* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 1, 2009

ရဟန်းတို့ ပျင်းရိခြင်း၏ အကြောင်း ...

ကုသီတာရမ္ဘဝတ္ထုသုတ်-မှ
(ကုသီတာ=ပျင်းရိသည့်အဖြစ်။ ရမ္ဘာ=မွေ့လျော်သည်၊ နတ်သမီး)

ရဟန်းတို့ ပျင်းရိခြင်း၏ အကြောင်းတို့သည် ဤရှစ်မျိုးတို့တည်း။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ-

၁...
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အမှုကိစ္စကို ပြုလုပ်ရမည် ဖြစ်၏၊
ထိုရဟန်းအား ''ငါသည် အမှုကိစ္စကို ပြုလုပ်ရတော့မည်၊ အမှုကိစ္စကို ပြုလုပ်သော ငါ၏ ကိုယ်သည် ပင်ပန်းလိမ့်မည်၊ ယခု ငါသည် အိပ်ဦးမည်'' ဟု စိတ်ဖြစ်၏။ ထို ရဟန်းသည် အိပ်၏၊ မရောက်ရသေးသော တရားသို့ ရောက်ရန် မရသေးသည့် တရားကိုရရန် မျက်မှောက် မပြုရသေးသည့် တရားကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။
ရဟန်းတို့ ဤသည်ကား ပဌမ ပျင်းရိခြင်း၏ အကြောင်းတည်း။

၂...
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အမှုကိစ္စကို ပြုလုပ်ပြီး ဖြစ်၏၊
ထိုရဟန်းအား ''ငါသည် အမှုကိစ္စကို ပြုလုပ်ပြီးပြီ၊ အမှုကိစ္စကို ပြုလုပ်ပြီးသော ငါ၏ ကိုယ်သည် ပင်ပန်း၏၊ ယခု ငါသည် အိပ်ဦးမည်'' ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသော တရားသို့ ရောက်ရန် မရသေးသည့် တရားကို ရရန် မျက်မှောက် မပြုရသေးသည့် တရားကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။
ရဟန်းတို့ ဤသည်ကား ဒုတိယ ပျင်းရိခြင်း၏ အကြောင်းတည်း။

၃...
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ခရီးသွားရတော့မည် ဖြစ်၏၊
ထိုရဟန်းအား ''ငါသည် ခရီးသွားရတော့မည်၊ ခရီးသွားနေသော ငါ၏ ကိုယ်သည် ပင်ပန်းလိမ့်မည်၊ ယခု ငါသည် အိပ်ဦးမည်''ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသော တရားသို့ရောက်ရန် မရသေးသည့် တရားကိုရရန် မျက် မှောက် မပြုရသေးသည့် တရားကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။
ရဟန်းတို့ ဤသည်ကား တတိယ ပျင်းရိခြင်း၏ အကြောင်းတည်း။

၎...
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ခရီးသွားပြီး ဖြစ်၏၊
ထိုရဟန်းအား ''ငါသည် ခရီးသွားပြီးပြီ၊ ခရီးသွားပြီးသော ငါ၏ ကိုယ်သည် ပင်ပန်း ၏၊ ယခု ငါသည် အိပ်ဦးမည်'' ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် အိပ်၏၊ မရောက်ရ သေးသော တရားသို့ ရောက်ရန် မရသေးသော တရားကို ရရန် မျက်မှောက် မပြုရ သေးသည့် တရားကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။
ရဟန်းတို့ ဤသည်ကား စတုတ္ထ ပျင်းရိခြင်း၏ အကြောင်းတည်း။

၅...
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ရွာသို့ လည်းကောင်း၊ နိဂုံးသို့ လည်း ကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်း ဖြစ်သော, နုသည်လည်း ဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံအောင် မရ၊ ထိုရဟန်းအား ''ငါ သည် ရွာသို့ လည်းကောင်း၊ နိဂုံးသို့ လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်း ဖြစ်သော, နုသည်လည်း ဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိ တိုင်း ပြည့်စုံအောင် မရခဲ့၊ ဆွမ်းခံသွားသော ထိုငါ၏ ကိုယ်သည် ပင်ပန်း၏၊ အမှုကိစ္စ ပြုလုပ်ရန် မလျောက်ပတ်သေး၊ ယခု ငါသည် အိပ်ဦးမည်'' ဟု စိတ်ဖြစ် ၏။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို အားမထုတ်။
ရဟန်းတို့ ဤသည်ကား ပဉ္စမ ပျင်းရိခြင်း၏ အကြောင်းတည်း။

၆...
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ရွာသို့ လည်းကောင်း၊ နိဂုံးသို့ လည်း ကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်း ဖြစ်သော နုသည်လည်း ဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံအောင် ရခဲ့၏၊ ထိုရဟန်းအား ''ငါ သည် ရွာသို့ လည်းကောင်း၊ နိဂုံးသို့ လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်း ဖြစ်သော နုသည်လည်း ဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိ တိုင်း ပြည့်စုံအောင် ရခဲ့၏၊ ထိုငါ၏ ကိုယ်သည် လေး၏၊ အမှုကိစ္စကို ပြုလုပ်ရန် မလျောက်ပတ်သေး၊ စိုစွတ်သော ပဲကဲ့သို့ လေး၏၊ ယခု ငါသည် အိပ်ဦးမည်'' ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို အားမထုတ်။
ရဟန်းတို့ ဤသည်ကား ဆဋ္ဌ ပျင်းရိခြင်း၏ အကြောင်းတည်း။

၇...
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းအား အနည်းငယ်မျှသော အနာရောဂါသည် ဖြစ်၏၊ ထိုရဟန်းအား ''ငါ့အား အနည်းငယ်မျှသော ဤအနာရောဂါသည် ဖြစ်၏၊ အိပ်ခြင်းငှါ လျောက်ပတ်၏၊ ယခု ငါသည် အိပ်ဦးမည်'' ဟု စိတ်ဖြစ်၏။ ထိုရဟန်း သည် အိပ်၏၊ ဝီရိယကို အားမထုတ်။
ရဟန်းတို့ ဤသည်ကား သတ္တမ ပျင်းရိခြင်း၏ အကြောင်းတည်း။

၈...
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အနာရောဂါမှ ထမြောက်၏၊ အနာ ရောဂါမှ ထမြောက်၍ မကြာသေးချေ၊ ထိုရဟန်းအား ''ငါသည် အနာရောဂါမှ ထ မြောက်၏၊ အနာရောဂါမှ ထမြောက်၍ မကြာသေး၊ ထိုငါ၏ ကိုယ်သည် အားမရှိ၊ အမှုကိစ္စ ပြုလုပ်ရန် မလျောက်ပတ်သေး၊ ယခု ငါ အိပ်ဦးမည်'' ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသည့် တရားသို့ ရောက်ရန် မရသေးသည့် တရားကို ရရန် မျက်မှောက် မပြုရသေးသည့် တရားကို မျက်မှောက်ပြုနိုင်ရန် ဝီရိယကို အားမထုတ်။
ရဟန်းတို့ ဤသည်ကား အဋ္ဌမ ပျင်းရိခြင်း၏ အကြောင်းတည်း။

ရဟန်းတို့ ပျင်းရိခြင်း၏ အကြောင်းတို့သည် ဤရှစ်မျိုးတို့တည်း။၈၀

သူနှင့်အပြန်သည်ကား မွေ့လျော်သောသူဖြစ်ပေ၏...။

၁ဝ - ကုသီတာရမ္ဘဝတ္ထုသုတ်-မှ၊ ယမက၀ဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP