* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 6, 2009

ထက်မြက်သော လှံမဖြင့် ရင်ဝ၌ထိုးဆွ ...

အဂ္ဂိက္ခန္ဓောပမသုတ်-မှ...

ရဟန်းတို့ ...
ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊

ခွန်အားရှိသော ယောက်ျားသည် ဆီဖြင့် ကျောက်တုံး၌ သွေးအပ်သော ထက်မြက် သော လှံမဖြင့် ရင်ဝ၌ ထိုးဆွရာ၏။ မင်းမျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ ပုဏ္ဏားမျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ် ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသော ဥစ္စာ နှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း လက်အုပ်ချီခြင်းကို သာယာရာ၏၊ ထိုနှစ်မျိုးတို့တွင် အဘယ်အရာသည် မြတ်သနည်း ဟု (မေးတော်မူ၏)။

အသျှင်ဘုရား မင်းမျိုး၌ဖြစ်၍ များသောဥစ္စာ နှစ်ရှိကုန်သော သူတို့၏သော် လည်း ကောင်း၊ ပုဏ္ဏားမျိုး၌ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော် လည်း ကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော် လည်း ကောင်း လက်အုပ်ချီခြင်းကို သာယာခြင်းသည်သာလျှင် မြတ်လှပါ၏၊ အသျှင် ဘုရား ခွန်အားရှိသော ယောက်ျားသည် ဆီဖြင့် ကျောက်တုံး၌ သွေးအပ်သော ထက်မြက်သော လှံမဖြင့် ရင်ဝ၌ ထိုးဆွခြင်းသည်ကား ဆင်းရဲလှပါ၏ဟု လျှောက် ကြကုန်၏။

ရဟန်းတို့ သင်တို့အား ငါဟောကြားအံ့၊ သိစေအံ့။ပ။ ယောက်သွားပုပ်နှင့် တူသော သဘောရှိသော သီလမရှိသော ထိုဒုဿီလပုဂ္ဂိုလ်အား ခွန်အားရှိသော ယောက်ျား သည် ဆီဖြင့်ကျောက်တုံး၌ သွေးအပ်သော ထက်မြက်သော လှံမဖြင့် ရင်ဝ၌ထိုးဆွ ခြင်းသည်သာလျှင် မြတ်၏။

ထိုသို့ မြတ်ခြင်းသည် အဘယ့်ကြောင့်နည်း။

ရဟန်းတို့ ထိုလှံမဖြင့် ရင်ဝသို့ ထိုးဆွခြင်းဟူသော အကြောင်းကြောင့် ထိုပုဂ္ဂိုလ် သည် သေခြင်းသို့မူလည်း ရောက်ရာ၏၊ သေလောက်သောဆင်းရဲ ဒုက္ခသို့မူလည်း ရောက်ရာ၏၊ ထိုလှံမဖြင့် ရင်ဝ၌ထိုးဆွခြင်း အကြောင်းကြောင့် ခန္ဓာကိုယ် ပျက်စီး ၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ကား မကျရောက်ရာ။

ရဟန်းတို့ ယုတ်ညံ့သော သဘောရှိသော။ပ။
ယောက်သွားပုပ်နှင့် တူသောသဘောရှိသော ပုဂ္ဂိုလ်အား မင်းမျိုး၌ဖြစ်၍ များသော ဥစ္စာ နှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ ပုဏ္ဏားမျိုး၌ဖြစ်၍ များသော ဥစ္စာနှစ် ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ သူကြယ်မျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း လက်အုပ်ချီခြင်းကို သာယာ ခြင်းသည် ကာလကြာမြင့်စွာ စီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်၏၊ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ကျရောက်ရ၏။ (၃)

၈ - အဂ္ဂိက္ခန္ဓောပမသုတ်-မှ၊ မဟာဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်။၇၂

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP