည်း သိတာမှတရားဖြစ်တယ်—-ဟုထင်လျှင် စိတ်ကအာရုံတစ်မျိုးတည်း သိသောအခါ ကျေနပ်ခြင်း လောဘဖြစ်ပြီး တစ်မျိုးတည်း မသိသောအခါ မကျေနပ်ခြင်း ဒေါသ ဖြစ်တယ်။

(၄) တစ်နာရီ၊ နှစ်နာရီ စသည်ဖြင့် ကိုယ်တိုင်အချိန် သတ်မှတ်ပြီး သတ်မှတ်ချိန်အတွင်း —သိခိုင်းတာ သိမှတရားဖြစ်တယ်-– ဟုထင်လျှင် ထင်တိုင်းဖြစ်သောခါ ကျေနပ်ခြင်း လောဘဖြစ်ပြီး ၊ထင်တိုင်းမဖြစ်လျှင် မကျေနပ်ခြင်းဒေါသ ဖြစ်ပါတယ်။

(၅) နံနက်၊ညစသည်ဖြင့် ကိုယ်တိုင်အချိန်သတ်မှတ်ပြီး -သတ်မှတ်ချိန်မှ တရားဖြစ်တယ်--ဟုထင်လျှင်ထင်တိုင်း လုပ်ဖြစ်သောအခါ ကျေနပ်ခြင်းလောဘ ဖြစ်ပြီး မလုပ်ဖြစ်သောအခါ မကျေနပ်ခြင်း ဒေါသဖြစ်ပါတယ်။

(၆) ဘုရား၊ကျောင်း၊ရိပ်သာ စသောနေရာမှာ လုပ်ရမှတရားဖြစ်တယ်—ဟုထင်လျှင် အထင်အတိုင်း လုပ်နိုင်လျှင် ကျေနပ်ခြင်းလောဘဖြစ်ပြီး အထင်အတိုင်း မလုပ်နိုင်လျှင် မကျေနပ်ခြင်း ဒေါသဖြစ် ပါတယ်။

(၇) ဣရိယာပုတ်လေးပါးမှာ—ထိုင်မှတရား၊ ရပ်မှတရား၊ သွားမှတရား၊အိပ်မှတရားဖြစ်တယ်၊ ဟုထင်လျှင် ထင်တိုင်းလုပ်နိုင်လျှင် ကျေနပ်ခြင်း၊လောဘဖြစ်ပြီး ထင်တိုင်းမလုပ်နိုင်လျှင် မကျေနပ်ခြင်း ဒေါသဖြစ်စေပါတယ်။

(၈) အလုပ်မျိုးစုံထဲတွင် တရားသက်သက်လုပ်မှ တရားဖြစ်တယ်-—ဟုထင်လျှင် ထင်တိုင်း လုပ်နိုင်လျှင် ကျေနပ်ခြင်း လောဘဖြစ်ပြီး ထင်တိုင်းမလုပ်နိုင်လျှင် မကျေနပ်ခြင်း ဒေါသဖြစ်စေပါတယ်။

(၉) ရောဂါကိုအစွဲပြုပြီး နေကောင်းမှတရားလုပ်လို့ရမယ်—-ဟုထင်လျှင် ထင်တိုင်းလုပ်ရလျှင် ကျေနပ်ခြင်း လောဘဖြစ်ပြီး ထင်တိုင်းမလုပ်ရလျှင် မကျေနပ်ခြင်းဒေါသဖြစ်ပါတယ်။

(၁၀) ငါတို့တရားနည်းမှတရားဖြစ်တယ်—- ဟုထင်ပြီးကျေနပ်လျှင်လောဘဖြစ်ပြီး အခြားနည်းကိုမကျေနပ်လျှင် ဒေါသဖြစ်ပါတယ်။

(၁၁) ငါတို့ပြတဲ့ဆရာမှမှန်တယ် —-ဟုထင်ပြီးကျေနပ်လျှင် လောဘဖြစ်ပြီး အခြားဆရာကို မကျေနပ်လျှင် ဒေါသဖြစ်ပါတယ်။

(၁၂) အတိတ်အကြောင်းအရာကို အဟုတ်ထင်ပြီး—-ကျေနပ်လျှင် လောဘဖြစ်ပြီး မကျေနပ်လျှင် ဒေါသဖြစ်ပါတယ်။

(၁၃) ပစ္စုပ္ပန် အကြောင်းအရာကို အဟုတ်ထင်ပြီး— ကျေနပ်လျှင်လောဘဖြစ်ပြီး မကျေနပ်လျှင် ဒေါသဖြစ်ပါတယ်။

(၁၄) အနာဂတ်အကြောင်းအရာကိုအဟုတ်ထင်ပြီး—-ကျေနပ်လျှင် လောဘဖြစ်ပြီး မကျေနပ်လျှင် ဒေါသဖြစ်ပါတယ်။

(၁၅) အတွင်း-ဟူသောသတ်မှတ်ချက်ကကိုအဟုတ်ထင်ပြီး ——-ကျေနပ်လျှင် လောဘဖြစ်ပြီး မကျေနပ်လျှင်ဒေါသဖြစ်ပါတယ်။

(၁၆) အပြင်-ဟူသောသတ်မှတ်ချက်ကို အဟုတ်ထင်ပြီး—— ကျေနပ်လျှင် လောဘဖြစ်ပြီး မကျေနပ်လျှင်ဒေါသဖြစ်ပါတယ်။

(၁၇) အကြမ်း-ဟူသောသတ်မှတ်ချက်ကို အဟုတ်ထင်ပြီး-—ကျေနပ်လျှင် လောဘဖြစ်ပြီး မကျေနပ်လျှင် ဒေါသဖြစ်ပါတယ်။

(၁၈) အနု-ဟူသော သတ်မှတ်ချက် ကို အဟုတ်ထင်ပြီး——ကျေနပ်လျှင် လောဘဖြစ်ပြီး မကျေနပ်လျှင် ဒေါသဖြစ်တတ်ပါတယ်။

(၁၉) အယုတ်-ဟူသောသတ်မှတ်ချက် ကို အဟုတ်ထင်ပြီး——ကျေနပ်လျှင် လောဘဖြစ်ပြီး မကျေနပ်လျှင် ဒေါသဖြစ်တတ်ပါတယ်။

(၂၀) အမြတ်-ဟူသောသတ်မှတ်ချက်ကို အဟုတ်ထင်ပြီး—-ကျေနပ်လျှင် လောဘဖြစ်ပြီး မကျေနပ်လျှင် ဒေါသဖြစ်တတ်ပါတယ်။

(၂၁) အဝေး-ဟူသောသတ်မှတ်ချက်ကို အဟုတ်ထင်ပြီး—–ကျေနပ်လျှင် လောဘဖြစ်ပြီး မကျေနပ်လျှင်ဒေါသဖြစ်ပါတယ်။

(၂၂) အနီး-ဟူသော သတ်မှတ်ချက်ကို အဟုတ်ထင်ပြီး—–ကျေနပ်လျှင် လောဘဖြစ်ပြီး မကျေနပ်လျှင် ဒေါသဖြစ်ပါတယ်။

ယခုပြောတဲ့အစွဲတွေကို တပည့်တော် သိသလောက်သာပြောတာပါ ဘုရား။အစွဲတွေ ဘယ်လောက်များအုံး မယ်ဆိုတာ မသိသေးပါဘူး။ စိတ်ကိုပြေးတယ်လို့— အဟုတ်ထင်ခြင်းကိုအမှီပြုပြီး ဖြစ်လာတဲ့ အစွဲမျိုးစုံဖြစ်ပါတယ်။

စိတ်ကို—သိပြီးပျက်တဲ့သဘောပဲ—ဟုနားလည်ထားရင် စိတ်ကိုချုပ်မှာလည်းမဟုတ်ပါဘူး။ အချိန်၊နေရာ၊နာရီ နှင့် စိတ်ကိုဖိထားတော့မှာ မဟုတ်ပါဘူး။စိတ်သဘောကို မသိသောကြောင့်သာ စိတ်ကိုချုပ်တာ ဆွဲတာ ဖိတာတွေ ဖြစ်လာတာပါ။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP