* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, April 2, 2009

အသေမြတ်ချင် သေနည်းသင်

ကျွန်ုပ်တို့သည် အသက်မွေးရန်အတွက် အသက်မွေးဝမ်းကျောင်းပညာကို သင်ယူလေ့လာ ကြသည်။ ဆေးကုတတ်အောင် ဆေးပညာ၊ အဆောက်အဦး၊ လမ်း၊ တံတားတွေ တည် ဆောက်တတ်အောင် အင်ဂျင်နီယာပညာ စသည်ဖြင့် ၀ါသနာပါရာ၊ လက်လှမ်းမှီရာ၊ အဆင် ပြေရာ ပညာအရပ်ရပ်တို့ကို ဆည်းပူးလေ့လာသင်ယူကြပေသည်။ အဘယ်ကြောင့်မူ- စားရေး၊ ၀တ်ရေး၊ နေထိုင်ရေးတို့အတွက်ဖြစ်၏။ ထို စားဝတ်နေရေးတို့အတွက် ပညာသင်ယူကြရာ၌ သူ့ထက်ငါ အပြိုင်အဆိုင် သင်ယူကြပေသည်။


တချို့မှာမူ ကိုယ့်ထက် တခြားသူက ပိုတော်သွားလျှင်ပင် မနာလိုဝန်တို၊ အပုပ်ချ၊ အတင်းပြော ကာ ဂုဏ်သတင်းနွမ်းအောင် ပြုလုပ်တတ်ကြသည်။ သူတစ်ပါးတို့ထက်သာချင်သော အနိုင်ရယူလိုမှု မှားယွင်းနေသည်။ “အဓမ္မကို မမ္မဖြင့် အနိုင်ယူရာ၏” ဆိုသော ဓမ္မပဒပါဠိ တော်အဆုံးအမအတိုင်း ကျင့်ကြံနေထိုင်သွားမှသာ ဂုဏ်ယူဖွယ်သော အနိုင်ရခြင်းဖြစ်သည် ကို သတိရှိရပါမည်။ သူက လိုချင်လွန်းနေလျှင် ကိုယ်က ပေးကမ်းခြင်းဖြင့်၊ သူကခက်ထန် လွန်းနေလျှင် ကိုယ်က မေတ္တာစိတ်ဖြင့်၊ သူက မဆင်မခြင် မိုက်မဲတွေဝေစွာ ကိုယ့်အပေါ် ပြစ်မှားစော်ကားနေလျှင် ကိုယ်က ဆင်ခြင်ဉာဏ်ရှေ့သွားပြီး ဝေဖန်ပိုင်းခြားကာ လမ်းမှန်ကို ပြသပေးခြင်းဖြင့် တုန့်ပြန်အနိုင်ယူရမည်ဖြစ်၏။

သေမင်းကို အနိုင်ရချင်လျှင်လည်း ဓမ္မဖြင့် အနိုင်ယူရမည်ဖြစ်သည်။ “ကြိုတင်ပြင်ဆင် အောင်ပွဲဝင်” ဆိုသည့်အတိုင်း ဘ၀မှာ စားဝတ်နေရေး ပြေလည်ဘို့အတွက် ကြိုး စားရုန်းကန် နေကြသလို သေမင်းခေါ်ချိန်မှာ ပြုံးပြုံးလေးသေနိုင်ဘို့၊ အသေမြတ်ဖို့အတွက်လည်း ကြိုတင် ပြင်ဆင်ကြရမည်ဖြစ်၏။ သေကာမှ အပုပ်ကောင် ရုပ်ဆောင်ကြသော ပန်းခွေကြီးတွေ၊ ပန်းကုံး ကြီးတွေ ခန္ဓာကိုယ်တစ်ခုလုံး ဖုံးအုပ်ကာအလှဆင်ကြခြင်းကို အသေလှသည်ဟု ခေါ်ဆိုသည် မဟုတ်ပါပေ။ အီဂျစ်နိုင်ငံကဘုရင်တွေလို မသေခင်မှာ သေသွားလျှင် ရုပ်အလောင်းကောင် ထားဘို့ ပိရမစ်ကြီးတွေတည်ဆောက်နေခြင်းမျိုးသည်လည်း အသေမြတ်အောင် ပြင်ဆင်နေ ခြင်းမျိုးမဟုတ်ပါပေ။ အချိန်ကုန် လူဆင်းရဲ၊ ကိုယ်ကျိုးနည်းသော လုပ်ရပ်တို့သာ ဖြစ်နေတော့ သည်။

မည်သူမသေ ရှိမလဲဟုမေးလျှင် မည်သူမျှ မရှိပါပေ။ အားလုံး သေကြရမည့်သူများသာဖြစ် သည်။ ပုဂ္ဂိုလ်မသေအောင်က တားလို့မရ၊ ဉာဏ်မသေအောင်တော့ တားလို့ရသည်။ ထိုသို့ ဉာဏ် မသောအောင် လုပ်နေခြင်းသည်ပင် အသေမြတ်အောင် ပြင်ဆင်နေခြင်းဖြစ်သည်။ “ကံသာလျှင်အမိ ကံသာလျှင်အဖ”ဆိုတာက လောကစကား၊ “ဉာဏ်သာလျှင်အမိ ဉာဏ် သာလျှင်အဖ” ဆိုတာက ဂေါတမမြတ်စွာဘုရား၏တရား၊ “၀ယဓမ္မ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ- ပြုပြင်ဖန်တီးတတ်သောတရားတို့သည် ပျက်ဆီးခြင်းသဘော ရှိကြကုန်၏၊ မမေ့လျော့သော သတိတရားဖြင့် ပြည့်စုံစွာနေရစ်ကြကုန်လော့။” ဟူသည့် မြတ်စွာဘုရား၏ နောက်ဆုံးသော သတိပေးစကားကလည်း အသေမြတ်ချင် သေနည်းသင်ဟု ဆုံးမနေသလို ပင်ဖြစ်ပါသည်။

ကာမနှင့် အချိန်ဖြုန်း…ခံတုန်းကောင်း၍ အကောင်းမဆုံး၊ ဈာနနှင့် အချိန်ဖြုန်း…ခံတုန်း ကောင်း၍ အကောင်းမဆုံး” ဟူသော ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ဓမ္မ နီတိအဆုံးအမကဲ့သို့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ဟူသော ကာမဂုဏ်ငါးပါး တို့သည် အချိန်ကိုဖြုန်း ခံစားနေတုန်းသာ ကောင်းသယောင်ယောင်ရှိသော်လည်း ကိလေသာ တဏှာက ကြီးထွားနေခြင်းကြောင့် သေချိန်ကြလျှင်တော့ အကောင်းနှင့် အဆုံးသတ်မှာ မဟုတ်ပါပေ။ ဈာန်တရားတို့ဖြင့် ခံစားကာ အချိန်ဖြုန်းနေခြင်းသည်လည်း ဒိဋ္ဌိမပြုတ်သေး သောပုဂ္ဂိုလ်မှာ မိုးဖျားဗြဟ္မာဖြစ်နေငြားသော်လည်း ဖောက်လွဲပါယ်ရွာ ရောက်ရသေးသကဲ့သို့ ဖြစ်တော့သည်။

သို့ဖြင့် မည်သို့ အချိန်ကို အသုံးချကြရမည်နည်း။ “ဉာဏနှင့် အချိန်သုံး… သုံးတုန်းကောင်းပြီး ဘ၀ဆုံး” ဟူ၍ ပြန်လှန်ကာ နားလည်ကြရပါမည်။ သတိဉာဏ်နှင့် အချိန်ကို အသုံးချရမည်။ ဉာဏ်လို့ပြောလိုက်တော့ သတိကပါလာရသည်။ သတိရှိမှလည်း ဉာဏ်ကဖြစ်သည်။ သတိနှင့် ဉာဏ်က ခွဲထားလို့မဖြစ်ပါပေ။ အတူယှဉ်ဘက်တရားများဖြစ်ကြသည်။ ဉာဏ်ရှိမှ တရားသဘောတို့ကို ဟုတ်တိုင်းမှန်စွာ တွေ့မြင်ရသည်။ ဟုတ်တိုင်း မှန်စွာတွေ့မှလည်း ခင်တွယ်စရာမထင် ရွံရှာစရာမြင်တော့သည်။ ကိလေသာအညစ်ကြေး ဉာဏ်ဖြင့်သာ စင်အောင်ဆေးနိုင်သည်။ ငုတ်လျှိုးကာ ပုန်းအောင်းနေသော ကိလေသာ အနုသယတို့သည် ကား ယာခင်းထဲက မြက်ငုတ်တိုတို့နှင့်တူသည်။ မိုးများ ရွာသွန်းလိုက်လျှင် စိန်းစိုကာ တထောင်းထောင်း သူ့ထက်ငါ အပြိုင်ပေါက်လာကြသလို အတွင်းက အနုသယကိလေသာတို့ သည်လည်း ဉာဏ်ဓါးနှင့်အမြစ်ပြတ် ပယ်သတ်မထားလျှင် ကာမဂုဏ်ငါးပါးမိုးတို့ ရွာသွန်းဖြိုး သောအခါ အဆင်းလှလှလေးတွေ၊ အသံချိုချိုလေးတွေ၊ အနံ့မွှေးမွှေးလေးတွေ၊ အရသာရှိရှိ လေးတွေ၊ အထိအတွေ့ကောင်းကောင်းလေးတွေနောက်သို့ တကောက်ကောက်ပါအောင် လိုက်တော့သသည်သာဖြစ်သည်။

ကာမဂုဏ်ငါးပါးတို့နှင့်သာ အချိန်ကိုမကုန်လင့်စေနှင့်။ သတိဉာဏ်နှင့် အမြဲဆင်ခြင်၊ အသေ မြတ်အောင် ပြင်ကြကုန်လော့။ ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာမြတ်သုံးပါးထံ အမြန်ဆုံးချဉ်းကပ်၊ လောဘ၊ ဒေါသ၊ မောဟမီးများ အမြန်ဆုံးကုန်အောင် ၀ိပဿနာဆေး မနှေးအမြန် သုံးဆောင်ကြကုန်လော့။ ဤနည်းဖြင့် ကျန်ရှိနေသေးသောအချိန်တို့ကို အကျိုးရှိ အောင် အသုံးချ၊ သေကာကျမှ နောင်တ မရကြရအောင် မြတ်စွာဘုရား၏ တရားရေးစင်အေး ရှိနေသေးချိန်တွင် မဂ္ဂင်တရားများ ပွားများကြကုန်လော့။

သတိသံဝေဂဖြစ်စေဘို့ ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ -
ခန္ဓာရတွက်၊ သေဘို့ရက်၊ ချိန်းချက်မရှိကြ။
သေခါနီးမှာ၊ နိမိတ်လာ၊ ရောက်ရာဘုံဘ၀။
ငရဲစရှိ၊ ဒုဂ္ဂတိ၊ မြင်ဘိထိုကာလ။
ရင်တွင်းလှိုက်ပူ၊ ပွက်ပွက်ဆူ၊ ကယ်သူဝေးမည်ပ။
ဘယ်သားဘယ်သမီး၊ ဘယ်ပစ္စည်း၊ ချည်းနှီးထိုကာလ။
မသာနှလုံး၊ သေလွန်ဆုံး၊ အရှုံးနာကြည်းစွ။
ချိန်မနှောင်းခင်၊ ယခုပင်၊ မြန်လျှင်အားထုတ်ကြ။
မဂ္ဂင်မှသာ၊ အားကိုးရာ၊ ခေမာဖြောင့်တန်းလှ။
အကုသလာ၊ ကြွေးတွေဟာ၊ များစွာအနန္တ။
မဂ်ဉာဏ်ဆိုက်ရောက်၊ ကြွေးကုန်ပျောက်၊ ကဲမောက်လွန်ချမ်းမြ။
ဟူသော သံဝေဂလင်္ကာဖြင့် “အသေမြတ်ချင် သေနည်းသင်” ဓမ္မဒါနဆောင်းပါးကို နိဂုံးချုပ်အပ်ပြီ။

စာရှုသူ ဓမ္မချစ်ခင် သူတို့စင်တို့လည်း ဓမ္မသံဝေဂရကြပြီးလျှင် နေရေးမခင် သေရေးပြင်ရန် အတွက် ကျန်းမာချမ်းသာစွာဖြင့် အချိန်ကို အကျိုးရှိအောင် အသုံးချနိုင်ကြပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP