* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, April 5, 2009

ကိုးပါးဂုဏ်တော်ရှိပူဇော်၍

အရဟံ

* လူနတ်ဗြဟ္မာ ၊ သတ္တ၀ါတို့
* ထူးစွာအများ ၊ ပူဇော်ထားအပ်
* တရားမြတ်ကြောင့်
* အရဟံ မည်ထိုက်ပါပေသည်။

သမ္မာသဗ္ဗုဒ္ဓေါ

* လုံးစုံအကြောင်း ၊ တရားပေါင်း၏
* အကြွင်းမရှိ ၊ သိတော်မူကြောင်း
* အကြောင်းကြောင့်ပင်
* သမ္မာသမ္ဗုဒ္ဓေါ မည်ထိုက်ပါပေသည်။

ဝိဇ္ဇာစရဏ သမ္ပန္နော

* ၀ိဇ္ဇာသုံးပါး ၊ ရှစ်ပါးဝိဇ္ဇာ
* စရဏာတစ်ဆယ့်ငါး
* ပြည့်စုံငြားကြောင့်
* ၀ိဇ္ဇာစရဏ သမ္ပန္နော
* မည်ထိုက်ပါပေသည်။

သုဂတော

* ကောင်းသောစကား ၊ ဆိုအပ်ငြားသည့်
* ဘုရားစင်စစ် ၊ ဖြစ်ခြင်းကြောင့်ပင်
* သုဂတော မည်ထိုက်ပါပေသည်။

လောက၀ိဒူ

* သတ္တလောက ၊ သင်္ခါရနှင့်
* သြကာသလောက ၊ သုံးပါးမကကို
* ဖွင့်ဆိုရှင်းပြ ၊ သိနေမှုကြောင့်
* လောက၀ိဒူ မည်ထိုက်ပါပေသည်။

အနုတ္တရောပုရိဿဓမ္မသာရထိ

* လူနတ်ဗြဟ္မာ ၊ သတ္တ၀ါအရေး
* ယဉ်ကျေးစေတတ် ၊ ဂုဏ်ထူးမြတ်ကြောင့်
* အနုတ္တရောပုရိဿဓမ္မသာရတ္ထိ
* မည်ထိုက်ပါပေ၏

သတ္တာဒေ၀မနုဿာနံ

* လူနတ်ဗြဟ္မာ သတ္တ၀ါတို့၏
* ဆရာဖြစ်ဘိမူ ၊ အကြောင်းတူစွာ
* သတ္တာဒေ၀မနုဿာနံ
* မည်ထိုက်ပါပေ၏

ဗုဒ္ဓေါ

* သစ္စာလေးပါး ၊ မြတ်တရားသိ
* အကြောင်းငြိ၍
* ဗုဒ္ဓေါ မည်ထိုက်ပါပေ၏

ဘဂ၀ါ

* ဘုန်းတော်အနန္တ ၊ ဥာဏ်တော်အနန္တ
* ရှိခြင်းကပင်လျှင် ၊ ရှင်ပင်မြတ်မဟာ
* ဘဂ၀ါ မည်ထိုက်ပါပေ သည်တကား
* ဘဂ၀ါ ရှိခိုးချီထိက်ပါပေ သည်တကား
* ဘဂ၀ါ ရိုကျိုးပူဇော်ထိုက် ပါပေ သည်တကား ။ ။

( မင်းနရိန္ဒာ )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP