၂၁။ ကုရုတိုင်း၊ ကမ္မာသဓမ္မနိဂုံး၌ ရဟန်းတို့ အား ဘုရားဟောသော သတိရှေ့ ထားတရား
“ရဟန်းတို့ - သတိထားမှုဟာ လူတွေငြိမ်းချမ်းဖို့ နဲ့  ငြိမ်းချမ်ရေးလမ်းရဖို့  လမ်းတစ်ကြောင်း ဖြစ်တယ်”
“ဘယ်မှာ သတိထားရမှာလဲ ဗုဒ္ဓအသျှင်”
“ကိုယ်၊ စိတ်၊ ဝေဒနာနဲ့  သဘောဓမ္မတွေမှာပဲ ရဟန်းတို့ ”
“ဘယ်လို သတိထားရမှာလဲ ဗုဒ္ဓအသျှင်”
“အဘိဇ္ဈာနဲ့  ဒေါမနဿ လို့ ဆိုတဲ့ စိတ်ဆာ၊ စိတ်ဆိုး တွေကို သတိ ပညာ ဝီရိယတွေနဲ့  ဖျောက်ပြီး အလျော်အတိုင်း မြင်အောင် နေဖို့ ပဲ”
“ကိုယ် ဆိုတာ ဘယ်ဟာတွေလည်း ဗုဒ္ဓအသျှင်”
“ထွက်သက် ဝင်သက်တို့  ဣရိယာပုတ်တို့ ၊ လှုပ်ရှားမှုတို့ ။ ခြေဖျား ဆံဖျားအထိ အစိတ်အပိုင်းတွေတို့ ။ ကြမ်း၊ နု၊ ပူ၊ အေး စတဲ့ ဓါတ်တို့ ။ သည်ကိုယ်ကောင်ကြီးတို့ ပေါ့”
“ခံစားမှု- ဆိုတာကော ဘယ်လိုဟာတွေပါလဲ ဗုဒ္ဓအသျှင်”
“ဆင်းရဲ ခံစားမှု၊ ချမ်းသာ ခံစားမှု၊ လစ်လျူ ခံစားမှု တို့ ပဲ”
“စိတ်- ဆိုတာကကော အသျှင်”
“ရာဂ၊ ဒေါသ၊ မောဟ၊ သံခိတ္တ၊ မဟဂ္ဂတ၊ သဥတ္တရ၊ သမာဟိတ၊ ဝိမုတ္တနဲ့  အပြန်စိတ်တွေပေါ့”
“သဘောဓမ္မ ကကော ဗုဒ္ဓအသျှင်”
“နီဝရဏ၊ ခန္ဓာ၊ အာယတန၊ ဗောဇ္ဈင်္ဂ၊ သစ္စ- တွေပဲ”
“ဗုဒ္ဓအသျှင်- ကိုယ်- အစရှိတာတွေကို အကြိုက် အမုန်းမပါဘဲ ကိုယ်- အစရှိတာတွေ အတိုင်း အလျော်မြင်အောင် နေတော့ ဘာတွေ ဖြစ်မှာမို့ လဲ”
“ကိုယ်- အစရှိတာတွေရဲ့ အဖြစ်- အပျက် အမှန်တွေနဲ့  (အသည် အဖြစ်- အပျက်ရဲ့ အကြောင်း အမှန်တွေ) မြင်နေတာ ဖြစ်တာပေါ့ ရဟန်းတို့ ”
“မြင်တော့ ဘာအကျိုး ရလို့ လဲ ဗုဒ္ဓအသျှင်”
“ကိုယ်- အစရှိတာတွေကို စင်စင်ပဲ သတိ- ထင်လာတယ်”
“သတိ ထင်တော့ ဘာအကျိုးရှိလဲ အသျှင်”
“သတိ၊ ပညာ၊ ဉာဏ် - အဆင့်ဆင့် တိုးလာတယ်”
“ဘယ်လို သတိ၊ ပညာ၊ ဉာဏ်တွေပါလဲ ဗုဒ္ဓအသျှင်”
“အယူအစွဲမဲ့- ဆင်ခြင်အောက်မေ့မှုတွေပေါ့”
“သည်တော့ ဘာဖြစ်လဲ အသျှင်”
“အစွဲလွတ်တာဟာ နိဂုံးပေါ့။ အယူအစွဲ မရှိဘဲ အမှန်အတိုင်း နေရတာ ငြိမ်းချမ်းတာပဲ”
“ဟုတ်ပါပြီ ဗုဒ္ဓအသျှင်၊ ဝမ်းသာလှပါတယ်”
၂၁။ ကုရုတိုင်း၊ ကမ္မာသဓမ္မနိဂုံး၌ ရဟန်းတို့ အား ဘုရားဟောသော သတိရှေ့ ထားမတရား

0 comments:
Post a Comment