* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, May 1, 2009

ချီးမြှောက်ကြောင်းတရား...


ရဟန်းတို့ ချီးမြှောက်ကြောင်း 'သင်္ဂဟဝတ္ထု' တို့သည် ဤလေးမျိုးတို့တည်း၊

အဘယ်လေးမျိုးတို့နည်း ဟူမူ-

၁... ပေးကမ်းခြင်း၊
၂... ချစ်ဖွယ်စကားကို ဆိုခြင်း၊
၃... အကျိုးစီးပွါးကို ကျင့်ခြင်း၊
၎... ကိုယ်နှင့်ထပ်တူပြုခြင်း တို့တည်း။

ရဟန်းတို့ ချီးမြှောက်ကြောင်း 'သင်္ဂဟဝတ္ထု' တို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။ ဤလောက၌ ပေးကမ်းခြင်းလည်းကောင်း၊ ချစ်ဖွယ်စကားကို ဆိုခြင်းလည်းကောင်း၊အကျိုးစီးပွါးကို ကျင့်ခြင်းလည်းကောင်း၊ ထို ထို အကြောင်း တို့၌ ထိုက်သည့် အားလျော်စွာ ကိုယ်နှင့် ထပ်တူပြုခြင်းလည်းကောင်း ထို သင်္ဂဟ ဝတ္ထုလေးမျိုး တို့သည် သွားနေသော ရထား၏ နားစောင့်*ကဲ့သို့ လောကကို ချီးမြှောက်ကုန်၏။ အကယ်၍ ထို သင်္ဂဟဝတ္ထုလေးမျိုးတို့ မရှိကုန်ငြားအံ့၊ အမိသည် သားဟူသော အကြောင်းကြောင့် ပူဇော်ခြင်း မြတ်နိုးခြင်းကို မရရာ၊ အဖသည်လည်း သားဟူသော အကြောင်းကြောင့် ပူဇော်ခြင်း မြတ်နိုးခြင်းကို မရရာ။ ထို သင်္ဂဟဝတ္ထုလေးပါးတို့ကို ပညာရှိတို့သည် ကောင်းစွာ ရှုဆင်ခြင်ကြကုန်သောကြောင့် မြတ်သည်၏ အဖြစ်သို့ ရောက်ကုန်၏၊ ထို ပညာရှိတို့သည် ချီးမွမ်းထိုက် သူတို့ ဖြစ်ကုန်၏၊32

၂ - သင်္ဂဟသုတ် စက္က၀ဂ် စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

*။ နားစောင့်- နပန်းစွန်း၊ လှည်း၏ဝင်ရိုးဖျား၌ ဘီးထွက်မသွားရန် တပ်ထားသော ကလန့်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP