* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, April 16, 2009

ဥပေက္ခာဝေဒနာကိုရှုမှတ်ပြီးဖြစ်ပုံအဆုံးအဖြတ်

မထင်ရှားတဲ့တရား


ကဲဥပေက္ခာဝေဒနာကို ပြောကြစို့၊ ဥပေက္ခာ ဆိုတာကတော့ ဒုက္ခဝေဒနာလို အနေဆိုး အခံခက်တာလဲ မဟုတ်ဘူး။ သုခဝေဒနာ လို အားရ၀မ်းသာ လောက်အောင် ထူးထူးခြားခြားကြီး ကောင်းတာလဲ မဟုတ်ဘူး။ မဆိုးမကောင်း အလယ်အလတ် နေရုံမျှဖြစ်နေတဲ့ ခံစားမှုတစ်မျိုးပဲ။

ဒါကြောင့် သူ့ကို အဒုက္ခ မသုခလို့လဲ ခေါ်တယ်။ မဆင်းရဲ မချမ်းသာ မဆိုးမကောင်း ခံစားမှုလို့ဆိုလိုတယ်။ သူက သိမ်မွေ့တယ်။ သုခဝေဒနာ၊ ဒုက္ခဝေဒနာ တွေလောက် မထင်ရှားဘူး။

သုခဆိုတဲ့ ချမ်းသာမှု ဖြစ်လာရင် အင်မတန် ထင်ရှားတယ်။ "ကောင်းလိုက်တာ ကောင်းလိုက်တာ"နဲ့ ပါးစပ်က ထုတ်ပြောရသည့် တိုင်အောင် ထင်ရှားတယ်။ ဒုက္ခဆိုတဲ့ ဆင်းရဲက သာပြီးထင်ရှားသေး။ သူဖြစ်လာတယ်ဆိုရင် "အလိုလေး အမယ်လေး"နဲ့ ညည်းညူရသည့် တိုင်အောင် ကို ထင်ရှားနေတယ်။ ဥပေက္ခာကတော့ အဲဒါတွေလောက် မထင်ရှားဘူး။ ဒါကြောင့် သူ့ကို အသိခက်တယ်လို့ ကျမ်းဂန်များက ဆိုထားပေတာပဲ။



မိဂပဒ၀လဉ္စ


ဒါပေမဲ့ ယောဂီမှာတော့ ပေါ်တိုင်း ပေါ်တိုင်း ရုပ်နာမ်တွေကို မပြတ်ရှုနေတဲ့ အတွက် သုခ ဒုက္ခ တွေရဲ့ အကြား အကြားမှာ ရှုမှတ်ပြီး သိရတဲ့ သာမန်နေသာမှုကလေးတွေဟာ မဆိုးမကောင်း ဥပေက္ခာတွေပဲလို့ ဒီလိုတော့ ထင်ရှားသိရပါတယ်။

ဥပမာအားဖြင့် သမင်ခြေရာခံတဲ့ တောမုဆိုးဟာ ကျောက်ဖျာဆီအထိ တည့်တည့်လာတဲ့ သမင်ခြေရာကိုလည်း တစ်ဖက်မှ တွေ့ပြီးတော့ ဟိုတစ်ဖက်မှာ ကျောက်ဖျာဆီကသွားတဲ့ သမင်ခြေရာကိုလဲ တွေ့မယ်ဆိုရင် အလယ်က ကျောက်ဖျာပေါ်မှာ သမင်ခြေရာကို မတွေ့ရပေမဲ့ သမင်ဟာ ဟိုဘက်ဒီဘက် ခြေရာနှစ်ခုရဲ့ အလယ်စပ်ကြား အဲဒီကျောက်ဖျာပေါ်ကပဲ ဖြတ်သွားတယ် လို့ သိရပါတယ်။

ဒီလိုပါပဲ။ ယောဂီများလည်း အစက သုခဝေဒနာကိုပဲ ဖြစ်ဖြစ် ဒုက္ခဝေဒနာကိုပဲဖြစ်ဖြစ် စူးစိုက်ပြီး မပြတ် မှတ်နေရတယ်။ ဒီလို မှတ်နေရင်း အဲဒီ သုခဝေဒနာက ပျောက်သွားတယ်။ အဲဒီအခါမှာ ကောင်းတယ်ဆိုးတယ် လို့ မဆိုလောက်တဲ့ သာမန်နေသာရုံမျှ စိတ်အသိတွေကို ရှုမှတ်နေရပြန်တယ်။

အတန်ကြာတော့မှ သုခဖြစ်ဖြစ် ဒုက္ခဖြစ်ဖြစ် ထင်ရှားပေါ်လာပြန်တယ်။ ဒီတော့ အဲဒီသုခ ဒုက္ခတွေကို မှတ်ရပြန်တယ်။ ဒီလိုမှတ်နေရတဲ့ ယောဂီဟာ ထင်ရှားတွေ့ရတဲ့ သုခ ဖြစ်ဖြစ် ဒုက္ခဖြစ်ဖြစ် ထင်ရှားပေါ်လာပြန်တယ်။ ဒီတော့ အဲဒီ သုခ ဒုက္ခ တွေကို မှတ်ရပြန်တယ်။

ဒီလိုမှတ်နေရတဲ့ ယောဂီဟာ ထင်ရှားတွေ့ရတဲ့ "သုခ ဒုက္ခ ဝေဒနာတွေရဲ့ စပ်ကြားမှာ မကောင်းမဆိုး ရိုးရိုး နေသာရုံမျှ ဖြစ်နေခဲ့တာတွေဟာ ဥပေက္ခာဝေဒနာ တွေပဲ" လို့ သိရတယ်။ ဒီလိုသိတာဟာ ဟို သမင်ခြေရာခံတဲ့ မုဆိုးရဲ့ သိပုံနဲ့ တူတဲ့အတွက် "မိဂပဒ၀လဉ္စ" နည်းအရ သိတာလို့ ကျမ်းဂန်များမှာ ဆိုထားပါတယ်။

ဒါကြောင့် ဒီဥပေက္ခာကိုတော့ တမင်ရှာပြီး ရှုနေဖို့ မလိုတော့ဘူး။ သုခ ဒုက္ခဝေဒနာတွေ ပျောက်သွားတဲ့ အခါမှာ ပေါ်လာတဲ့ မကောင်းမဆိုး ရိုးရိုးအသိစိတ် တွေကို ရှုမှတ်နေရုံနဲ့ ဒီဥပေက္ခာကိုလည်း ရှုပြီး သိပြီး ဖြစ်သွားတော့တာပဲ။


မဟာစည်ဆရာတော်(ဝေဒနာနုပဿနာတရားတော် ဒုတိယပိုင်း စာ ၈-၉)



ဆက်ရန်
တရားရှုမှတ်လိုအောင်စိတ်ကိုအားပေးနည်း(မဟာစည်-၀ိပဿနာရှုနည်းကျမ်း အကျဉ်းချုပ်)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP