* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, April 2, 2009

လက္ခဏသုတ် - အမှတ်အသား ...

လက္ခဏသုတ် -

ရဟန်းတို့ သူမိုက်သည် မိမိပြုအပ်သော ကံလျှင် မှတ်ကြောင်း 'လက္ခဏာ'ရှိ၏၊
ပညာရှိသည်လည်း မိမိပြုအပ်သော ကံလျှင် မှတ်ကြောင်း 'လက္ခဏာ'ရှိ၏၊
ပညာမည်သည် သတ္တဝါတို့၏ အပြု အမူအားလျော်စွာ ထင်ရှား၏။

ရဟန်းတို့တရားသုံးမျိုးတို့နှင့် ပြည့်စုံသူကို သူမိုက်ဟု သိအပ်၏။

အဘယ် သုံးမျိုး တို့နည်း ဟူမူ-

ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် 'ကာယဒုစရိုက်' လည်းကောင်း၊
နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် 'ဝစီဒုစရိုက်' လည်းကောင်း၊
စိတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် 'မနောဒုစရိုက်'လည်းကောင်း။ တို့တည်း။

ရဟန်းတို့ ဤတရားသုံးမျိုးတို့ နှင့် ပြည့်စုံသူကို သူမိုက် ဟု သိအပ်၏။


ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသူကို ပညာရှိဟု သိအပ်၏။

အဘယ် သုံးမျိုး တို့နည်း ဟူမူ...
ကိုယ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် 'ကာယသုစရိုက်' လည်းကောင်း၊
နှုတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် 'ဝစီသုစရိုက်' လည်းကောင်း၊
စိတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် 'မနောသုစရိုက်' လည်းကောင်း။
တို့တည်း။

ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသူကို ပညာရှိဟု သိအပ်၏။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ''သူမိုက်ဟု သိကြောင်း တရား သုံးမျိုး တို့ကို ရှောင်ကြဉ်၍၊ ပညာရှိဟု သိကြောင်း တရားသုံးမျိုးတို့ကို ဆောက်တည်၍ ကျင့်ကုန်အံ့'' ဟု ကျင့်ရမည်။

ရဟန်းတို့ ဤသို့သာလျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

၂ - လက္ခဏသုတ်၊ ဗာလ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်၊

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP