* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, April 28, 2009

အမိမြေသို့ အလည်တစ်ခေါက်ပြန်ခြင်းမှတ်တမ်း



ဟူစတင် လေဆိပ်

ဟူစတင်လေဆိပ်တွင် ရောက်ရှိစဉ်


စင်ကာပူ ချန်ဂီလေဆိပ်အတွင်း

မနက်ဖြန် ရွှေပြည်တော် အမိမြေသို့ ၂၀၀၉၊ ဖေဖ၀ါရလီ (၄)ရက်နေ့မှာ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ဖွင့်ပွဲ, ဘီအေဘွဲ့ရသော သီတဂူကျောင်းသားများအား ဘီအေဘွဲ့အပ်နှင်း သည့်ပွဲ,ဗုဒ္ဓဘာသာ ပညာရပ်ဆိုင်ရာ အစည်းအဝေးပွဲကြီးနှင့် ရွှေကျင်နိကာယဆိုင်ရာ ၁၇ကြိမ် မြှောက် အစည်းအဝေးပွဲကြီးများ တက်ရောက်ရန် ဝေဇယန္တာဆရာတော် ဦးမဟောသဓပဏ္ဍိတ ဦးဆောင်သော Myanmar Trip Group နှင့်အတူ အလည်အပတ် အဖြစ် ခြေချခွင့် ရရှိခဲ့သည်။ ခရီးစဉ်သည် တက္ကဆက်ပြည်နယ် ဟူစတမ်မြို့ မှ ရရှားနိုင်ငံ မော်စကို၊ ထိုမှ တစ်ဆင့် စင်ကာပူ ချန်ဂီလေဆိပ်တွင် တစ်ထောက်နားကာ အမိမြေသို့ Silk Air Line ဖြင့် ချောမောစွာ ဆင်းသက် နိုင်ခဲ့သည်။

လေဆိပ်တွင် သီတဂူဦးဇင်းများနှင့် သီတဂူ ဒကာဒကာမများ၊ မနက်ဖြန်၏ ဆွေမျိုးမိတ်ဆွေ များအားလုံး ပျော်ပျော်ပါးပါး လာရောက်ကြိုဆိုကြသည်။ ခရီးစဉ်သည် အရမ်းပင် ပျော်ရွှင်စရာ ကောင်းသည့် ခရီးစဉ်ကြီး တစ်ခုဖြစ်သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ်ကြီးက လည်း ချန်ဂီလေဆိပ်အလား တစ်ချိန်က လေဆိပ်နှင့်မတူခမ်းနားသည်ကို တွေ့ ရသည်။

၂၀၀၉- ဖေဖ၀ါရီ (၅)ရက်နေ့မှာပင် မနက်ဖြန်တို့ အဖွဲ့သည် နေ့လယ်စာ စားပြီး ခဏနားကာ မန္တလေးသို့ နေ့လယ် ၁နာရီလေယဉ်ဖြင့် ခရီးဆက်ခဲ့ကြသည်။ စစ်ကိုင်း သီတဂူဗုဒ္ဓ တက္ကသိုလ်မှ လာရောက်ကြိုဆိုကြ သဖြင့် မန္တလေးတောင်ခြေရှိ ပထမရွှေကျင်ဆရာတော် ဘုရားကျောင်းသို့ (ဓမ္မိကာရာရွှေကျင်ကျောင်းတိုက်)သို့ ရောက်ရှိခဲ့ကြပြန်သည်။

ထိုကျောင်းတိုက်မှာပင် မနက်ဖြန်တို့အဖွဲ့သည် ၃ရက်တိတိ နားခိုးကာ ရွှေကျင်အစည်းဝေကြီး ကိုပါဝင်တက် ရောက်ခွင့် ရရှိခဲ့သည်။ ထိုအစည်းဝေးကြီးကို သီတဂူဆရာတော်နှင့် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒတို့မှ အဓိကတာဝန်ယူ ထောက်ပံ့ပေးခြင်းဖြစ်သည်။ သုံးနှစ်တစ်ခါ ကျင်းပမြဲဖြစ်သော ရွှေကျင်အစည်းဝေးကြီးကို နှစ်စဉ်လိုလို တာဝန်ယူ အကုန်ကျခံကာ ရွှေကျင်ဂိုဏ်းကြီးအတွက် အားထားရသော သီတဂူဆရာတော် ဘုရားကြီးကို လက်ရှိ ရွှေကျင်နိကာယ သာသနာပိုင် ၀ါဆိုဆရာတော်ဘုရားကြီးမှ ယခု ၁၇ကြိမ်မြောက် အစည်းဝေးကြီး တွင် သကလရဋ္ဌ သာသနောပကာရ ၀ိသိဋ္ဌပုဂ္ဂလဘွဲ့ တံဆိပ်တော်ကို ချီးမြှောက်တော်မူခဲ့ ပေသည်။



‘’ဦးအဂ္ဃိယက ဒီဦးဇင်းလေး(သီတဂူဆရာတော်)ကို မျက်နှာလိုက်ပြီး ဒီဘွဲ့ကို ပေးတာလို့ အများက ထင်ကြမယ်၊ ငါကပေးတာမဟုတ်ဘူးကွ။ တိုင်ပြည်နဲ့ သာသနာက ဒီဦးဇင်းလေးကို ပေးတာ။ မင်းတို့ သူလိုရချင်ရင် သူလိုလုပ်ကြ၊ ဒါပဲ’’ ဟု ၀ါဆိုဆရာတော်ကြီးမှ မိန့်တော်မူကာ သီတဂူဆရာတော်ဘုရားအား အထက်ပါဘွဲ့ကို အပ်နှင်း ချီးမြင့်တော်မူခဲ့သည်။ ဘွဲ့တံဆိပ်၏ အမည်နာမကို စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရ၀ါတက္ကသိုလ်ကြီး၏ ပါမောက္ခချုပ်ဖြစ်တော်မူသော ဒေါက်တာ နန္ဒမာလာဘိဝံသမှ ရွှေကျင်ဂိုဏ်းအစည်းဝေးကြီးတွင် ရွေးချယ်ကာ ဂိုဏ်းသံဃာအားလုံးက သဘောတူလက်ခံ ဆုံးဖြတ် သတ်မှတ်ပေးသည့် အမည်ဖြစ်ပေသည်။

အဓိပ္ပါယ်အနေဖြင့် သကလရဋ္ဌံစ သာသနံစ ဥပကာရော ဟုတွာ ၀ိသိဋ္ဌပုဂ္ဂလော- မြန်မာပြည် တစ်ခုလုံးနှင့် သာသနာတော်ကြီးအတွက် အကျိုးကျေးဇူးများလုပ်ဆောင်ပေးနိုင်သည့်အတွက် တကယ့်ပင် ထူးခြားသည် သာသနာ့အာဇာနည် ပုဂ္ဂိုလ်ထူးဖြစ်သည်။







အစည်းအဝေးသို့ ကြွရောက်လာသည့် ဆရာတော်များကို တစ်စုတဝေးတည်း ဖူးမျှော်တွေ့ ဆုံခွင့် ရရှိသည့် အခွင့်ရေးတစ်ရပ်ကို မနက်ဖြန်တို့ အဖွဲ့သားများ အားလုံး ရရှိခဲ့သည်။ မနက်ဖြန်၏ ဆရာသမားများအားလုံး နီးပါးကိုလည်း ထိုအစည်းအဝေးကြီးတွင် ပြန်လည် ဖူးတွေ့ခွင့် ရခဲ့သည်။



သိရိလင်္ကာမှ ရွှေကျင်ဂိုဏ်းဝင် ဆရာတော်

ရွှေကျင်အစည်းအဝေးကျင်းပသည် ကျောင်းတော်

ပထမရွှေကျင်ဆရာတော်ကြီး၏ ကျောင်းတော်ကို စတင်ခြေချမိသည်နှင့် သာသနာအတွက် လေးလေးနက်နက် သာသနာပြု လုပ်ဆောင်သွားကြသည့် ရွှေကျင်သာသနာပိုင်အဆက်ဆက် ဆရာတော်များ၏ ရုပ်တုတော်များကို ပထမရွှေကျင်ဆရာတော် ဘုရားကြီးအတွက်ရည်စူး၍ မင်းတုန်းမင်းရှင်ဘုရင် လှူဒါန်း ထားသည့် ကျွန်းကျောင်းကြီးပေါ်တွင် ဖူးမျှော်ခဲ့ရသည်။







အစည်းအဝေး၏ နောက်ဆုံးနေ့ တပိုတွဲလပြည့်နေ့တွင် ဓမ္မိကာရာမတိုက်အတွင်းရှိ ပထမရွှေကျင် ဆရာတော် ဘုရားကြီး သမုတ်ထားသည် သိမ်တော်မြတ်တွင် သံဃာဥပုဒ်ကို ပြုခွင့်ရသည်မှာ မနက်ဖြန်၏ ရဟန်းဘ၀တွင် အထူးမြတ်ဆုံး အသာဆုံးသော အခွင့်ရေးကြီး တစ်ခုပင်ဖြစ်ပေသည်။

သံဃာ့ဥပုသ်ပြုတော်မူကြစဉ်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP