*တတ်သ၍ လှူဒါန်းကြဖို့ ဖိတ်ခေါ်ပါရစေ*
သက်တော် ၂၅-နှစ်နဲ့ ပညာဒါနတွေ ဖြည့်ဆည်းနေတဲ့ ဘုန်းဘုန်း ဦးကောဝိဒ (စစ်ကိုင်း)နဲ့ ကျွန်တော် ဆွေးနွေးဖြစ်ခဲ့တာလေးပါ…။ ဘုန်းဘုန်းဟာ အခုဆို စစ်ကိုင်းနဲ့ မန္တလေးတို့မှာ သံဃာတော်တွေ အတွက် ကွန်ပျူတာသင်တန်း ပညာဒါန လုပ်နေပါတယ်။ စစ်ကိုင်းမှာတော့ အပြင်လူတွေကိုပါ အခမဲ့ သင်တန်းပေးတယ်လို့ သိရပါတယ်…။ နောက်ပြီး ဘုန်းဘုန်းသည် နာရေး ကူညီမှု အသင်းလည်း ဖွဲ့စည်းထားပါသေးတယ်။ အခု ဒီသင်တန်းတွေမှာ လိုအပ်နေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း လှူဒါန်းချင်သူများအတွက် ၀မ်းမြောက်ဝမ်းသာ ဖိတ်ခေါ်လိုက်ပါတယ်။ သင်တန်း အတွက် လိုအပ်ချက် အသေးစိတ်ကိုတော့ ဘုန်းဘုန်းနဲ့ ဆွေးနွေးထားတာလေးမှာ ဖတ်ကြည့်စေလို ပါတယ်ခင်ဗျာ…။
ဆက်သွယ် လှူဒါန်းလိုပါက…
အရှင်ကောဝိဒ(စစ်ကိုင်း) Mail : kovida9@gmail.com
Phone No : 0262448
4:26 PM အရှင်ကောဝိဒ(စစ်ကိုင်း): မင်္ဂလာပါ
me: တင်ပါ့ ဘုန်းဘုန်း မင်္ဂလာပါ
အရှင်ကောဝိဒ(စစ်ကိုင်း): ဘယ်နိုင်ငံကလဲမသိဘူး
me: အော် ဘုန်းဘုန်း
4:27 PM ဖိုးသား ရုရှားကပါ
အရှင်ကောဝိဒ(စစ်ကိုင်း): ဒါယကာက အသက်ဘယ်လောက်ရှိပြီလဲ
me: ဒီလာမယ့် မေ ၃၀ ဆို ၂၄ ပြည့်ပြီ ဘုန်းဘုန်း
4:29 PM အစ်ကို တစ်ယောက် ပြောလို့.. ဘုန်းဘုန်း ပညာဒါန အလှူတွေ လုပ်နေတာ ဖိုးသား သိတယ်လေ
နောက် ဘုန်းဘုန်းဘလော့ကနေ တဆင့်လည်း သိရတယ်
အရှင်ကောဝိဒ(စစ်ကိုင်း): ဦးဇင်းရဲ့ဆိုက်ကိုဖွင့်ဖူးလား
me: တင်ပါ့
4:30 PM နောက် ဘုန်းဘုန်း ဘာတွေ လိုသေးလဲ မသိဘူး
ဖိုးသား ဘလော့ကနေ အလှူရှင်တွေ ဖိတ်ခေါ်ချင်လို့ပါ
အရှင်ကောဝိဒ(စစ်ကိုင်း): အခုကုဋီဆောက်ဖို့စီစဉ်နေပါတယ်ဒါယကာ
4:31 PM me: တင်ပါ့
အရှင်ကောဝိဒ(စစ်ကိုင်း): သင်တန်းသားဦးရေများပြားလာတာနဲ့အမျှ သင်တန်းသားတွေအတွက်
ရေလောင်းကုဋီ ဆောက်ချင်ပါတယ်ဒါယကာ
4:32 PM me: ဘုန်းဘုန်း ဖိုးသားကို လိုနေတာလေးတွေနဲ့ နောက် ဆက်သွယ် လှူဒါန်းချင်ရင် ဘယ်လိုလှူရမလဲ၊ လိပ်စာလေးကော သိလို့ရမလား ဘုန်းဘုန်း..
အတိအကျသိတော့ ဖိုးသား ဘလော့မှာ ရေးလို့ရတယ် ဘုန်းဘုန်း
4:33 PM အရှင်ကောဝိဒ(စစ်ကိုင်း): အခုလောလောဆယ်တော့ ဦးဇင်း ကုဋီပြီးသွားရင်တော့ သင်တန်းအတွက်
လစဉ် ဆီအလှူရှင်များလိုအပ်ပါတယ်ဒါယကာ
me: တင်ပါ့
4:34 PM ဆီဆိုတာ မီးစက်အတွက် ဆီလား ဘုန်းဘုန်း
4:35 PM အရှင်ကောဝိဒ(စစ်ကိုင်း): ဟုတ်ပါတယ်ဒါယကာ
me: တင်ပါ့
4:36 PM အရှင်ကောဝိဒ(စစ်ကိုင်း): အခု စစ်ကိုင်းသင်တန်းအတွက် မီးစက် က ဆောင်ရွက်နေပြီလေ
me: တင်ပါ့ ဘုန်းဘုန်း
အရှင်ကောဝိဒ(စစ်ကိုင်း): ဆီက တစ်လကို ဂါလံ ၅၀ လောက်ခန့်မှန်းထားတယ်
မြန်မာနိုင်ငံမှာက မီးက ပျက်တလှည့်
လာတစ်လှည့်ဆိုတော့
4:37 PM me: တင်ပါ့
အရှင်ကောဝိဒ(စစ်ကိုင်း): သင်တန်းချိန်က တစ်ရက်ကို အနည်းဆုံး ၆ ချိန်ရှိတယ်လေ
4:38 PM me: ဘုန်းဘုန်း ဖိုးသားကို ဘုန်းဘုန်း အားတဲ့ အချိန်လေး ဆက်သွယ်လှူဒါန်းရမယ့် လိပ်စာ၊ ဖုန်းနံပါတ် အဲဒါလေး ရေးပေးပါလား ဘုန်းဘုန်း...
ဘုန်းဘုန်းအားမှ မေးနဲ့ ပို့ပေးလည်း အဆင်ပြေပါတယ်
အရှင်ကောဝိဒ(စစ်ကိုင်း): ဦးဇင်းရဲ့မေးလိပ်စာ (kovida9@gmail.com) နဲ့
0262448 မန္တလေးသင်တန်းတွေမှာလှူဒါန်းနိုင်ပါတယ်ဒါယကာ
4:40 PM me: တင်ပါ့ ဘုန်းဘုန်း...
ဒါဆို ဘုန်းဘုန်း ဖိုးသား ဒီညပဲ ရေးတင်ပေးပါ့မယ်...
အရှင်ကောဝိဒ(စစ်ကိုင်း): ဟုတ်ကဲ့ပါဒါယကာ
4:41 PM me: နောက်ဘုန်းဘုန်း ငွေလွှဲပြီး လှူချင်ရင် လိပ်စာက ဘယ်လိုလဲ မသိဘူး
အရှင်ကောဝိဒ(စစ်ကိုင်း): ဦးဇင်းရဲ့ဆိုက် (http://kovida.multiply.com)မှာ
သင်တန်းဓါတ်ပုံတွေရှိပါတယ်
me: တင်ပါ့
အရှင်ကောဝိဒ(စစ်ကိုင်း): ပြည်တွင်းလား
me: တင်ပါ့ ပြည်တွင်းကော ပြည်ပကော လေ ဘုန်းဘုန်း
ဘယ်လိပ်စာနဲ့ ပို့ရမလဲ ဆိုတာ
4:42 PM နောက် လာထုတ်မယ့်သူရဲ့ မှတ်ပုံတင်နံပါတ် နဲ့ နာမည်လည်း လိုမယ်ထင်တယ် ဘုန်းဘုန်း
နောက် အနီးဆုံး ဘဏ်လိပ်စာလေးကော
အရှင်ကောဝိဒ(စစ်ကိုင်း): ပြည်တွင်းကတော့ ဖုန်းဆက်ပြီးဆက်သွယ်မယ်ဆို အဆင်ပြေပါတယ်
ပြည်ပက အလှူရှင်တွေကြတော့
မေးကနေဆက်သွယ်ပြီးမှစီစဉ်ရင်မကောင်းဘူးလား
me: အော် တင်ပါ့ ဘုန်းဘုန်း
အဲဒါလည်းကောင်းပါတယ်
4:44 PM အရှင်ကောဝိဒ(စစ်ကိုင်း): ငွေထုတ်မဲ့သူ ကအမြဲ တာဝန်တစ်ခုအနေနဲ့ထားပေးလို့မရလို့ပါ
me: တင်ပါ့
ဟုတ်ပါတယ်
အရှင်ကောဝိဒ(စစ်ကိုင်း): မန္တလေး သင်တန်းမှာကလည်း လူများတယ်လေ
ဖုန်းဆက်တဲ့အခါ ရှိတဲ့သူရဲ့မှတ်ပုံတင်နဲ့
ဘဏ်လိပ်စာပေးလိုက်ရင်ရပါတယ်
4:45 PM ဦးဇင်းသင်တန်းတွေက
me: တင်ပါ့
အရှင်ကောဝိဒ(စစ်ကိုင်း): မန္တလေးကော
စစ်ကိုင်းမှာကောဆိုတော့
ဦးဇင်းကတော့ တစ်ပတ်ကိုလေးရက်လောက်
me: တင်ပါ့ ဘုန်းဘုန်း
အရှင်ကောဝိဒ(စစ်ကိုင်း): မန္တလေးသင်တန်းမှာရှိပါတယ်
me: တင်ပါ့ ဘုန်းဘုန်း
4:47 PM အရှင်ကောဝိဒ(စစ်ကိုင်း): မန္တလေး သင်တန်းကလည်းနေ့စဉ် ဆီ ၃ ပုလင်းကုန်ပါတယ်
သံဃာတော်တွေသီးသန့်ပါ
စစ်ကိုင်းမှာကတော့
me: တင်ပါ့
အရှင်ကောဝိဒ(စစ်ကိုင်း): လူတွေပါ အခမဲ့သင်ပေးပါတယ်
နောက်ပြီးတော့ဦးဇင်းတို့ စစ်ကိုင်းမှာ နာရေးကူညီမှုအသင်း တစ်ခုဖွဲ့စည်းထားတာလည်းရှိတယ်
4:48 PM အဲဒီအတွက်လည်း သီးခြားအလှူရှင်များ ရှိပါက ဆက်သွယ်နိုင်ပါတယ်ဒါယကာ
me: တင်ပါ့ ဘုန်းဘုန်း
4:49 PM အရှင်ကောဝိဒ(စစ်ကိုင်း):အခုသင်္ကြန်တွင်းတော့ ဦးဇင်း တရားစခန်းလေး တစ်ခုဖွင့်ဖို့အတွက် သင်တန်းတွေခဏပိတ်ထားတယ်
me: တင်ပါ့
4:50 PM အရှင်ကောဝိဒ(စစ်ကိုင်း): သင်္ကြန်ပြီးရင်တော့စစ်ကိုင်းသင်တန်းပြန်ဖွင့်မယ်
me: ဘုန်းဘုန်း တစ်ပါးတည်း တော်တော် အလုပ်ရှုပ်မယ် ထင်တယ်
အရှင်ကောဝိဒ(စစ်ကိုင်း): မန္တလေးသင်တန်းကတော့ သင်္ကြန်နီးမှပိတ်ဖြစ်မယ်
မရှုပ်ပါဘူး
me: တင်ပါ့
အရှင်ကောဝိဒ(စစ်ကိုင်း): ဒီလိုပါပဲ
4:51 PM လူဆိုတာ အချိန်ကုန်တာခြင်းတူတူ
ကုသိုလ်နဲ့ပဲ အချိန်ကုန်ချင်လို့ပါဒါယကာ
အခုဒါယကာရဲ့စိတ်မှာလည်းဦးဇင်းကိုကူညီမယ့်
စေတနာတွေနဲ့
ကုသိုလ်ဖြစ်နေတယ်လေ
4:52 PM me: တင်ပါ့ ဘုန်းဘုန်း
ဘုန်းဘုန်း ဘလော့က အခု ဆို ဖွင့်မရဘူး ဖိုးသား..
အရင်က ရတယ်
4:53 PM အရှင်ကောဝိဒ(စစ်ကိုင်း): ဟုတ်လား
http://kovida.multiply.com
me: တင်ပါ့
4:55 PM ဘုန်းဘုန်း အဆင်ပြေရင် ဘုန်းဘုန်း ဓါတ်ပုံလေး ပို့ပေးပါလား ဘုန်းဘုန်း...
ဘလော့မှာ ဖူးဘူးပေမယ့် ပုံကသေးနေတယ်
မမှတ်မိတော့ဘူး
4:56 PM ဖိုးသားဆီမှာ ဘုန်းဘုန်းအကောင့်တွေ အများကြီးပဲ.. ဓါတ်ပုံတွေကောပဲ..
အရှင်ကောဝိဒ(စစ်ကိုင်း): ဟုတ်လား
me: ဘုရားရှိခိုးပြီးတိုင်း တစ်ပါးချင်းကို မေတ္တာပို့ပေးနေတာ
4:57 PM အရှင်ကောဝိဒ(စစ်ကိုင်း): အဲဒီထဲ ကအဆင်ပြေတဲ့ ဓါတ်ပုံတွေ ထည့်ရင်အဆင်ပြေလား
သာဓုပါဒါယကာ
ကောင်းပါတယ်
me: ဓါတ်ပုံမြင်ဖူးတော့ အာရုံပြုရတာ ပိုကောင်းတယ် ဘုန်းဘုန်း
အရှင်ကောဝိဒ(စစ်ကိုင်း): ဟုတ်ကဲ့ပါဒါယကာ
အခုလောလောဆယ်တော့ဓါတ်ပုံမပါခဲ့ဘူး
4:58 PM ဦးဇင်းသီးသန့် ပို့ပေးပါမယ်
me: တင်ပါ့ဘုန်းဘုန်း
ကျေးဇူးပါ
အရှင်ကောဝိဒ(စစ်ကိုင်း): အခု ထည့်ချင်ရင်တော့ ဦးဇင်းရဲ့ သင်တန်းဓါတ်ပုံတွေ ထည့်လို့ရပါတယ်
me: ဖွင့်လို့မရလို့ ဘုန်းဘုန်း
4:59 PM ဘုန်းဘုန်း အားမှပဲ ပို့ပေးပါ
5:00 PM ဦးခိုက်လိုက်ပါတယ် ဘုန်းဘုန်း... ဘုန်းဘုန်းကျန်းမာပါစေ။
5:08 PM အရှင်ကောဝိဒ(စစ်ကိုင်း): စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း အပေါင်းတိုနှင့် ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာများပို့သလိုက်ပါတယ်
7:48 PM အရှင်ကောဝိဒ(စစ်ကိုင်း): ဒါယကာဖိုးသား
me: တင်ပါ့ ရှိတယ် ဦးဇင်း
7:49 PM အရှင်ကောဝိဒ(စစ်ကိုင်း): ဦးဇင်းသင်တန်းဖွင့်ဖို့စီစဉ်နေလို့ပါ
me: ရပါတယ် ဦးဇင်း
လုပ်ပါ
7:50 PM ၆ ရက်နေ့လောက်ကိုသင်တန်းဖွင့်ဖြစ်မယ်ဒါယကာ
me: တင်ပါ့
7:51 PM အရှင်ကောဝိဒ(စစ်ကိုင်း): အခုဦးဇင်းဆီမှာ သင်တန်းတက်နေတဲ့ သံဃာတော်တွေကို သင်ရဖို့လေ
me: တင်ပါ့
အရှင်ကောဝိဒ(စစ်ကိုင်း): offline ကသင်ရတာလွယ်တယ်ဒါယကာ
me: တင်ပါ့
အရှင်ကောဝိဒ(စစ်ကိုင်း): online ကသင်ဖို့မလွယ်ကူဘူးလေ
me: ဟုတ်ပါတယ် ဦးဇင်း
7:52 PM အရှင်ကောဝိဒ(စစ်ကိုင်း): အဲဒါကြောင့် သံဃာတော်တွေမှာ အင်တာနက်အသုံးပြုဖို့ တော်တော်လေး ခက်ခဲနေပါတယ်
မန္တလေးမှာတော့
သံဃာတော်တွေအတွက်
အင်တာနက်ပါအဆင်ပြေသွားခဲ့ပါပြီ
အခုစစ်ကိုင်းသင်တန်းအတွက်ပဲခက်နေတယ်
me: အော် တင်ပါ့
7:53 PM အရှင်ကောဝိဒ(စစ်ကိုင်း): မန္တလေးမှာတော့
သံဃာတော်တွေအတွက် သင်တန်းတွေဖွင့်ပေးတာ
အမှတ်စဉ် ၃ ရှိသွားပါပြီ
me: တင်ပါ့ ဦးဇင်း
အရှင်ကောဝိဒ(စစ်ကိုင်း): ကွန်ပျူတာကို လုံးဝမသိသေးတဲ့ သံဃာတော်တွေ ဘလော့ပါ ရေးနိုင်သွားခဲ့ပါတယ်
ဦးဇင်းတော့တော်တော်လေးကိုဝမ်းသာမိတယ်
7:54 PM me: တင်ပါ့ သာဓု ခေါ်ပါရစေ ဖိုးသား
အရှင်ကောဝိဒ(စစ်ကိုင်း): ဦးဇင်းလည်း ဦးဇင်းရဲ့ ကုသိုလ်တွေကို ၀မ်းမြောက်ဝမ်းသာ အမျှပေးဝေပါတယ်ဒါယကာ
me: တင်ပါ့ ဦးဇင်း
သာဓု သာဓု သာဓု ပါ
7:55 PM အရှင်ကောဝိဒ(စစ်ကိုင်း): ဦးဇင်းအခု ကုဋီဆောက်ဖို့ အတွက်ပဲ စဉ်းစားနေရတယ် ဒါယကာ
me: အော်
ဘာလိုနေလဲ ဦးဇင်း..
အရှင်ကောဝိဒ(စစ်ကိုင်း): ဦးဇင်းကို အဲဒီအတွက်တော့ အဆင်ပြေအောင် ကူညီပေးကြပါဦး ဒါယကာ
me: တင်ပါ့
အရှင်ကောဝိဒ(စစ်ကိုင်း): စစ်ကိုင်းသင်တန်းမှာ ကုဋီ
(ရေလောင်းအိမ်သာ)
me: တင်ပါ့
အရှင်ကောဝိဒ(စစ်ကိုင်း): ရေကန်နှင့်တွဲလျှက်ပေါ့
ဒါယကာ
me: တင်ပါ့ ဦးဇင်း
အရှင်ကောဝိဒ(စစ်ကိုင်း): အခု စစ်ကိုင်းသင်တန်းမှာက လူတွေပါ အခမဲ့သင်ပေးနေတာ ဆိုတော့
7:57 PM သင်တန်းသားက တစ်ရာကျော်လောက်ရှိနေပြီ
me: တင်ပါ့
တော်တော်များတာပဲ ဦးဇင်း
အရှင်ကောဝိဒ(စစ်ကိုင်း): ဦးဇင်းမှာက ဆရာတွေလခ ပေးရတယ်
ထမင်းကျွေးရတယ်
မန္တလေးသင်တန်းကလည်း မီးနေ့တိုင်းပျက်တော့
7:58 PM သင်တန်းအမှတ်စဉ်၂ တုန်းကဆို
me: တင်ပါ့
အရှင်ကောဝိဒ(စစ်ကိုင်း): မီး၂ ရက်ပဲလာတယ်
ကျန်တဲ့ရက်တွေမီးစက်နဲ့ပဲစီစဉ်ရတယ်လေ
me: တင်ပါ့
7:59 PM ဆရာတွေဆိုတာ အပြင်ဆရာတွေလား ဦးဇင်း
အရှင်ကောဝိဒ(စစ်ကိုင်း): ဟုတ်ပါတယ်ဒါယကာ
ဦးဇင်တစ်ဦးတည်းမနိုင်ဘူးလေ
ဆရာ ၃ ယောက်ခေါ်ထားရတယ်
8:00 PM လူတွေဆိုတော့လည်း သူတို့စားဝတ်နေရေးက ရှိတော့
me: တင်ပါ့
အရှင်ကောဝိဒ(စစ်ကိုင်း): စီစဉ်ပေးရတာပေါ့ဒါယကာ
8:01 PM me: တင်ပါ့ ဦးဇင်း ဖိုးသား တတ်သလောက် ကူညီပေးပါ့မယ်...
အရှင်ကောဝိဒ(စစ်ကိုင်း): သာဓုပါဒါယကာ
me: တင်ပါ့
ဦးဇင်း အသက်က တကယ်ပဲ ၂၅ လား
အရှင်ကောဝိဒ(စစ်ကိုင်း): ဟုတ်ပါတယ်
8:02 PM သိက္ခာတော် ၆ ၀ါပါဒါယကာ
ဒါယကာရဲ့အသက်က
ဘယ်လောက်လဲ
အရှင်ကောဝိဒ(စစ်ကိုင်း): ဒါယကာရဲ့အသက်လေးသိချင်ပါတယ်
me: ဖိုးသား ဒီလာမယ့် မေ ၃၀ ဆို ၂၄ ပြည့်ပါပြီ
8:08 PM ဦးဇင်း အဲဒီက blogspot.com တွေ ဖွင့်လို့ရလား မသိဘူး
အရှင်ကောဝိဒ(စစ်ကိုင်း): မရဘူး
ကျော်ဖွင့်ရတယ်
me: အော် တင်ပ့ါ
8:09 PM ခု ဖိုးသား အစ်ကိုတစ်ယောက် ဘာသာရေးဆိုက်တွေက နေ့စဉ်ရေးသမျှတွေကို စုပေါင်းတင်ထားတဲ့ ဘလော့လေးတစ်ခု လုပ်ထားတယ် ဦးဇင်း
http://vimuttirasa.blogspot.com/
ဝိမုတ္တိရသ လို့နာမည်ပေးထားပါတယ်
8:10 PM ဦးဇင်း အားတဲ့ တစ်နေ့လောက် ကြည့်ပြီး အကြံဥာဏ်လေးများ ပေးပါဦး
8:11 PM အရှင်ကောဝိဒ(စစ်ကိုင်း): အခုပွင့်သွားပါပြီဒါယကာ
ကြည့်နေပါတယ်
ဒါယကာ
me: တင်ပါ့
အဲဒီက အဖြူရောင်မေတ္တာက ဖိုးသားရဲ့ ဆိုက်ပါ
http://sonesiyar.blogspot.com/
8:13 PM အရှင်ကောဝိဒ(စစ်ကိုင်း): တရားတော်တွေချည်းပဲ
တော်တော်ကောင်းတာပဲ
me: တင်ပါ့
အရှင်ကောဝိဒ(စစ်ကိုင်း): ဒါယကာ
မီးပျက်သွားပြီ
me: အော်
အရှင်ကောဝိဒ(စစ်ကိုင်း): ဦးဇင်းပြန်ကြွတော့မယ်
me: တင်ပါ့ ဦးဇင်း
မိုးလည်း ချုပ်နေပြီ
8:14 PM အရှင်ကောဝိဒ(စစ်ကိုင်း): ဟုတ်ကဲ့ပါဒါယကာ
me: ဦးခိုက်လိုက်ပါတယ် ဦးဇင်း ဒီနေရာကပဲ
ဦးဇင်းရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်ပါစေ
အရှင်ကောဝိဒ(စစ်ကိုင်း): စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း အပေါင်းတို့နှင့် ပြည့်စုံပါစေလို့ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်....
me: တင်ပ့ါ ဦးဇင်း
****************************************
လေးစားရိုသေစွာဖြင့်
ဖိုးသား
4/3/2009, FRI:, 9:14:23 PM

0 comments:
Post a Comment