ကုသိုလ်ဖြစ်မဲ့ ဒီနှစ်သင်္ကြန်
ကုသိုလ်ဖြစ်မဲ့ ဒီနှစ်သင်္ကြန်
သင်္ကြန်ချိန်ခါဆို
မေတ္တာရေစဉ်လာင်းခဲ့ ချစ်သူခင်ပျို အလှဆုံးကို
မပျက်မကွက်ပုံမှန်ဆိုသလို ချစ်ခဲ့တဲ့ ချစ်သူ ၂-ဦးကို
ကဲလွန်လွန်းသတဲ့ဆို။
ကဲတယ်ဆိုချင်ဆို
သစ္စာတည်သူ အချစ်မို့ ချစ်သူတာဝန်ကျေဖို့လို
မပေးအပ်တဲ့ ဒီတာဝန်ကို ထမ်းရွက်ဖို့ ကတိစကားများ
ဝမ်းသာအားရဆို။
ဒီနှစ်တွက်ကို ခွင့်တောင်းဖို့လို
ကျေးဇူးရှင် မိဘ ၂-ပါးက အပျော်အပါး မလိုက်စားစေလို
မမိုက်မှားဖို့ သားတော်မောင်ကို စခန်းဝင်ရမတဲ့ဆို။
ပါရမီဖြည့်မဲ့ ချစ်သူခင်ကို
မောင်ကလည်း မှာကြားချင်သကို
ဒီနှစ်တော့ မဏ္ဍပ်မသွားဘဲ
ဥပုသ်တရားပဲ စွဲမြဲစေလို။

(ရေးတာတော့ သီချင်းလေးလို ရေးချင်တာ။ ဒါပေမဲ့ ဂီတကို နားမလည်တော့ သီချင်းမဟုတ်၊ ကဗျာမဟုတ်ဖြစ်သွားတယ်။ ဘာပဲဖြစ်ဖြစ် ဒီနှစ်သင်္ကြန် အမှတ်တရ ရေးထားတာလေး တင်ပေးလိုက်ပါတယ်။ အားနာပါးနာ ကောင်းတယ်လို့ ပြောပေးကြပါ။ :) ကျေးဇူးတင်ပါတယ်ခင်ဗျာ။)

1 comments:
သီချင်းလေးနဲ့လည်း တူပါတယ် ..း)
Post a Comment