* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, May 1, 2009

ဗုဒ္ဓ၀င်အကျဉ်းချုပ်


ကျွန်တော်ယခုတင်ပြမယ့် အကြောင်းအရာကတော့ ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့ သိပြီးသား တွေဖြစ်တဲ့ မြတ်စွာဘုရားရှင် မွေးဖွားသည့် အချိန်မှစ၍ ပရိနိဗ္ဗာန်ပြုသည့် အချိန်အထိ သိမှတ်ဖွယ်ရာများကို ဗုဒ္ဓဘာသာဝင်များ အလွယ်တကူ သိမှတ်စေရန် ရည်ရွယ်၍ရေးသားခြင်းဖြစ်ပါသည်။ အမည်- သိဒ္ဓတ္ထ ဂေါတမ
ခမည်းတော် - သုဒ္ဓေါဒန ဂေါတမ မင်းကြီး
မယ်တော် - မိဖုရား မဟာ မာယာ (မွေးဖွားပြီး ခုနှစ်ရက်အကြာတွင်သေဆုံးသည်)
လူမျိုးစု - ခတ္တိယ
မိထွေးတော် - မဟာပဇာပတိ ဂေါတမီ
မွေးဖွားသည့်ရက် - ခရစ်မပေါ်မီ ၆၂၃ ခု၊ မေလ ၊ သောကြာနေ့ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့
မွေးဖွားသည့်ဒေသ - လုမ္ဗိနီအင်ကြင်းဥယျာဉ်၊ ကပိလ၀တ်ပြည်
မွေးဖွားသည့်တိုင်းပြည် - အိန္ဒိယ (ယခု နီပေါနိုင်ငံ) မဇ္ဈိမဒေသ
မွေးဖွားသည့်နေရာရှိအပင် - အင်ကြင်းပင်
ပထမဦးဆုံးပြောသည့်စကား - “ငါသည် တလောကလုံးထက်မြတ်၏”
ဖွားဖက်တော် ခုနှစ်ဦး- ယသော်ဓရာမင်းသမီး၊ ညီတော်အာနန္ဓာ၊ ကာဠုဒါယီအမတ်လောင်း၊ ဆန္နအမတ် လောင်း၊ ကဏ္ဍကမြင်း၊ ရွေအိုးကြီးလေးလုံး၊ ဗောဓိပင်
အိမ်ထောင်ပြုသည့်အသက် - ၁၆ နှစ်
ဇနီး - ယသော်ဓရာ မင်းသမီး (၀မ်းကွဲနှမ)
သားတော် - ရာဟုလာ
ယောက္ခမတော်များ - သုပ္ပဗုဒ္ဓမင်းကြီး (ဒေ၀ဒဟပြည်မင်းကြီး)၊မိဖုရား အမိတ္တာ(သုဒ္ဓေါဒန မင်းကြီး၏ အမတော်)
ယောက်ဖတော် - ဒေ၀ဒတ် (ညီအကိုဝမ်းကွဲ)
ကောဏ္ဍညပုဏ္ဏားပြောသည့်စကား - “အရှင်သားတော်သည် တောထွက်၍ ဘုရားဧကန်ဖြစ်လိမ့်မည်”
နမိတ်ကြီးလေးပါး - သူအို၊သူနာ၊သူသေ၊ရဟန်း
သားတော်မွေးဖွားပြီးပြောသည့်စကား - “ရာဟုဖမ်းပြီ၊အနှောင်အဖွဲ့ဖြစ်ပြီ”
တောထွက်သည့်အသက် - ၂၉နှစ်၊(အိမ်ထောင်ပြုပြီး ၁၃ နှစ်အကြာ)
တောထွက်သည့်အချိန် - ခရစ်မပေါ်မီ ၅၉၄ ခု၊ ဇူလိုင်လ၊ တနင်္လာနေ့ (ညလယ်)၊မဟာသက္ကရာဇ် ၉၇ ခု၊ ၀ါဆိုလပြည့်နေ့
မြင်းရထားမောင်းသူ - ဆန္နအမတ်
တော်ဝင်မြင်းအမည် - ကဏ္ဍက (သခင်နဲ့ခွဲပြီးနောက်သေဆုံးသွားသည်)
ဖြတ်သွားသည့်မြစ် - အနော်မာ
သွားသည့်နေရာ - ဥရုဝေလတော
ဘုရားလောင်းအားနောက်ဆုံးဆွမ်းကပ်သူ - သုဇာတာ ဃနနို့ဆွမ်း( ၄၉ လုပ်မျှသာ)
ဘုရားလောင်းအားမြက်လှူဒါန်းသူ- သောတ္ထိယ မြက်ရိတ်သမားမှမြက်ရှစ်ဆုပ်လှူဒါန်းသည်
ကျင့်ကြံမှု - မဇ္ဈိမ ပဋ္ဋိပဒါလမ်းစဉ်၊ ၀င်လေထွက်လေကို ရှုမှတ်ခြင်း
နေရာ - အိန္ဒယနိုင်ငံ၊ ဘီဟာနယ်တွင်ရှိသော ဗုဒ္ဓဂါယာ -
အမှီပြုသည့်အပင် - ဗောဓိပင်
ဘုရားဖြစ်သည့်အသက် - ၃၅ နှစ်
ဘုရားဖြစ်သည့်နေ့ - ခရစ်မပေါ်မီ ၅၈၈၊မေလ၊ ဗုဒ္ဓဟူးနေ့၊မဟာသက္ကရာဇ် ၁၀၃၊ ကဆုန်လပြည့်နေ့
တရားဦးဟောသည့်နေရာ - သမင်ခြံ၊ မိဂဒါဝုန်တော၊
တရားဦးဟောသည့်အချိန် - စနေနေ့၊ ဇူလိုင်လ၊ ခရစ်မပေါ်မီ ၅၈၈ မဟာသက္ကရာဇ် ၁၀၃၊ ၀ါဆိုလပြည့်နေ့
ဟောသည့်တရားဦး - ဓမ္မစကြာလက္ခဏသုတ်
ပထမဆုံးသံဃာငါးဦး - အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပံ၊ အရှင်ဘဒ္ဓိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိ
အမျိုးသားဓမ္မသေနာပတိ- ရှင်သာရိပုတ္တရာမထေရ် (ဥပတိဿ)၊ လက်ယာရံ။ ရှင်မောဂ္ဂလာန် မထေရ်(ကောလိတ)၊ လက်ဝဲရံ
အမျိုးသမီးဓမ္မသေနာပတိ - ခေမာ ထေရီ၊ လက်ယာရံ (ဗိမ္ဗိသာရမင်းကြီး၏မိဖုရား)။ ဥပ္ပလ၀ဏ် ထေရီ ၊လက်ဝဲရံ
ဘုရားရှင်အားနောက်ဆုံးဆွမ်းကပ်သူ - စုန္ဒ (၀က်ပျိုသားဆွမ်း)
ရောဂါ - သွေးဝမ်းသွားရောဂါ
သက်တော် - ၈၀ နှစ်
ဝါတော် - ၄၅ ၀ါ
ပရိနိဗ္ဗာန်ပြုသည့် အပင် - အင်ကြင်းပင်နှစ်ပင်ကြား
ပရိနိဗ္ဗာန်ပြုသည့်နေရာ - အင်ကြင်းဥယျာဉ်၊ ကုသိနာရုံပြည် (ယခု ဥတရာပတ်၊ အိန္ဒိယနိုင်ငံ)
ဗုဒ္ဓ၏ နောက်ဆုံးသာဝက - သုဘဒ္ဒ မထေရ်
ဗုဒ္ဓ၏ နောက်ဆုံးစကား - “ သင်္ခါရတရားတို့သည် ပျက်စီးခြင်း သဘောရှိကြသည်။ သင်ချစ်သားတို့ မမေ့မလျော့သောသတိတရားတို့ဖြင့် အားထုတ်ကြကုန်လော့” ( အပ္ပမာဒေန သမ္မာဒေထ)
ပရိနိဗ္ဗာန်ပြုသည့်အချိန် - ခရစ်မပေါ်မီ ၅၄၃ ခု၊ မေလ၊ အင်္ဂါနေ့ မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့်နေ့

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP