* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 1, 2009

ရိုးတွင်းချဉ်ဆီ ကို ထိလျက် တည်ရာ၏...

အဂ္ဂိက္ခန္ဓောပမသုတ်-မှ...
ရဟန်းတို့ ...
ထိုအရာကို မည်သို့ မှတ်ထင်ကြကုန် သနည်း...

ခွန်အားရှိသော ယောက်ျားသည် မြဲမြံခိုင်ခံ့သော သားမြီးကြိုးဖြင့် ခြေသလုံးနှစ်ဖက် တို့ကို ရစ်ပတ်၍ ပွတ်တိုက်ရာ၏၊ ထိုသားမြီး ကြိုးသည် အပေါ်အရေကို ဖြတ်ရာ၏၊ အပေါ်အရေကို ဖြတ်ပြီးလျှင် အတွင်းအရေကို ဖြတ်ရာ၏၊ အတွင်းအရေကို ဖြတ် ပြီးလျှင် အသားကို ဖြတ်ရာ၏၊ အသားကို ဖြတ်ပြီးလျှင် အကြောကို ဖြတ်ရာ၏၊ အကြောကို ဖြတ်ပြီးလျှင် အရိုးကို ဖြတ်ရာ၏၊ အရိုးကို ဖြတ်ပြီးလျှင် ရိုးတွင်းချဉ်ဆီ ကို ထိလျက် တည်ရာ၏၊

မင်းမျိုး၌ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ ပုဏ္ဏား မျိုး၌ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ သူကြွယ် မျိုး၌ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း ရှိခိုးခြင်းကို သာယာရာ၏။ ထိုနှစ်မျိုးတို့တွင် အဘယ်အရာသည် မြတ်သနည်း ဟု မေးတော် မူ၏။

အသျှင်ဘုရား ...
မင်းမျိုး၌ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း ပုဏ္ဏား မျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ သူကြွယ် မျိုး၌ ဖြစ်၍ များသော ဥစ္စာ နှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း ရှိခိုးခြင်း ကို သာယာခြင်းသည်သာလျှင် မြတ်ပါ၏၊

အသျှင်ဘုရား ခွန်အားရှိသော ယောက်ျားသည် မြဲမြံခိုင်ခံ့သော သားမြီးကြိုးဖြင့်။ပ။ ရိုးတွင်း ချဉ်ဆီကို ထိ၍ တည်ခြင်းသည် ဆင်းရဲလှပါ၏ ဟု လျှောက်ကြကုန်၏။

ရဟန်းတို့ ...
သင်တို့အား ငါဟောကြားအံ့၊ သိစေအံ့။ ယုတ်ညံ့သော သဘောရှိသော၊ မစင်မ ကြယ် စက်ဆုပ်ရွံရှာဖွယ် အကျင့်ရှိသော၊ ဖုံးလွှမ်းအပ်သော မကောင်းမှုရှိသော၊ ရဟန်းမဟုတ်ဘဲလျက် ငါရဟန်းဟုဝန်ခံသော၊ မြတ်သောအကျင့်ကို မကျင့်ဘဲ လျက် မြတ်သော အကျင့်ကို ကျင့်သည်ဟု ဝန်ခံသော၊ အတွင်း၌ ကိလေသာ တို့ဖြင့် ပုပ်သော၊ ကိလေသာတို့ဖြင့် စိုစွတ်သော၊ ယောက်သွားပုပ်နှင့် တူသော သဘောရှိသော ထိုဒုဿီလ ပုဂ္ဂိုလ်အား ခွန်အားရှိသော ယောက်ျားသည် မြဲမြံခိုင် ခံ့သော သားမြီးကြိုးဖြင့် ခြေသလုံးနှစ်ဖက်တို့ကို ရစ်ပတ်၍။ ပွတ်တိုက်ရာ၏၊ ထို သားမြီးကြိုးသည် အပေါ်အရေကို ဖြတ်ရာ၏၊ အပေါ်အရေကို ဖြတ်ပြီးလျှင် အတွင်းအရေကို ဖြတ်ရာ၏၊ အတွင်းအရေကို ဖြတ်ပြီးလျှင် အသားကို ဖြတ်ရာ၏၊ အသားကို ဖြတ်ပြီးလျှင် အကြောကို ဖြတ်ရာ၏၊ အကြောကို ဖြတ်ပြီးလျှင် အရိုးကို ဖြတ်ရာ၏၊ အရိုးကို ဖြတ်ပြီးလျှင် ရိုးတွင်းချဉ်ဆီကို ထိလျက် တည်ရာ၏...၊
ရိုးတွင်း ချဉ်ဆီကို ထိ၍ တည်ခြင်းသည်သာလျှင် မြတ်၏။

ထိုသို့ မြတ်ခြင်းသည် အဘယ့်ကြောင့်နည်း။

ရဟန်းတို့ ...
ထိုသားမြီးကြိုးဖြင့် ခြေသလုံးကို ပွတ်တိုက်ခြင်းဟူသော အကြောင်းကြောင့် ထို ရဟန်းသည် သေခြင်းသို့မူလည်း ရောက်ရာ၏၊ သေလောက်သော ဆင်းရဲဒုက္ခသို့ မူလည်း ရောက်ရာ၏၊ ထိုသားမြီးကြိုးဖြင့် ခြေသလုံးကို ပွတ်တိုက်ခြင်းတည်းဟူ သော အကြောင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာ ကင်းသော မကောင်းသောလားရာ ပျက်စီး၍ကျရောက်ရာ ငရဲသို့ကား မကျ ရောက်ရာ။

ရဟန်းတို့ သီလ မရှိကုန်သော ။ပ။ ယောက်သွားပုပ်နှင့် တူသော သဘောရှိသော ထိုပုဂ္ဂိုလ်အား မင်းမျိုး၌ ဖြစ်၍ များသောဥစ္စာ အနှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ ပုဏ္ဏားမျိုး၌ ဖြစ်၍ များသောဥစ္စာ အနှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသောဥစ္စာ အနှစ်ရှိကုန်သော သူတို့၏ သော် လည်းကောင်း ရှိခိုးခြင်းကို သာယာခြင်းသည် ကာလ ကြာမြင့်စွာ စီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ကျရောက်ရ၏။ (၂)

၈ - အဂ္ဂိက္ခန္ဓောပမသုတ်-မှ၊ မဟာဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်။၇၂

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP