* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, May 15, 2009

*ဒိေ႒ဒိ႒မတၱံ (၆)*

အေမး
အနောက် နိုင်ငံက စိတ်ပညာထဲ ပါတဲ့ မသိစိတ် (subconsicus) ဆိုတာနဲ့ ၀ိပဿနာ ကမ္မဋ္ဌာန်း ဆက်စပ် ပါသလား။

အဖြေ
စိတ်ဟာ သိပ်ပြီး တိတ်ဆိတ် ငြိမ်သက်ခြင်း အဆင့်ကို ရောက်သွားတဲ့ အခါကျရင် ကျွန်တော် တို့ဟာ သိပ်ပြီး သိမ်မွေ့ နက်နဲ တာတွေကို ပိုပြီး သိလာရတယ်။ အဲဒါတွေက ဘာတွေ လဲလို့ ဆိုလို့ရှိရင် ကျွန်တော် တို့ရဲ့ သာမန် သိစိတ် တံခါးပေါက် အောက်နားမှာ ရှိနေတဲ့ အသိဥာဏ် သဘော တွေပဲ။ အဲဒါတွေကို မသိစိတ်၊ အတွင်းသိစိတ် (subconsicus) လို့ ခေါ်ကြ တာပဲ။ အဲဒါတွေဟာ သတိပဋ္ဌာန် အားထုတ်လို့ စိတ်ငြိမ်သက်ပြီး တိတ်ဆိတ်တဲ့ အဆင့်ရောက်တော့ အားလုံး ပေါ်လွင် ထင်ရှား ထွန်းပ လာကြတယ်။ အစတုန်းက မသိစိတ်ရဲ့ အလေ့ အကျင့်ဖြစ်အောင် ဖန်တီးထားတဲ့ အရာ တွေကို စတင် သိလာ ရတယ်။ ပြီးတော့ အဲဒီ အတွင်းမှာ ငုပ်နေတဲ့ စိတ်ကို သိမြင် လာမှုက အဲဒီ အတွင်း ငုပ်နေတဲ့ စိတ်ကို ကျွန်တော်တို့မှာ ရှိနေတဲ့ အမြင်အာရုံ သိစိတ်မျိုး (ပေါ်စိတ်မျိုး) ဖြစ်သွားအောင် ပေါင်းစပ် ပေးပါတယ်။

==========================

အမေး
ပစ္စုပ္ပန် ခဏတိုင်းကို အမြဲတမ်း သိနေအောင် ရှုမှတ် နေတာဟာ သဘာဝ အလျောက် သူ့အလိုလို ဖြစ်မှု သယံဇာတ ဖြစ်စဉ်ကို အားလျော့ သွားစေ မလား။

အဖြေ
ရှုမှတ်မှု မပါဘဲ သိမှု (အမှုမဲ့ အမှတ်မဲ့ သိနေမှု) ဆိုတာ တွေဟာ သူ့အလိုလို ဖြစ်နေတဲ့ သဘာဝ အလျောက် သယံဇာတ ဖြစ်စဉ်တွေလို့ မဆိုနိုင် ပါဘူး။ ကျွန်တော် တို့ဟာ အကယ် ဤ စက်ယန္တရား ဆန်ဆန် အထုံ ဓလေ့ ဖြစ်ပြီး အသားကျနေတဲ့ သဘာဝ အရ တုံ့ပြန်မှု ပြုနေသည် ဆိုလျှင်ပင် ထိုသို့ တုံ့ပြန် ပြုမူခြင်းသည် သူ့အလိုလို ဖြစ်သော သယံဇာတ ဖြစ်စဉ် မဟုတ် ပါဘူး။ ထိုသို့ ပြုမူခြင်းသည် စက်ရုပ်ရဲ့ တုံ့ပြန် ပြုမူခြင်း မျိုးသာ ဖြစ်ပါတယ်။

စက်ရုပ်ဟာ သူ့အလိုလို တုံ့ပြန် ပြုမူတာ မဟုတ်ပါဘူး။ ဒီလို ပြုမူအောင် ကြိုတင် စီမံထားရ ပါတယ်။ ဖြည့်သွင်း ထားတာ တစ်ခု ရှိလာရင် ကျွန်တော်တို့ဟာ အမြဲတမ်း အမှုမဲ့ အမှတ်မဲ့ သတိမမူဘဲ ပြုမူ တတ်ပါတယ်။ အဲဒီလို အသွင်း (Input) ရှိလို့ အထုတ် (Output) ဖြစ်လာတာကို စိတ်ရဲ့ သယံဇာတ သဘာဝ အလျောက် ဖြစ်စဉ်လို့ မခေါ်ဘူး။ ဒါက ယန္တရား ဆန်ဆန် စက်ရုပ်ရဲ့ တုံ့ပြန်မှု မျိးပဲ။ သဘာဝ အလျောက် သယံဇာတ ဖြစ်စဉ်လို့ ခေါ်တဲ့ အလိုလို ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်ဟာ စိတ်က တိတ်ဆိတ် ငြိမ်သက် သွားမှ၊ ဖြစ်ပေါ် လာတာမျိုး ဖြစ်တယ်။ စိတ်ဟာ ထိုးထွင်း သိမြင်တဲ့ အဆင့်ကို ရောက်သွားမှ၊ ခဏတိုင်း ခဏတိုင်းကို သတိ မလွတ်ဘဲ သိနေတဲ့ အခါကျမှ စိတ်ရဲ့ သယံဇာတ ဖြစ်စဉ်ဆိုတာ ပေါ်လာတာ ဖြစ်တယ်။

သတိပဋ္ဌာန် တရားကို အားကောင်းအောင် ထူထောင် လာမိလို့ ရှိရင် စိတ်က သဘာဝရဲ့ နာရီ စည်းဝါးကျ ဖြစ်နေတဲ့ အလျဉ် အစဉ်ကို ဖြတ်မပစ်တော့ဘူး။ အစပိုင်း မှာတော့ ဖြစ်စဉ် တစ်ခုစီ တိုင်းကို အာရုံ စူးစိုက်ပြီး ရှုမှတ်တာလည်း အသုံးဝင် ပါတယ်။ နောက်ကျတော့ ဒိဋ္ဌေဒိဋ္ဌ မတ္တံနည်း ရှုမှတ် တာလည်း အကျင့် ရသွားရော အားထုတ်စရာ မလိုတော့ဘဲ သူ့အလိုလို ခဏတိုင်း ဖြစ်ရပ်တိုင်းကို စိပ်စိပ်ကလေး ရှုမှတ်နေတော့ တာပါပဲ။

>>> ဆက်ရန်

>>> ဆရာ ဦးဆန်းလွင်နှင့် ဆရာ ဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေပါသည်။

လေးစားစွာဖြင့်
ဖိုးသား

5/15/2009, FRI:, 11:21:51 AM



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP