* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, April 2, 2009

ရမ်းကုဆေးချက်ကြောင့်... ကြွေကျ မြေခ ရတော့မဲ့ လူငယ်များ...

စိတ်မကောင်းစရာ ဆိုတာ က အခြားမဟုတ်...သာသနာနေလိုလလို ထွန်းကားနေပါတယ်..ဆိုပီး ကိုယ့်ကလေးတွေ ကို ဘာသာပြောင်းသွားကြတာမျိုးပါ။ ဒီလိုအဖြစ်မျိုးကြားနေရတာက မကြာခဏ။ ဒီလိုသိလာရလေလေ သာသနာပြုနည်းစနစ် ထိရောက်မှု ရှိမရှိ ပြန်လည်သုံးသပ်ဖို့ အရေးတကြီးလိုအပ်နေပြီ လို့ မယူဆနိုင်ဘူးလား။ တစ်ချို့က ပြောတတ်ကြပါသေးတယ်.။ သူ့အဖြစ်နဲ့သူသွားပါစေပေါ့..။ ဘုရားက အနိစ္စ လို့ အစကတည်းက ဟောထားတာပဲ။ ဗုဒ္ဓသာသနာ ဆိုတာလဲ အနိစ္စ ပဲ။ ..ဒီလိုဒီလို။

သေချာမစဉ်းစားနိုင်ရင်တော့ဟုတ်သလိုလိုဘဲ။ ဒီလိုပြောလာသူကိုတော့ ရမ်းကုအဖြစ် နားလည်ရပြီး ပြန်ပြောဖြစ်တယ်။ လူဆိုတာသေမျိုးချည်း။ တစ်နေ့ သေရမဲ့ အတူတူ ထမင်းဘာလို့စားနေသေးလဲ။ အနိစ္စဘဲ.. ထမင်းမစား ဘဲ နေလိုက်ပါလား..လို့။

ဗုဒ္ဓဘာသာ ဟာ ခေတ်စနစ်နဲ့ အံဝင်မှု မရှိဟု တစ်ချို့ပြောတတ်ကြတယ်။ အင်း..ပြောမယ် ဆိုလည်း ပြောစရာပဲပေါ့။ ကြီးပွါးချင်လို့ အလုပ်လုပ်နေရင်ပဲ ဗုဒ္ဓအဆုံးအမ နဲ့သွေဖယ်နေသလိုလို၊ ချမ်းသာချင်လို့ ပိုက်ဆံ စုတာနေတာကို ပဲ လောဘ ကြီးလှ ချည်လှချည်ရဲ့ လို့ ပြောလိုပြော... နဲ့ ။ အဲဒါတွေ ရဲ့ နောက်ဆက်တွဲရလာဒ်က အောင်မြင်ကြီးပွါးတိုးတက်လိုပါက..ဗုဒ္ဓအဆုံးအမ ကို ပစ်ပယ်ကြ....လို့ မပြောပေမဲ့ ပြောသကဲ့သို့ ဖြစ်လာကြပါတယ်။


ဟိုးတစ်ရက်က.... ရန်ကုန်ပြန်ရောက်နေတဲ့ ဒကာမလေးတစ်ယောက်.. အရေးတကြီး အကူညီတောင်းလာပါတယ်။ ကိစ္စ က အခြားမဟုတ်..သူ့ရဲ့သူငယ်ချင်းလေးတွေ ဘာသာပြောင်းကုန်တော့မယ်.ဘုရား..ကူညီပါဦးတဲ့။ အင်္ဂလိပ်စာ တတ်ချင်လို့ ဘုရားကျောင်းတက် စာသင်ရာကနေ.... ....ဒီအခြေကို ဆိုက်ကုန်ကြတာတဲ့..။ ကြီးပွါးတိုးတက်လိုပါသလား... တို့ဘာသာထဲကို ၀င်ပါ.. ဘာလိုချင်သလဲ..ဖြစ်စေရမယ်.၊ သူ့ကို လည်း ဆွယ်သတဲ့.. .. ဒီလိုနော်။

ဒါကို ပဲ ပရမတ်ကြောင် အောက်ခြေလွတ် ဗုဒ္ဓဘာသာ တွေက ပြောကြပါလိမ့်ဦးမယ်. သွားချင်လည်း သွားပါစေ... အရေအတွက်က အရေးမကြီး... ဘာညာ ဆိုပြီး.....။


အရင်းစစ် က အမြစ်မြေက ဆိုသလိုပ.. ဘယ်သူမပြု မိမိမှု ပေပဲ။သင့်မှန်းမသိ.မသင့်မှန်းမသိ..လာသမျှလူကုန်ကို .ရုပ်နာမ် ပရမတ် အနိစ္စ ဒုက္ခ. တွေ ထပ်ခါတလဲလဲ ဟောနေ ပြောနေ ကြွေးကြော်နေကြတော့လဲ ..ကြီးပွါး တိုးတက် လို တဲ့ လူငယ်တွေ လည်း ထွက်လမ်း ရှာကြတော့ပေမပေါ့ ။ ဆေးတစ်ဖုံနဲ့ ရောဂါစုံ ရမ်းကုကြတဲ့ အဖြစ်တွေက မြန်မာဗုဒ္ဓဘသာလူ့အဖွဲ့စည်းအတွင်းက လူငယ်လူရွယ်များအပေါ် ဘယ်လောက်ထိ သက်ရောက်နေခဲ့ပြီလဲ..........

ဒီအတိုင်း ပဲ..........ရှေ့ဆက်သွားနေကြဦးမှာလား.....။ ရုပ်နာမ်ပရမတ်တွေ နဲ့ ရမ်းကု လုပ်ကြဦးမလား....

(စီးပွါးရှာ .ငွေကြေးသုံးစွဲ မှု အပိုင်းမှာ ဗုဒ္ဓနည်းကျ စီမံခန့်ခွဲမှု နားမလည် လိုက်နာမှု မရှိဘဲ ....သန္တုဋ္ဌီ ပရမံ ဓနံ ဆိုလျက်.. ရုပ်နာမ်ပရမတ် အနိစ္စ ဒုက္ခ သုညတတွေ ပြော ငြီးငွေ့ ပြနေခြင်းဟာ........ ခူးလို့မမှီ တဲ့ စပျစ်သီး.. ကို ချဉ်တဲ့ ပြောတဲ့ မြေခွေး လို အဖြစ်နဲ့ ထူးမခြားနား ပါဘဲ လို့.. ကျောင်းနေဘက်သူငယ်ချင်းတစ်ယောက်ကို သတိပေးခဲ့ရပါတယ် )။


ရမ်းကုဆေးချက်ကြောင့် သာသနာအညွှန့်အဖူးလေးများ ကြွေပျက်နေကြတာ ဘယ်လောက်များနေပြီလဲ။ ဝေဖန်ဖို့ နဲ့ ဆင်ခြင်နိုင်ဖို့ အတွေ့အကြုံ တစ်ခုကို ဝေမျှ ခြင်း ဖြစ်ပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP