* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, April 28, 2009

ဒု သ န သော... (ဓမ္မပဒဝတ္ထု (မာဏဝ))

ဗာလ၀ဂ်၊ ဓမ္မပဒဝတ္ထု (မာဏဝ) ၆၀-၆၅...


၆၀။ ဒီဃာ ဇာဂရတော ရတ္တိ၊ ဒီဃံ သန္တဿ ယောဇနံ။ ဒီဃော ဗာလာန သံသာရော၊ သဒ္ဓမ္မံ အ၀ိဇာနတံ။

၆၀။ အိပ်မပျော် နိုးနေသောသူအား ညဥ့်တာရှည်လျား၏၊ ခရီးပန်းသောသူအား ယူဇနာခရီးသည် ရှည်လျား၏။ သူတော်ကောင်းတရားကို မသိသော လူမိုက်တို့အား သံသရာသည် ရှည်လျား၏။

၆၀... ယောက်ျားတစ်ယောက် ဒု သ န သော...




၆၁။ စရဉ္စေ နာဓိဂစ္ဆေယျ၊ သေယျံ သဒိသမတ္တနော။ ဧကစရိယံ ဒဠှံ ကယိရာ၊ နတ္ထိ ဗာလေ သဟာယတာ။

၆၁။ လူမိုက်၌ တရားကျင့်ရန် အဆွေခင်ပွန်းအဖြစ် မရှိရကား တရားကျင့်သူသည် မိမိထက် သာလွန်သူ မိမိနှင့် တူမျှသူကို မရနိုင်ပါမူ တစ်ယောက်တည်း ကျင့်ခြင်းကိုသာလျှင် မြဲမြံစွာ ပြုကျင့်ရာ၏။

၆၁... အရှင်မဟာကဿပ၏ အတူနေတပည့်...



၆၂။ ပုတ္တာ မတ္ထိ ဓနံ မတ္ထိ၊ ဣတိ ဗာလော ၀ိဟညတိ။ အတ္တာ ဟိ အတ္တနော နတ္ထိ၊ ကုတော ပုတ္တာ ကုတော ဓနံ။

၆၂။ လူမိုက်သည် ငါ့အား သားသမီးတို့ ရှိကုန်၏၊ ဥစ္စာတို့သည်လည်း ရှိကုန်၏ဟု စွဲလမ်းမှု တဏှာဖြင့် ဆင်းရဲ ပင်ပန်းရ၏။ အမှန်သော်ကား မိမိအား အတ္တသည်လည်း မရှိပါဘဲလျက် အဘယ်မှာ သားသမီးရှိအံ့နည်း၊ အဘယ်မှာလျှင် ဥစ္စာရှိအံ့နည်း။

၆၃။ ယော ဗာလော မညတိ ဗာလျံ၊ ပဏ္ဍိတော ၀ါပိ တေန သော။ ဗာလော စ ပဏ္ဍိတမာနီ၊ သ ဝေ ဗာလောတိ ၀ုစ္စတိ။

၆၃။ မိုက်သောသူသည် မိမိမိုက်သည့် အဖြစ်ကိုသိ၏၊ ထိုသိမှုကြောင့် ပညာရှိဖြစ်နိုင်သေး၏၊ မိုက်သောသူသည် ငါပညာရှိဟု မိမိကိုယ်ကို ထင်မှတ်နေပါမူကား ထိုသူကို စင်စစ် လူမိုက်ဟူ၍ ဆိုအပ်၏။

၆၂... အာနန္ဒာသေဌေး...
၆၃... ခါးပိုက်နှိုက်နှစ်ယောက်...

၆၄။ ယာဝဇီဝမ္ပိ စေ ဗာလော၊ ပဏ္ဍိတံ ပယိရုပါသတိ။ န သော ဓမ္မံ ၀ိဇာနာတိ၊ ဒဗ္ဗီ သူပရသံ ယထာ။

၆၄။ ယောက်မသည် ဟင်း၏အရသာကို မသိသကဲ့သို့ မိုက်သူသည် အသက်ရှည်သမျှ ကာလပတ်လုံး ပညာရှိကို ဆည်းကပ်စေကာမူ သူတော်ကောင်းတရားကို မသိနိုင်။

၆၅။ မုဟုတ္တမပိ စေ ၀ိညူ၊ ပဏ္ဍိတံ ပယိရုပါသတိ။ ခိပ္ပံ ဓမ္မံ ၀ိဇာနာတိ၊ ဇိဝှါ သူပရသံ ယထာ။

၆၅။ လျှာသည် ဟင်း၏အရသာကို သိသကဲ့သို့ သိကြား လိမ္မာသူသည် တစ်ခဏမျှ ပညာရှိကို ဆည်းကပ်ရစေကာမူ (သူတော်ကောင်း)တရားကို လျင်မြန်စွာ သိနိုင်၏။

၆၄... အရှင်လာဠုဒါယီ...
၆၅... ပါဝါမြို့နေ ရဟန်းသုံးကျိပ်...




0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP