* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, May 15, 2009

နည်းပြ ဝိပဿနာ သင်ခဏ်းစာ အပိုင်း (၅)

အပူဓာတ်တွေထဲမှာ ရှည်ရှည်လုံးလုံး ဝိုင်းဝိုင်း စတဲ့ ပုံသဏ္ဍာန်တွေပါ မပါတော့ပါဘူး။
မြင်လည်းမမြင်ရတော့ဘူးနော်။


အပူဆိုတာလေးကိုသိနေတဲ့ ဉာဏ်မှာ ပုံသဏ္ဍာန်တွေပါ မပါတော့ပါဘူး။ မတွေ့ရတော့ပါဘူး။ အစကတည်းက မရှိလို့မမြင်ရတာပါ။ ယခုမှမရှိတာမဟုတ်ပါဘူး။ အစကတည်းက မရှိတာပါနော်။ အရင်ကပေါ်ခဲ့သော အပူဓာတ်တွေထဲမှာလည်း ပုံသဏ္ဍာန်တွေမရှိပါဘူး။


မရှိဘူးဆိုတာကို ယခုမှ မိမိ၏ ဉာဏ်မှာ ရှင်းရှင်းသိရတာဖြစ်ပါတယ်။ ဒါကို ပရမတ်အစစ်ဖြစ်တဲ့ အပူဓာတ်ကို ခန္ဓာမှာ ဉာဏ်နှင့်အသေအချာသိရပြီဖြစ်ပါသဖြင့် သဏ္ဍာနပညတ် အလိုလိုကွာတယ်လို့ခေါ်ပါတယ်။


ပညတ်ခွာတယ်ဆိုတာ လူကလုပ် (တွန်း)မခွာနေရပါဘူး။ ဆွဲမခွာနေရဘူး။ ပရမတ်တရားစစ်စစ်ကိုသာ ခန္ဓာမှာ တွေ့အောင်ရှာ မြင်အောင်ကြည့်၊ ရှာလို့မြင်ခဲ့ရင် ပညတ်မှန်သမျှ အလိုလိုကွာပြီးသားဘဲ၊ ပညတ်ကို မြင်နေတုံးကလဲ ပရမတ်ကို မမြင်ခဲ့ဘူး။ ပရမတ်ကိုမြင်တော့လည်း ပညတ်မမြင်တော့ဘူး။ ပညတ်နှင့်ပရမတ်သည် ယောဂီအမြင်ဓာတ်မှာ နှစ်ခုတစ်ပြိုင်နက်တွဲစပ်လို့ မရဘူးတဲ့၊ မီးနဲ့ရေ၊ အမှောင်နဲ့အလင်း၊ အရှင်းနှင့်အရှုပ် နှစ်ခုတစ်ပြိုင်နက်တွဲစပ်လို့မရသလိုဖြစ်ပါတယ်။

ဒါဆိုနာမ ပညတ်အကြောင်းဆက်ပြောကြအုံးစို့။
ငဖြူ၊ ငနီ၊ ငကြား၊ မဖြူ၊ မလှ၊ ခေါင်း၊ ကိုယ်၊ ခြေလက်၊ အသားအရေ အကြောစတဲ့ နာမည်အမျိုးမျိုးတွေကို နာမပညတ်လို့ခေါ်ပါတယ်။

ယောဂီများရဲ့ ခန္ဓာမှာ ဉာဏ်နဲ့ တွေ့မြင်ရတဲ့ အပူဓာတ်လေးကို ငဖြူ ငနီ စတဲ့ နာမည်ပေးလို့ကော မရပါ၊ ငဖြူ ငနီ စတဲ့ ခေါ်လို့လည်း မရပါ၊ ဒါကို အပူလို့ပဲခေါ်ရပါမယ်။

အပူကို အပူဆိုတဲ့ နာမည်မှတစ်ပါး အခြားသောနာမည်တွေကော ခေါ်ဝေါ်စရာရှိသေးလား၊ မရှိပါဘူးနော်။ ဒါဆို ဘယ်သူ ပူဒါလဲဆိုရင် ပူဒါက ပူဒါပါ။

ငါက ပူဒါကော ဟုတ်ကဲ့လား၊ မဟုတ်ပါဘူးနော်။

လက်က ခြေက ပူဒါကော ဟုတ်ကဲ့လား၊ မဟုတ်တော့ပါဘူးနော်။

ယောကျာ်း၊ မိန်းမ၊ လူ နတ် ဗြဟ္မာ ပုဂ္ဂိုလ် သတ္တဝါတွေက ပူနေဒါ ဟုတ်သေးရဲ့လား၊ လုံးဝမဟုတ်ပါဘူးနော်။

ခန္ဓာကိုယ်အပြင်ဘက်မှာ ရှိနေတဲ့ အပူဓာတ်နဲ့အတွင်းမှာရှိကြတဲ့ အပူဓာတ်သည် တူသလား၊ ထူးနေပါသေးလား ဆိုရင်အတူတူပါဘဲ။ မထူးပါဘူး၊ အပြင်ကအပူဓာတ်ကလည်းပူဒါပါဘဲ၊ အတွင်းကအပူဓာတ်လည်း ပူဒါပါဘဲနော်။

ဒီလို ခန္ဓာမှာ ပိုင်ပိုင်နိုင်နိုင်ဉာဏ်နဲ့သိသွားပြီဆိုရင်တော့ နာမပညတ်တွေလဲကွာပြီ စင်ပြီ၊ တချို့ကယခုလို ဉာဏ်အမြင်မရရှိကြသေးတဲ့ ပုဂ္ဂိုလ်များကတော့ အပြင်က ပူဒါကိုတော့ မီးဓာတ်က ပူတယ်ဆိုဒါ အသိသား၊ မိမိ ခန္ဓာတွင်းက ပူဒါကြတော့ ငါကပူတယ်၊ လက်က ပူတယ်၊ ခြေက ပူတယ်၊ သားက ပူတယ်၊ သမီးက ပူတယ် စသည်ဖြင့် အပူကို လက်-မှတ်တယ်၊ ငါ-မှတ်တယ်၊ ခြေ-မှတ်တယ်၊ သား-မှတ်တယ်၊ သမီး-မှတ်တယ်။


ဒီလို အပူကို လက်-မှတ်နေတယ်၊ ငါ-မှတ်တယ်၊ ခြေ-မှတ်တယ်၊ သား-မှတ်တယ်၊ သမီး-မှတ်တယ် စသည်ဖြင့် ဒီလိုယူတဲ့ အယူဝါဒတွေကို သက္ကာယဒိဋ္ဌိအယူလို့ခေါ်ပါတယ်။ အတ္တဒိဋ္ဌိအယူလို့ခေါ်တယ်၊ အပါယ်လေးပါးကို ကျစေတာ ဒီအယူဆိုးတွေသာဖြစ်ပါတယ်။


အပါယ်လေးပါးကို မလွတ်နိုင်တာလည်း ဒီအယူဆိုးတွေကြောင့်ဖြစ်ပါတယ်။ ဒီအယူဆိုးတွေရှိနေသမျှ အပါယ်လေးပါးက အဆုံးတိုင် ဘယ်တော့မှ မလွတ်မြောက်နိုင်သေးဘူးဆိုဒါကို မှတ်ကြစေချင်ပါတယ်။ လွတ်ပါတယ် ဆိုရင်လည်း တခဏပါ၊ ကုသိုလ်လေး အရှိန်ကုန်သွားခဲ့ရင် တစ်နေ့ အပါယ်ပြန်ရောက်မှာ အမှန်ပါ။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP