***ဓမ္မ***
***ဓမ္မ***
ဓမ္မဟူသည်ကား သင်ယူရမည့်အရာဖြစ်ပြီး တစ်စုံတစ်ယောက်၏ နေ့စဉ်ဘဝကျင့်ထုံးအနေဖြင့် ကျင့်ကြံရမည့်တရားဖြစ်သည်။
ဓမ္မဟူသည် သင်ယူရမည့်အရာ ထိုထက် ကျင့်ကြံရမည့်အရာ ထိုထက် ထိုးထွင်းသိမြင်ရမည့်အရာဖြစ်ပြီး အလျင်အမြန် ထိုးထွင်းသိမြင်ခြင်းမှာ ဓမ္မ၏ ပန်းတိုင်ဖြစ်သည်။
သို့ဖြစ်၍ မွေးသေ သမုဒ္ဒရာ(သံသရာ)မှ လွတ်မြောက်မှုမှာ ဓမ္မ၏ အဓိက ရည်ရွယ်ချက်ဖြစ်ကြောင်း ဆိုလိုလျက် ဓမ္မဟူသည်ကို ဖောင်နှင့်ဥပမာပြုသည်။
ဗုဒ္ဓရှင်တော်မြတ်က ” ဓမ္မကို ကောင်းစွာကျင့်သုံးသူသည် ငါဘုရားကို အကောင်းဆုံး ပူဇော်သူဖြစ်၏” ဓမ္မကို မြင်သောသူသည် ငါဘုရားကို မြင်၏ ဟု ဟောတော်မူသည်။
ဓမ္မဟူသည် အစစ်အမှန်ကို ဖော်ပြသည့် ဟောကြားချက်တစ်ရပ်ဖြစ်သည်။
ဓမ္မသည် ဒုက္ခမှ လွတ်မြောက်ရေးနည်းလမ်းဖြစ်ပြီး ဓမ္မကိုယ်တိုင်လည်း ဝိမုတ္တိဖြစ်သည်။
ဓမ္မဟူသည်ကို သိပ္ပံနည်းကျ အဓိပ္ပာယ်ဖွင့်ဆိုမှုအရ ကြောင်းကျိုးဖြစ်စဉ်နိယာမဟု ခေါ်နိုင်သည်။
ဆရာတော်ဘုရားများ ရေးသားသည့် စာအုပ်များမှ မှတ်စုထုတ် မျှဝေခြင်းဖြစ်ပါသည်။ သံပုရာသီး ဆိုတဲ့ အသီးနာမကို ကြားရုံဖြင့် ချဉ်တဲ့ရသကို မိမိအသိဖြင့် ထိုးထွင်းသိဘိသကဲ့သို့ ဓမ္မ ဆိုတဲ့ နာကို ကြားရုံမျှဖြင့် ဓမ္မ၏ အဓိပ္ပာယ် သဘောကို သိမြင်ခွင့်ရရန် ရည်ရွယ်၍ မျှဝေပါသည်။
လေးစားစွာဖြင့်
ဝင်းမြင့်

0 comments:
Post a Comment