* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, May 30, 2009

သမ္မာသမာဓိနှင့် ရိုးရိုးသမာဓိ


သမ္မာသမာဓိနှင့် ရိုးရိုးသမာဓိ ဘယ်လို ကွာခြားသလဲ ဟုမေးစရာရှိပါတယ်။ လိုချင်မှု ၊ဖြစ်ချင်မှု၊ရချင်မှုဟူသော ပရိယုဋ္ဌာနကိလေသာ ငြိမ်းအေးရာမှာ အတူတူပင်ဖြစ်ပါတယ်။ သမ္မာသမာဓိသည် ခဏ ခဏ တိုင်းပျက်သောအာရုံဖြစ်သောကြောင့် (ပျက်နေတယ်)ဟူသော အရှုခံ၊အမှီခံအာရုံကို ကျေနပ် နေတတ်ပါတယ်။ ထိုအာရုံနှင့် အာရုံကိုကျေနပ်သောစိတ်က ဝိပဿနာအာရုံဖြစ်သော အမှီခံတရားကို ကွယ်ကာ ထားတတ်ပါတယ်။

ဘာကိုပဲအားထုတ်အားထုတ် လိုချင်ဖြစ်ချင်မှု ပရိယုဋ္ဌာန ကိလေသာမငြိမ်းလျှင် တရားအား ထုတ် တယ်ဆိုတာလုံးဝမဟုတ်တော့ပါဘူး။

(၃) မိစ္ဆာသမာဓိ ဟူသည်မှာ မိမိကြိုက်သောအာရုံပေါ်မှာ လိုချင်မှု ဖြစ်ချင်မှု ရချင်မှုဟူသော ပရိယုဋ္ဌာန ကိလေသာများဖြင့်တည်ခြင်း ကို မိစ္ဆာသမာဓိလို့ခေါ်ပါတယ်။

ဥပမာ-ငါးမျှားသူ၏ ဖေါ့ ဟူသောအာရုံပေါ်မှာ တည်ခြင်း၊

ချဲထိုးချဲတွက်သူ၏ -ဂဏန်းဟူသော အာရုံပေါ်မှာတည်ခြင်း၊

ဖဲရိုက်သူ၏ -ဖဲဟူသောအာရုံပေါ်မှာတည်ခြင်း၊

ခြင်းခတ်သူ၏ ခြင်းဟူသော အာရုံပေါ်မှာတည်ခြင်း၊

ဘောလုံးကန်သူ၏ -ဘောလုံးဟူသောအာရုံပေါ်မှာတည်ခြင်း၊

တီဗွီ ကြည့်သူ၏ -တီဗွီ ဟူသောအာရုံမှာတည်ခြင်း၊

ရည်းစားထားသူ၏ -ရည်းစားဟူသောအာရုံမှာတည်ခြင်း ၊

ဇနီးမောင် နှံတို့ ၏-လင်မယားဟူသောအာရုံမှာတည်ခြင်း၊———အစရှိသော မြောက်များလှစွာသော အာရုံတွေပေါ်မှာ လိုချင်မှု၊ဖြစ်ချင်မှု၊ရချင်မှုများဖြင့် တည်နေစွဲနေခြင်း အားလုံးသည် မှားယွင်းစွာ တည်ခြင်း မိစ္ဆာသမာဓိ လို့ခေါ်ပါတယ်။

ထိုလိုချင်မှု၊ဖြစ်ချင်မှု၊ရချင်မှု ဖြစ်တည်ခြင်းဟူသော မိစ္ဆာသမာဓိကြောင့်ပင် ပရိယုဋ္ဌာန ကိလေသာ ဖြစ်ပြီး ကာယကံ၊ဝစီကံ ကျူးလွန်ခြင်း၊ဝိတိက္ကမကိလေသာ တွေဖြစ်ကာ အပါယ်လေးဘုံ ကိုသွားကြ ရပါ တယ်။ အချိန်မလွန်ခင် မိစ္ဆာသမာဓိရှိသော ပုဂ္ဂိုလ်ဘဝမှ ရိုးရိုးသမာဓိ၊ သမ္မာသမာဓိရှိသော ပုဂ္ဂိုလ်ဘဝသို့ပြောင်းနိုင်အောင် ကြိုးစားကြရမှာဖြစ်ပါတယ်ဘုရား။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP