* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, April 28, 2009

စဉ်းစားဆင်ခြင်ခြင်းကို စဉ်းစားခြင်း

ဦးအေးမောင်ရဲ့ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ စာအုပ်နဲ့ ပတ်သက်ပြီး လွတ်လပ်စွာ တွေးတတ်သူ မိတ်ဆွေတစ်ဦးနဲ့ အခြေအတင် ပြောခဲ့ရဖူးတယ်။ ဒီစာအုပ်နဲ့ ပတ်သက်ပြီး သူနဲ့အမြင်မတူတာတွေရှိတယ်။ မတူတဲ့ အမြင်တွေကို တိုက်ရိုက် ဆွေးနွေးကြဖို့ သဘောတူကြတယ်။ အနည်းငယ်လည်း ပြောခဲ့ဖူးတယ်။

လက်တွေ့မှာနည်းနည်းပြောကြရုံနဲ့

"ဦးအေးမောင်ဟာ အနောက်တိုင်းက ပညာရှင်တွေရဲ့ အမြင်တွေကို သုံးသပ်ပြတာ၊ ကောက်ချက်ဆွဲပြတာ" ဆိုတာမှာ တစ်ချက် "ဦးအေးမောင်ရဲ့ စာအုပ်မှာ ဆင်ဆာတွေများလွန်းလို့ စာရေးဆရာရဲ့ အဆိုများမှာ ဆိုလိုရင်းအတိုင်း ဖြစ်ချင်မှဖြစ်မယ်" ဆိုတဲ့ နေရာမှာတစ်ချက် သဘောတူမိသွားပြီး ဆွေးနွေးလိုတဲ့ ဆန္ဒများ နည်းနည်းစီ လျော့သွားကြတယ်။

စာအုပ်တစ်အုပ်လုံး ကိုယ်စီရတဲ့အထိ စောင့်ကြမယ်ဆိုပြီး ဆိုင်းငံ့အနေနဲ့ ထားထားကြတယ်။ အမှန်ကတော့ ဒီလောက်မကွဲလွဲပါ။ ညှိနှိုင်းလက်ခံပြီး တူသင့်သမျှတူ၍ လွတ်လပ်စွာကွဲလွဲနိုင်သော ဘောင်အတွင်းမှာပဲ ရှိနေတာကို တွေ့ရတယ်။ ၀မ်းသာစရာပါပဲ။

ဒါပေမဲ့ ဦးအေးမောင် ပြောဖူးတဲ့ အချက်တွေထဲက တချို့ကို လူအများ အလွန်အကျွံ လက်ခံ ပြောဆိုနေကြတာတွေ့ရတယ်။ သူတို့ကတော့ တကယ်ကို ယုံကြည်ပြီး ပြောဆိုနေကြတယ်။ ဒါကြောင့် အဲဒီစကားတွေက အချို့ကိုတော့ စောဒကတက်ပါမယ်။

လောလောဆယ် "အခန်း(၁)မှာ ပါတဲ့ ဗုဒ္ဓ၀ါဒနဲ့စဉ်းစားဆင်ခြင်မှု" ဆိုတဲ့ အပိုင်းက စကားရပ်အချို့ကိုတော့ ဆွဲထုတ်ပြီး ပြထားချင်တယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီစကားကို အခြေခံပြီး တွေးခေါ်စဉ်းစားတတ်သူတွေက သူတို့ရဲ့ တွေးခေါ်စဉ်းစားနိုင်တဲ့ဥာဏ်ကို အလွန်အမင်းအားကိုးပြီး ခေတ်ပညာ သိပ်မတတ်တဲ့ ရှေးလူကြီးအချို့နဲ့ စာပေသိပ်မလိုက်စားဘဲ ရိုးရိုးသားသား ဘာသာတရားကို ကြည်ညိုတဲ့ သာမန်လူအချို့ကို အထင်သေး စကားပြောကြတာ တွေ့ရတယ်။


ဦးအေးမောင်ရဲ့စကား


(၁)"ကမ္ဘာ.ဘာသာ အယူဝါဒများ တွင် မည်သည်. ဘာသာဝါဒ သည် စဉ်းစားဝေဖန် မှု ကိုအများဆုံးအားပေးပါသနည်း။ မည်သည်.ဘာသာတရားသည် လူတို.အား အစစအရာရာကို စဉ်းစားဆင်ခြင်ပြီးမှ လက်ခံယုံကြည်ရန် အလေးအနက် ဟောကြားခဲ.ပါသနည်းဟု မေးပါက ဗုဒ္ဓဝါဒကို ကျွန်ုပ်တို.ညွန်ပြရပေလိမ်.မည်။

ဗုဒ္ဓဝါဒသည် ‘ပစ္စတ္တံ ဝေဒိတဗ္ဘော ‘ ဟူသော တရားတော်၏ ဂုဏ်နှင်.အညီ မိမိပညာဉာဏ်ဖြင်. သိမြင်နားလည်ပြီးမှ လက်ခံယုံကြည်ရမည်. ဝါဒဖြစ်၏။

အဂုင်္တ္တရနိကာယ်၌ ဗုဒ္ဓသည် ကာလာမ အမျိုးသားတို.အား အကြင်စကားသည် ရှေးအစဉ်အလာစကားဖြစ်သောကြောင်. သော်လည်း ကောင်း၊ မိမိတို. ကြည်ညိုလေးစားသော ဆရာရဟန်းပုဏ္ဏားတို.၏ စကားဖြစ်သောကြောင်.လည်းကောင်းထိုစကားကို မျက်စိမှိတ်လက်ခံခြင်းမပြုဘဲ အကောင်းအဆိုး အကြောင်းအကျိုးကို ဝေဖန်ဆန်းစစ်ပြီးမှ လက်ခံယုံကြည်ကြရန် ဟောတော်မူ၏။

ဘဒ္ဒိယ မင်းသားအား လည်း ထိုနည်းအတူ ဟောတော်မူ၏ (အဂုင်္တ္တရနိကာယ် စတုက္ကနိပါတ် ဘဒ္ဒိယလိစ္ဆဝီသုတ် )။ စင်စစ် ဗုဒ္ဓသည် တပည်.ရဟန်းတို.က မိမိအား ကြည်ညိုသောကြောင်. မိမိတရားကို လက်ခံယုံကြည်ခြင်း ကိုမလိုလားချေ။

“ရဟန်းတို. သင်တို.သည် ငါဘုရားကို ကြည်ညိုလေးစားသဖြင်.ငါ၏ တရားကို လက်ခံယုံကြည်ခြင်းသည် မသင်.။ သင်တို.သည် ကိုယ်တိုင်ဉာဏ်ဖြင်. ထိုးထွင်းသိမြင်သော တရားကိုသာလျှင် ယုံကြည်ကြသည် မဟုတ်လော။”

(မဇ္ဈိမနိကာယ်၊ မဟာတဏှာသင်္ခယသုတ်)"

(၂)" ပညာဉာဏ်ဖြင်. ဆင် ခြင်သုံးသပ်ပြီးမှ လက် ခံ ယုံကြည်သော မြန်မာ ဗုဒ္ဓ၀ါဒီတို. မှာ. အလွန် နည်းပါး လှကြောင်း ယုံမှား ဖွယ် ရာ မရှိချေ။"


အဲဒီ စကားနှစ်ရပ်ပါပဲ။ ဦးအေးမောင်ဟာ အနောက်တိုင်းသားများရဲ့ သုတေသနပြုချက် သက်သက်များကို ဆွဲထုတ်ပြီး သုံးသပ်ပြတယ် ဆိုတာကိုလေးလေးနက်နက် မှတ်ထားစေလိုပါတယ်။( အနောက်တိုင်းသား များဟာ ကမ္မ၀ါဒ ရဟန္တာ မဂ်ဖိုလ်ပညာ စတာတွေကို ဖယ်ပြီးမှ သုတေသန ပြုထားပါတယ်။) ဒါကြောင့် ဒီစာအုပ်ထဲပါသမျှဟာ ဦးအေးမောင်ရဲ့ အမြင်ရယ်လို့ချည်း တစ်ဖက်သတ် ယူဆလို့ မဖြစ်ပါဘူး။ ဒါဟာ လွတ်လပ်စွာတွေးသူ ကျွန်တော့်မိတ်ဆွေက ကျွန်တော့်ကိုသတိပေးပြီး ကျွန်တော်ကလည်း အဲဒီစကားကို အမြဲ သတိထားပါတယ်။


ကျွန်တော့်အယူအဆ

ဝိပဿနာပညာ မဂ်ပညာ ဖိုလ်ပညာရှိတဲ့ ပုဂ္ဂိုလ်ကိုပဲ ပညာရှိပုဂ္ဂိုလ်လို့ ဆိုရတယ်။ ဒါကြောင့် ၀ိပဿနာပညာ မဂ်ပညာ ဖိုလ်ပညာမရတဲ့ မြန်မာဗုဒ္ဓ၀ါဒီများ အလွန်နည်းပါးတယ် ဆိုတဲ့ အမှတ်(၂) စကားရပ်ကတော့ (သာမန်အဓိပ္ပါယ် အနေနဲ့တော့) မှန်မှာပါပဲ။

ဒါပေမဲ့ အမှတ်(၁) စကားကိုကြည့်ရင် ပညာဥာဏ်ဆိုတာဟာ တွေးခေါ်စဉ်းစားခြင်းကို ဦးအေးမောင်က ရည်ညွှန်းခြင်းဖြစ်ကြောင်း ထင်ရှားပါတယ်။ ကြည့်ပါ။

"မည်သည်.ဘာသာတရားသည် လူတို.အား အစစအရာရာကို စဉ်းစားဆင်ခြင်ပြီးမှ လက်ခံယုံကြည်ရန် အလေးအနက် ဟောကြားခဲ.ပါသနည်းဟု မေးပါက ဗုဒ္ဓဝါဒကို ကျွန်ုပ်တို.ညွန်ပြရပေလိမ်.မည်။ "

ဆိုတဲ့ စကားကိုကြည့်ပြီးသိနိုင်တယ်။ ကာလဒေသအလိုက် သင့်လျော်အောင် သုံးစွဲရင် ဒီစကား ရပ်တွေဟာ သင့်ပါတယ်။ ဒါပေမဲ့ ဒီ စကားရပ်တွေကို လူအချို့ ရေလိုက်လွဲ သုံးစွဲသလို မြန်မာဗုဒ္ဒ၀ါဒီ တွေကို ရည်ရွယ်ပြီးတော့ အလွန်အကျွံ သုံးစွဲရင် မသင့်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီစကားဟာ အပြည့်အစုံ မမှန်သေးလို့ပဲ။


ရိုးရိုးတွေးကြည့်ခြင်း

စဉ်းစားတယ်ဆိုတဲ့ ကိစ္စဟာ မလွယ်ပါဘူး။ ဒီလိုစဉ်းစားနိုင်ဖို့ကိုပဲ ငယ်ငယ်တည်းက သင်လာကြပေမဲ့ တွေးခေါ် စဉ်းစားနိုင်စွမ်းဟာ သေတဲ့အထိ ပြည့်စုံသွားတယ်လို့ မရှိဘူး။ ရှေးကလူတွေ တွေးခေါ်တာနဲ့ နောက်လူတွေ တွေးခေါ်တာနဲ့လည်း မတူနိုင်ဘူး။ တခြားစီပဲ။ ဗဟုသုတပြည့်စုံသူ တွေးတာနဲ့ ဗဟုသုတမရှိသူ တွေးတာလည်း မတူနိုင်ဘူး။ ကြီးသူငယ်သူ တွေးခေါ်တာတွေ စဉ်းစားဆင်ခြင်တာတွေ မတူနိုင်ဘူး။ ဒါကြောင့် စဉ်းစားဆင်ခြင်ဥာဏ် ကို အလွန်အကျွံ အထင်ကြီးတာ အားပြုတာဟာ သိပ်မမှန်ပါဘူး။

မြတ်စွာဘုရားဟာ ဘယ်လိုမှ မတွေးခေါ် မစဉ်းစားနိုင်တဲ့ အလွန်ညံ့တဲ့ ပုဂ္ဂိုလ်တွေကို ချေချွတ်လာခဲ့တယ်။ ဒါကို သတိပြုသင့်တယ်။ သံသယမေးခွန်းနဲ့ လာတဲ့ ပုဂ္ဂိုလ်အချို့ရဲ့ မေးခွန်းကိုမဖြေဘဲ တရားအားထုတ်ဖို့ ကမ္မဋ္ဌာန်း ပေးတာကိုကြည့်ရင် မြတ်စွာဘုရား အမှန်တကယ် အလေးထားတာက တရားအားထုတ်စေလိုခြင်း ဖြစ်ကြောင်း သိသင့်တယ်။ တချို့က မြတ်စွာဘုရားကို ပုဂ္ဂိုလ်ရေးအရ ခင်မင်ကြည်ညိုလို့ တရားအားထုတ်ကြတယ်။ တချို့ကတော့ အတင်းတိုက်တွန်းလို့ အားထုတ်ရတယ်။ တချို့က ရောဂါပျောက်ချင်လို့ အားထုတ်တယ်။ ဘာကြောင့် အားထုတ် အားထုတ် တရားအားထုတ်ဖြစ်ဖို့က အဓိကပါပဲ။

တရားအားထုတ်ပြီး သောတာပတ္တိမဂ် ရတဲ့ အခါ ဘုရားတရားသံဃာနဲ့ စပ်တဲ့ ယုံမှားတဲ့ မေးခွန်းတွေ အလိုလိုပြေပျောက်ပြီး ဖြစ်ပါတယ်။ (အဲဒီ မဂ်ပညာနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို ပရိယာယ်အားဖြင့် စဉ်းစားဆင်ခြင်ဥာဏ်နဲ့ ပြည့်စုံသူလို့ ခေါ်မယ်ဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ )

တွေးခေါ်ဥာဏ်နဲ့ မတွေးခေါ် မသုံးသပ်နိုင်ပေမဲ့လည်း တရားအားထုတ်ဖို့ သဒ္ဓါဆန္ဒ၀ီရိယ ရှိရင် လုံလောက်ပါတယ်။

ဒါကြောင့်ဦးအေးမောင်ကိုးကားတဲ့

“ရဟန်းတို. သင်တို.သည် ငါဘုရားကို ကြည်ညိုလေးစားသဖြင်.ငါ၏ တရားကို လက်ခံယုံကြည်ခြင်းသည် မသင်.။ သင်တို.သည် ကိုယ်တိုင်ဉာဏ်ဖြင်. ထိုးထွင်းသိမြင်သော တရားကိုသာလျှင် ယုံကြည်ကြသည် မဟုတ်လော။”

(မဇ္ဈိမနိကာယ်၊ မဟာတဏှာသင်္ခယသုတ်)"

ဆိုတဲ့ ဘုရားစကားဟာ စဉ်းစားဥာဏ်ကို ဆိုလိုတာမဟုတ်။ တရားအားထုတ်ပြီး မဂ်ပညာ ဖိုလ်ပညာနဲ့ ထိုးထွင်းသိမြင်တာကို ဆိုလိုတာပါ ဆိုတာ ရှင်းလင်း သိသာနေပါတယ်။

တွေးခေါ်စဉ်းစားရုံနဲ့ တရားအမှန်ကို မသိနိုင်ကြောင်း၊ စာပေဖတ်ရှုရုံနှင့်လည်း အနက်မှန်ကို မသိနိုင်ကြောင်း (ဆရာကောင်းရဲ့ အယူအဆနဲ့ တရားအားထုတ်မှု မပါရင် အနက်မှန်ကို သိဖို့ခက်ပါတယ်) အရိယာ သူတော်ကောင်းများ အကြိမ်ကြိမ် ဖော်ပြခဲ့တာကို သတိပြုရပါမယ်။

တွေးခေါ်ဆင်ခြင်အားနည်းတဲ့ သဒ္ဓါများတဲ့ မြန်မာဗုဒ္ဓ၀ါဒီ အချို့တွေလည်းပဲ သေဘေးကိုကြောက်ခြင်း စတဲ့ အကြောင်းအမျိုးမျိုးကြောင့် တရားအားထုတ်ရင်း တရားများကို သိမြင်သွားကြတာ ရှိပါတယ်။


ဒါကြောင့်

"ပညာဉာဏ်ဖြင်. ဆင် ခြင်သုံးသပ်ပြီးမှ လက် ခံ ယုံကြည်သော မြန်မာ ဗုဒ္ဓ၀ါဒီတို. မှာ. အလွန် နည်းပါး လှကြောင်း ယုံမှား ဖွယ် ရာ မရှိချေ။"

ဆိုတဲ့ စကားရပ် မှန်သည့်တိုင်အောင် ဒီစကားရပ်ဟာ ဆင်ခြင်သုံးသပ်ခြင်း ဥာဏ်ထက်သူများက ဆင်ခြင်ဥာဏ်နည်းသူများ ကို အရာရာ အသုံးမကျသူများဟု နှိပ်နယ် ပြစ်မှားရာတွင် သုံးစွဲရမည့် စကားရပ်မဟုတ်ပေ။

မိမိတို့သည် အတိတ်ကံနှင့် ပစ္စုပ္ပန် ကာလ ဒေသ ပယောဂများအရ စဉ်းစားဆင်ခြင်ဥာဏ် ထက်သော်လည်း ၀ိပဿနာဥာဏ် မရခြင်းအရာ၌ ဆင်ခြင်ဥာဏ်နည်းသူအချို့နှင့် အတူတူပင်ဖြစ်ကြောင်း အန္ဓပုထုဇဉ်ချည်း သာလျင်ဖြစ်ကြောင်း အမှန်အတိုင်း သိထားရပါမယ်။

"ရုပ်တရား နာမ်တရားမျှသာရှိသည်၊ အတ္တကောင်မရှိ ဟူမျှ ဗဟုသုတ ပြည့်စုံရုံမျှနှင့် တရားအားထုတ်၍လည်း ဖြစ်သည် တရားအားထုတ်၍ သောတာပတ္တိမဂ်ရလျှင် ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာကင်းသဖြင့် ဗုဒ္ဓ၀ါဒအပေါ်ခိုင်မြဲသော ယုံကြည်မှုသဒ္ဓါတရား ဖြစ်သည်" စသည်ဖြင့် ဆုံးဖြတ်ထားသော မဟာစည်ဆရာတော်၏ အဆုံးအဖြတ်တစ်ခုကို အလျင်းသင့်သောအခါ တင်ပြပါမယ်။

အထက်က ဆိုခဲ့တဲ့ မိမိ၏ အတွေးအခေါ် စကားရပ်များဟာ အလွန်အကျွံ မဖြစ်အောင် သတိပေးသော စကားရပ်မျှဖြစ်ပြီး ကုသိုလ်ဖြစ်အောင် အသင့်အတင့် နှလုံးသွင်းတတ်သော သူများအတွက် သံဝေဂများ ဖြစ်ပွားနိုင်ပါတယ်။ စိတ်နှလုံးသိမ်မွေ့သူများ ကြားတွင် အငြင်းပွားမှု တစ်စုံတစ်ရာလည်း ဖြစ်ဖွယ်မရှိလောက်ဟု ယူဆသဖြင့် ထိုက်သင့်သလောက် ဖော်ပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။


ဦးအေးမောင်ရဲ့ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ စာအုပ်ကြောင့် ဗုဒ္ဓ၀ါဒီမဟုတ်သူများ သဒ္ဓါတရား မရှိသေးသူများ စိတ်ဝင်စားသွားတာ အကျိုးရှိသွားတာကတော့ အမှန်ပါပဲ။ ဗုဒ္ဓ၀ါဒီများ သဒ္ဓါတရား ရှိပြီးသူများ အတွက်ကတော့ လယ်တီဆရာတော် မဟာစည်ဆရာတော် စတဲ့ ပရိယတ် ပဋ္ဋိပတ်ခိုင်မာတဲ့ ဆရာတော်များရဲ့ သုံးသပ်ချက်များက ပိုမို အကျိုးရှိပါလိမ့်မယ်လို့ ထင်မြင်ပါတယ်။

နှစ်ခြိုက်တွေးထိုက်ဖွယ်တစ်စုံတစ်ရာ ရကြပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP