* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, June 10, 2009

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဒုတိယနေ့ မနက်ပိုင်း အစည်းအဝေး ဗွီဒီယိုမှတ်တမ်း

From Sin Phyu Kyaun

စစ်ကိုင်းတောင်ရိုး သီတဂူဗုဒ္ဓတက္ကသိုလ်၌ ကျင်းပသည့် ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်ကြီးများ၏ အစည်းအဝေးတွင် နိုင်ငံအသီးသီးမှ ပညာရှင်များ မြန်မာပြည်တွင်းမှ ပညာရှင်များ အသီးသီးဆွေးနွေးဖြစ်ခဲ့ကြသည်။ ဒုတိယနေ့ မနက်ပိုင်းတွင် ပါဠိစာပေများနှင့်ပတ်သတ်၍ မြန်မာပြည်တွင်းမှ ရဟန်းပညာရှင်များပါဝင် ဆွေနွေး စာတမ်းများ ဖတ်ကြပါသည်။ ထိုဆွေးနွေးပွဲတွင် အမေရိကန်နိုင်မှ ဒေါက်တာဓမ္မပိယ (သင်္ဃန်းကျွန်းငါးကျမ်းပြန်ဆရာတော်) နှင့်အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ဒေလီတက္ကသိုလ်မှ ဒေါက်တာ ဆတျပါလ မဟာထေရ် (Head of Department, Department of Buddhist Studies) တို့မှ Moderator အဖြစ်ဆောင်ရွက်ကြသည်။ မနက်ဖြန်လည်း ထိုမနက် ပိုင်းဆွေးနွေးပွဲအတွက် Information Presentation Paper စသည်တို့လိုအပ်သည်များကို လုပ်ပေးရန် တာဝန် ယူရသည့် ပြာတာလုပ်ငန်း (Workshop Assistance) အဖြစ်ပါဝင်ခွင့်ရခဲ့သည်။

မြန်မာပြည်မှ မြန်မာပညာရှင်ရဟန်းတော်များ၏ ဆွေးနွေးချက်များကို ကြည့်ရှုနိုင်ရန် မျှဝေခံစားလိုက်ပါသည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဒုတိယနေ့ မနက်ပိုင်း အစည်းအဝေး ဗွီဒီယိုမှတ်တမ်း (၁)


သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဒုတိယနေ့ မနက်ပိုင်း အစည်းအဝေး ဗွီဒီယိုမှတ်တမ်း (၂)


သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဒုတိယနေ့ မနက်ပိုင်း အစည်းအဝေး ဗွီဒီယိုမှတ်တမ်း (၃)



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP