ဗုဒ္ဓနေ့တွင်ဘန်ကီမွန်း၏ပြောကြားချက်
ကမ္ဘာကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကဗုဒ္ဓဖွားမြင်တော်မူသော ကဆုန်လပြည့်နေ့ခရစ်နှစ်
၂၀၀၉ခုနှစ်၊မေလ၈ရက်နေ့ကမ္ဘာနိုင်ငံအချို့တွင်သုံးစွဲသောပြက္ခဒိန်အရခရစ်နှစ် ၂၀၀၉ခုနှစ်၊ မေလ(၉)ရက်နေ့)
တွင်ကျရောက်သော ကဆုန်လပြည့်နေ့အထိမ်းအမှတ်အကြိုအဖြစ်ဘန်ကီမွန်းက မေလ(၈)ရက်နေ့တွင်ထုတ်ပြန်
ခဲ့သောသတင်းဖြစ်ပါသည်။
မစ္စတာဘန်ကီမွန်းက “ကျွန်တော်တို့အားလုံးဟာမြတ်ဗုဒ္ဓရဲ့ဂရုဏာတရားကနေသင်ယူနိုင်ပါတယ်။ အချိန်ကာလ
ကန့်သတ်ချက်တွေကိုကျော်လွားနိုင်တဲ့ မြတ်ဗုဒ္ဓရဲ့တရားဓမ္မတွေဟာ ကျွန်တော်တို့ဒီနေ့ခေတ်မှာရင်ဆိုင်နေရတဲ့
မြောက်မြားလှစွာတဲ့ ကမ္ဘာလုံးဆိုင်ရာပြဿနာတွေကိုဖြေရှင်းရာမှာအကူအညီအပေးနိုင်ပါတယ်။ ဘဏ္ဍရေးအ
ကျပ်အတည်း၊ ရာသီဥတုပြောင်းလဲလာမှု၊ ကပ်ရောဂါပျံ့နှံ့မှု၊ အကြမ်းဖက်ဝါဒအန္တရာယ်နဲ့အခြားနိုင်ငံစုံအန္တရာယ်
တွေကသက်သေပြနေတာက လူသားအားလုံးရဲ့ကံကြမ္မာတွေဟာဆက်စပ်နေပါတယ်။ ကမ္ဘာလုံးဆိုင်ရာအန္တရာယ်
များကိုဖြေရှင်းရန်အတွက်ခေါင်းဆောင်များပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သို့မဟုတ်ပါကသီးခြားစီကျ
ရှုံးသွားနိုင်ကြောင်း (လွန်ခဲ့တဲ့နှစ်၂၅၀၀ကျော်ကတည်းကဗုဒ္ဓကသင်ပြခဲ့ပါတယ်၊ ဘယ်အရာဘယ်သူဘယ်ဝါမှတစ်
ထီးတည်းဖြစ်တည်တယ်ဆိုတာမရှိပါဘူး)၊ အခြားသူများဒုက္ခရောက်နေပါကမိမိ တို့ကိုယ်တိုင်လည်းပျော်ရွင်နိုင်
မည်မဟုတ်ကြောင်း၊ ဒုက္ခရောက်နေသူများကို ကူညီပေးနိုင်မှသာအားလုံးအတွက်ပိုမိုကောင်းမွန်သောအနာဂတ်
ဖြစ်ပေါ်လာမည်ဟုစိတ်ချယုံကြည်နိုင်မည်ဖြစ်ကြောင်း”ပြောကြားခဲ့ပါသည်။
မြတ်စွာဘုရားရှင် ဟောကြားခဲ့သောတရားတော်များလိုက်နာ ကျင့်ကြံအားထုတ်နိုင်လျှင်ဘယ်နိုင်ငံတွင်မှစည်း
ကမ်းများ၊ ဥပဒေများထုတ်စရာမလိုတော့ပါ။ အနည်းဆုံးငါးပါးသီလလုံခြုံအောင်စောင့်ထိန်းနိုင်လျှင်တောင်မှအဲဒီ
တိုင်းပြည်ဟာအေးချမ်းသာယာနိုင်ပါတယ်။ လူတွေကအကျင့်သီလတွေမလုံခြုံတော့တဖြည်းဖြည်းနဲ့ရောဂါများ၊
ဘေးအန္တရာယ်ကပ်ဆိုးများပေါ်ပေါက်လာရခြင်းဖြစ်ပါတယ်။ ထို့ကြောင့်တမ္ဘာလုံးငါးပါးသီလလုံခြုံနေလျှင်ကမ္ဘာသူ၊
ကမ္ဘာသားအားလုံးဆင်းရဲဒုက္ခဖြစ်မည့်ဘေးမှလွတ်မြောက်နိုင်ပါသည်။ မြတ်စွာဘုရားရှင်ဟောကြားခဲ့သောတရား
တော်များ ကမ္ဘာအနှံ့ပျံ့နှံ့စွာရောက်ရှိရေးဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့ဝိုင်းဝန်းကြိုးပန်းကြပါစို့ဟုစာရေး
သူအနေဖြင့်တိုက်တွန်းလိုက်ပါသည်။
သတ္တ၀ါအပေါင်းကျန်းမာချမ်းသာကြပါစေ။

0 comments:
Post a Comment