* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, April 16, 2009

စိတ်ပျံ့လွင့်မှုတွေ ဖြစ်ပေါ်ကြောင်းနှင့် ချုပ်ငြိမ်းကြောင်း...

အာဟာရသုတ်-မှ...

စိတ်ပျံ့လွင့်မှု 'ဥဒ္ဓစ္စ' တွေ ဖြစ်ပေါ်ကြောင်းနှင့် ချုပ်ငြိမ်းကြောင်း...

ရဟန်းတို့ ...
မဖြစ်သေးသော စိတ်ပျံ့လွင့်မှု 'ဥဒ္ဓစ္စ', နောင်တတစ်ဖန်ပူပန်မှု 'ကုက္ကုစ္စ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု 'ဥဒ္ဓစ္စ', နောင်တတစ်ဖန် ပူပန်မှု 'ကုက္ကုစ္စ'
ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းကား အဘယ် နည်း။

ရဟန်းတို့ ...
စိတ်မအေးငြိမ်းမှုသည် ရှိ၏၊ ထိုစိတ်မအေးငြိမ်းမှု၌ မသင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ
ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေး သော စိတ်ပျံ့လွင့်မှု 'ဥဒ္ဓစ္စ', နောင်တတစ်ဖန် ပူပန်မှု 'ကုက္ကုစ္စ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု 'ဥဒ္ဓစ္စ', နောင်တတစ်ဖန် ပူပန်မှု 'ကုက္ကုစ္စ' ကို အတိုင်း ထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းတည်း။ 232-4

ရဟန်းတို့ ...
မဖြစ်သေးသော စိတ်ပျံ့လွင့်မှု 'ဥဒ္ဓစ္စ'၊ နောင်တတစ်ဖန် ပူပန်မှု 'ကုက္ကုစ္စ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု 'ဥဒ္ဓစ္စ'၊ နောင်တတစ်ဖန် ပူပန်မှု 'ကုက္ကုစ္စ' ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း မဟုတ်သော
တရားကား အဘယ်နည်း။

ရဟန်းတို့ ..
စိတ်၏ ငြိမ်းအေးမှုသည်ရှိ၏၊ ထိုစိတ်၏ ငြိမ်းအေးမှု၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေး သော စိတ်ပျံ့လွင့်မှု 'ဥဒ္ဓစ္စ'၊ နောင်တတစ်ဖန် ပူပန်မှု 'ကုက္ကုစ္စ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု 'ဥဒ္ဓစ္စ'၊ နောင်တတစ်ဖန် ပူပန်မှု 'ကုက္ကုစ္စ' ကို
အတိုင်းထက် အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း မဟုတ်သော တရားတည်း...။ 232-4

၁ - အာဟာရသုတ်၊ သာကစ္ဆ၀ဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။

ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ၊ ဝိစိကိစ္ဆာ၊ ငါးပါးလုံးသို့ --->


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP