* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, May 25, 2009

“ဓါး”နဲ့“တရား”

အခုတလောက စာရေးမလို့ လုပ် လိုက်၊ အလုပ်ကပေါ် လာ လိုက်နဲ့ မရေး ဖြစ် ဘူးလေ၊ကျောင်း ဖွင့်ချိန်လေ…။ ခလေးတွေကျောင်းအပ်ရတော့မယ်၊တွယ်ရာမဲ့လေးတွေအတွက်အလုပ်နဲနဲပိုလုပ်ရတာပေါ့လေ၊မောတော့မောတာ ပေါ့လေ၊ အဲ လိုမောတိုင်းမှာ တော့၊ အသဲထဲ သိမ်းထားတဲ့ ဓားနဲ့ တရား ကို ဆွဲတင် လွင့် ထုတ်ရင်း အမော ဖြေနေရပါ့လေ။

“ ဓါး” တဲ့ ဗမာတိုင်း

မကင်းကြပါဘူးဓါးနဲ့၊ရာဇ၀င်မှာလည်းဓါးတွေရှိခဲ့ကြတာပဲလေ၊ဓားနဲ့ပတ်သက်တဲ့စာအုပ်ကျတော့ အရှားသားဗျ၊ကျနော်တို့ဆီမှာ၊ ဆရာမင်းဆွေရဲ့“ဓါး”၊ နောက်ပြီးဆရာမင်းယက္ခရဲ့“ဓါး”၊၊ အဲနာ မယ်တူ အကြောင်းရာမတူပေါ့လေနော်၊ ထည့်မယ်ဆိုလို့ရှိရင်တော့ဆရာစန်းသမိန်ရဲ့၊ မြန်မာ့သွေး၊မြန်မာ့ဓါး၊ မြန်မာ့စစ်ပညာ၊ လည်း ထည့် လို့ရ တာပေါ့နော်။

တချိန်တုံးက ကျနော်တို့မှာလည်း ဓါးတလက် ရှိခဲ့ ဘူး ပါတယ်၊စာရေးတဲ့အခါလဲဒီဓါးပါတယ်၊ထမင်းဟင်းချက်တော့လည်း ပါတယ်၊တော်ခုတ်ချုံရှင်းတော့ လည်း ဒီဓါးကို ချန်မထား ခဲ့ ဘူး၊ပျော်စရာကောင်း လွန်းတဲ့ အချိန်မှာ လည်းဒီဒါးကိုလက်မှာကိုင်းထားနေခဲ့ကြတယ်၊ ၀မ်းနည်းစရာကြုံ့ လာတော့ လည်းဒီဓါးတစ်လက် ကိုပဲကျနော်တို့ စုပေါင်းကိုင်ဆောင်ခဲ့ကြတယ်၊အဲ..ကျနော်တို့ဆိုတာက၊ အခုစာရေးဆရာတွေအဖြစ်၊ကဗျာဆရာတွေအဖြစ် အခိုင်မှာရပ်တည်နေကြတဲ့၊ စာရေးဆရာဒါရိုက်တာ ချိုတူးဇော်၊ ကဗျာဆရာM ဇော်နောင်၊ ကဗျာဆရာ ဆည်းဆာ
တို့ပဲလေ၊ ဘုရာကြီးဝင်းအတွင်းမှာ လည်း ဒီဓါးပါတယ်၊နောက်ဆုံးလေထန်ကုန်း ကိုရောက် လာတယ်၊ အခုတော့ အသဲ ထဲမှာ ပါ။ အဲဒီဓါးက “ ကဗျာဓါး” ပါဗျာ။ တလွဲမတွေးပါနဲ့။
မူလကဗျာပိုင်ရှင်တော့ ကျနော်မမှတ်မိတော့ပါဘူးခင်ဗျ၊ကျနော့်ညံ့လို့ပါ၊ ကျနော်ရေးတာမဟုတ်ဘူး၊ ကဗျာရှင်ကို ကိုဇော်ကြီးပြောပြပေမဲ့ ကျနော်မမှတ်မိတော့ပါ၊ ကဗျာနာမယ်က ….။

သံမဏိဓါး
မီးပြင်းနဲ့တိုက်၊တိုက်ခြင်တိုက်။
ပေမှာတင်ထု၊ထုချင်ထု၊။
မီးပြင်းတိုက်ရင်၊ရဲနီလာမယ်။
ပေမှာထုရင်၊ကျစ်မာလာမယ်။
သံမဏိဓါး၊ကြေမသွားဘူး
နာနာထုလေ၊ဓါးကောင်းလေ…ဟေ့။

အဲဒီကဗျာလေး ဟာ၊ကျနော်တို့ နှလုံးသားထဲက “ဓါး” တစ်စင်းလေ။

ပြီးတော့တရားတစ်ပုဒ်ပါ၊ကျနော်အသက်ကလေးနည်းနည်းရလာတော့တရားတွေနာဖြစ်တယ်လေ၊ဆရာသမားတွကလည်း သင်ကြတာပေါ့၊ကျနော်ဟာကျနော့်ဆရာတွေရဲ့ခပ်ညံ့ညံ့တပည့်တစ်ယောက်တော့ဖြစ်တန်ကောင်းပါရဲ့
အရမ်းအလုပ်လုပ်တတ်ကြပြီးအကြင်နာကြီးတဲ့ဆရာတွေကြားမှာ၊ကျနော်နေခဲ့ရဖူးပေမဲ့ကျနော်ဟာဇွန်းတစ်ချေင်းပါဗျာ…အညှိတက်နေတဲ့ဇွန်းတစ်ချောင်းပါ။
အာလုံးသိတဲ့တရားတစ်ပုဒ်ပါ၊ ကျေးဇူးရှင်တောင်မြို့ဆရာတော်ကြီးရဲ့တရာတော်လို့ပဲပြောခွင့်ပြုပါ..အဲဒီတရားတော်တစ်ပိုဒ်ကို၊ ကျနော်တို့ကမ္ဘာအေးမှာရွတ်ခဲ့ကြဖူးတယ်၊အေးရိပ်ချောင်မှာရွတ်လဲ့ကြဖူးတယ်၊ပါရမီစာပေနဲ့ဗုဒ္ဓအသံ စာပေမှာလည်း ရွတ်ဆိုခဲ့ ဖူးပါတယ်၊ ဘဘဦးဋ္ဌေလှိုင်က အသံချိုလေးနဲ့ရွတ်တယ်၊ ဘဘဦးရွှေအောင်က
လေသံတိုးသက်သက်လေးရွတ်တယ်၊နာယကချုပ်ဆရာတော်ကြီးကလေသံမှန်နဲ့ ရွတ်ခဲ့တယ်၊ အဲဒါပေမဲ့
ဒီတရားတော်းလေးရွတ်သူတိုင်းက လက်အုပ်လေးတွေချီလို့..အရမ်းပင်ပန်းတော်မူတိုင်းရွတ်ခဲ့ကြတယ်၊
အခု လည်း သူငယ်ချင်းမိတ်ဆွေတွေပင်ပန်းနေကြပြီဟုတ်၊ရီတ်ကြည့်ပါဗျာ..ဟောဒီတရားလေး…။

ဗုဒ္ဓမြတ်စွာလောင်းလျာတုံးက
နောက်ဆုံးအထိပါရမီ
လူနတ်များစွာချမ်းသာရေးတွက်
အသက်ပေးလို့ကျင့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာသာသနာအတွက်မို့
ငါပါအသက်ဆုံးစေမည်၊
နောက်မဆုတ်ပေါင်ခုလိုတွေးလို့
ကုသိုလ်ရေးမို့ကြိုးစားမည်။

ကြိုးစားလိုက်ရအောင် ဗျာ…

လေးစာစွာဖြင့် ဥပသကာ


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP