*ဘ၀ပင်လယ် ခရီးသည်*
ခန္ဓာအာဓါတ်၊ ခြားရဟတ်လို
မပြတ်ဖြစ်ပေ၊ ဆက်စပ်နေ
မှတ်လေ သံသရာ။
အ၀ိဇ္ဇာမှောင်၊ ကင်းအောင်မပွား
မကြိုးစားလတ်၊ ခန်အာဓါတ်
နောက်ထပ် ဖြစ်ဦးမှာ။
ဖြစ်လာပြန်က၊ ပျက်စီးရ
မုချ ဆင်းရဲပါ။
အ၀ိဇ္ဇာမိုက်၊ တဏှာကြိုက်ကြောင့်
မောဟိုက်မဆုံး၊ အပူတုံးဖြင့်
နိမ့်ပြန်မြင့်ပြန်၊ အဖန်ဖန်
စုန်ဆန် မျောရပါ။
အ၀ိဇ္ဇာမှောင်၊ ကင်းအောင်ဖြိုခွင်း
ဉာဏ်အလင်း၊ ထည့်သွင်း မြတ်ပညာ။
ဗုဒ္ဓညွှန်ကြား၊ မြတ်တရားကြောင့်
အမှားကင်းစင်၊ စိတ်ကြည်လင်
အမြင် ရှင်း၍လာ။
ဘ၀ပင်လယ်၊ ခရီးသည်
တကယ် စိတ်အေးပါ။ ။
>>> တိပိဋကဓရ၊ ဓမ္မဘဏ္ဍဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တ သိရိန္ဒာ ဘိဝံသ (ယောဆရာတော် ဘုရား) ၏ “ဘ၀ပင်လယ် ခရီးသည်” တရားတော်မှ ကောင်နုတ် ဖော်ပြပါသည်။
လေးစားရိုသေစွာဖြင့်
ဖိုးသား
5/1/2009, FRI:, 12:27:52 AM

0 comments:
Post a Comment