ညနေ နေ၀င်ရီတရောအချိန်တွင် မနက်ဖြန်တို့အဖွဲ့ ရွှေစက်တော်ကို ရောက်ရှိကြသည်။ ရွှေစက်တော် ဘုရား ပွဲကို ကြားဖူးတာတော့ သိတက်စအရွယ်ကတည်းကပင်။ သို့သော် တကြိမ်တခါမှ မရောက်ဘူးခဲ့ ပါ။ ယခုတော့ တကယ်ပင်ရောက်ခဲ့ပြီးဟု စိတ်ထဲမှာ တွေးမိသည်။ သီတဂူဆရာတော် ဟောကြားထား သည့် တရားတော်မှာ ရွှေစက်တော်၏ ထူးခြားသည့် အကြောင်းများကို ကြားဘူးသည်။
ရွှေစက်တော်ဟုဆိုသည်နှင့် ရွှေစက်တော်သွား တောလားပျို့ကဗျာစာအုပ်ကို သွား၍အမှတ်ရမိသည်။တောင်ဖီ လာဆရာ ဘုရားကြီး အင်ဝမှနေပြည်တော်မှ ရွှေစက်တော်သို့လာရောက် ခြေတော်ရာ ဖူးမြင်သည် ဟုလည်း ကြားဖူးသည်ကို အမှတ်ရမိသည်။ ခရစ်မပေါ်မီ (၆၀၀)ခုနှစ်တွင် မြတ်စွာဘုရားခြေတော်ရာ နှစ်ဆူ ကိန်းဝပ်စံ ပယ်ခဲ့၍ အထက်စက်တော်ရာ၊ အောက်စက်တော်ရာဟူ၍ ထင်ရှားသည်။ ရွှေစက်တော်ဘေးမဲ့တောကို ၁၉၄၀ ပြည့်နှစ်ဇွန်လ (၂၉)ရက်တွင် စတင်တည်ထောင်ခဲ့သည်။ မင်းဘူး(စကု)မြို့နယ်၊ ငဖဲမြို့နယ်နှင့် စေတုတ္တရာ မြို့နယ်များပါဝင် တည်ရှိသည်။ ရွှေစက်တော်ဘေးမဲ့တောသည် (၃၁၄)စတုရန်းမိုင် ကျယ်ဝန်းသည်။ မြန်မာ့ရွှေ သမင်ကို အဓိကထိန်းသိမ်းထား သည်။ ငှက်အမျိုးပေါင်း (၁၁၃)မျိုးလည်း အခြားတိရစ္ဆာန်များနှင့် အတူကျက် စားနေထိုင်သည်။
တောတောင် ချောက်ခြား မြောင်းအသွယ်တို့ ၀န်းရံပတ်လည်းသော မန်းချောင်းပေါ်တွင် တည်ရှိသည့် ရွှေစက် တော်သည် အမှန်ပင် စိတ်ကြည်နူးဖွယ် ကောင်းသည်။ ကားလမ်းသည် မြေလမ်းတသွယ် ကျောက် ကြမ်းတဖုံ ရင်တုန်အောင် စီးရသည့် လမ်းဖြစ်သည်။ မိုးတွင်းအချိန်တွင် ရွှေစက်တော်ကို သွားဖို့ မ လွယ်ဟု နယ်ခံများက ပြောသည်။
ရွှေစက်တော်နယ်မြေကို ၀င်လိုက်သည်နှင့် ပွဲဈေးတန်းများ လျှပ်စစ်မီးတထိန်တို့ဖြင့် တောက်ပနေသည်။ ဘုရား ဖူးလာ အနယ်အရပ်ရပ်မှ လူထုများကလည်း ကြက်ပျံမကျ စည်ကားလှသည်။ လှည်တတန်၊ ကားတတန်၊ ဆိုင် ကယ် အမြန်တို့ဖြင့် လာကြသည့် ဘုရားဖူးများ၏ မျက်နှာတွင်လည်း ရွှေစက်တော်၏ အေးမြသည့် တောရိပ် တောင်ရိပ် မန်းချောင်းစမ်းရေတို့၏ အငွေ့အသက်များကြောင့် ပျော်ရွှင် လန်းဆန်းနေကြသည်။
မနက်ဖြန်တို့အဖွဲ့လည်း တည်ခိုခန်းရှာ နေရာယူကြသည်။ မန်းချောင်းရေ ချိုးချင်သဖြင့် နေရာကောင်း ကောင်း ရှာ၍ တည်ခိုလိုက်သည်။ တည်ခိုခန်ဆိုပေမဲ့ ၀ါးချမ်း ၀ါကပ်များထောင်ကာ မန်းချောင်ပေါ်တွင် ဘုရားပွဲအတွင်း အဖြစ်တည်ဆောက် ထားသည် အဆောက်အအုံးများဖြစ်သည်။ မန်းချောင်တောင်ကျ ရေ အမြန်စီးလာလျှင် လှိုင်တချတ်ပုတ်ဒဏ်ကိုပင် ခံနိုင်ရည်ရှိမည် မထင်ပေ။ တညအတွက် လူငါး ယောက်စာ အတွက် အခန်းကို နှစ်သောင်းခွဲပေး၍ ငှားရသည်။ ပင်ပန်းနေသမျှ မန်းချောင်းရေထိတွေ့ သောအခါ အတော်ပင် လန်းဆန်း သွားသည်။ ခဏ အညောင်းဆန့် အနားယူပြီး ရွှေစက်တော် အောက်ခြေရာတော်ကို သွားရောက်ဖူးမျှော် အလှူဒါနပြု ဘုရာဝတ်ပြုခဲ့သည်။ ရွှေသင်္ကန်းလည်း ဆပ်ကပ်ခဲ့သည်။ ဘုရားပွဲဈေးတန်း ကိုလည်း လိုက်လည် ကြည့်ခဲ့သည်။
မနက်မိုးစင်စင် မလင်းခင် အိပ်ယာထ၍ အထက်ခြေတော်ရာကို ကားဖြင့် တက်၍ဖူးမျှော်ခဲ့သည်။ ဆွမ်း ဆီမီး ပန်းရေချမ်းတို့ဖြင့် ပူဇော်ခဲ့သည်။ မနက် အာရုံလင်းရောင်ခြည်တက်လာသည်နှင့် တောင် ပေါ်မှ မန်းချောင်း ပတ်လည်ကို ကြည့်ရူ့သည့် မြင်ကွင်းသည် အရမ်းပင် သဘာဝအလှများနှင့် ပြည့်စုံ သည် ခံစားလိုက်ရသည်။
ခြေတော်ရာမှ အထက်ပိုင်း အရှေ့ဘက်ခြမ်းတွင် မုဆိုးဒူထောက်ဘုရားသို့ သွားကာ မုဆိုးပုံကြီးနှင့် အမှတ်ရ ဓာတ်ပုံရိုက်ခဲ့သည်။ တောင်ပေါ်မှလည်း အရှေ့ဋ္ဌာနီမှ နီရဲရဲထွက်လာသည် နေ၀န်းကြီး၏ အလှပကိုလည်း ခံစားခွင့်ရခဲ့သည်။ မနက် (၇) နာရီလောက်တွင် မနက်ဖြန်တို့အဖွဲ ရွှေစက်တော်မှ ရိုးမလမ်းအတိုင်း ဆင်ဖြူ ကျွန်းသို့ ပြန်လာခဲ့သည်။ ညနေပိုင်း ၂ နာရီခန့်တွင် ဆင်ဖြူကျွန်းသို့ရောက်သည်။
ခရီးတလျှောက် ပင်ပန်းဆင်းရဲသော်လည်း မန်းရွှေစက်တော်၏ သဘာဝအလှ ဗုဒ္ဓခြေရာတော်၏ တန်ခိုးတေဇာ အာနုဘော်တော်တို့ကြောင့် မနက်ဖြန်တို့ ခရီးသွားအဖွဲ့သည် ပင်ပန်းနွမ်းနွယ်ခြင်းမရှိ လန်းဆန်းပျော်ရွှင်သည် မှာ ရွှေစက်တော်ဘုရား၏ အာနုဘော်ဖြစ်ပါကြောင်း…….
အကယ်၍များ သင်မရောက်ဖူးသေးပါက အမိမြန်မာပြည်ရောက်လျှင် တပေါင်းလပြည့်အမှီ ရွှေစက်တော် ခရီးကို သွားရောက်ဖြစ်အောင် သွားပါဟု……………..
မှတ်တမ်း ဓာတ်ပုံများ
0 comments:
Post a Comment