* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 4, 2009

ပုဂ္ဂိုလ် လေးမျိုး...

၁...
'ဥဂ္ဃဋိတညူ' ပုဂ္ဂိုလ် ...

အကျဉ်းဟောပြကာ မျှဖြင့်
မဂ်ဖိုလ်ကို ရသော 'ဥဂ္ဃဋိတညူ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊

အကြင်ပုဂ္ဂိုလ်အား (အကျဉ်း) ထုတ်ဆောင် ဟောပြအပ်သောအခါနှင့် တစ်ပြိုင် နက် (သစ္စာလေးပါး) တရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏၊ ဤပုဂ္ဂိုလ်ကို အကျဉ်းဟောပြကာမျှဖြင့် မဂ်ဖိုလ်ကိုရသော 'ဥဂ္ဃဋိတညူ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။
148

၂...
'ဝိပဉ္စိတညူ' ပုဂ္ဂိုလ် ...

အကျယ်ဟောပြကာ မျှဖြင့်
မဂ်ဖိုလ်ကို ရသော 'ဝိပဉ္စိတညူ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊

အကြင်ပုဂ္ဂိုလ်အား အကျဉ်းအားဖြင့် ဟောအပ်ပြီးသော ဒေသနာ၏ အနက်ကို အကျယ်အားဖြင့် ဝေဖန်အပ်သည်ရှိသော် (သစ္စာလေးပါး) တရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏၊ ဤပုဂ္ဂိုလ်ကို အကျယ် ဟောပြကာမျှဖြင့် မဂ်ဖိုလ်ကို ရသော 'ဝိပဉ္စိတညူ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။149

၃...
'နေယျ' ပုဂ္ဂိုလ်...

ဥဒ္ဒေသစသည်ဖြင့် ဆောင်ပြ၍
တဖြည်းဖြည်း နောက်မှ မဂ်ဖိုလ်ကို ရသော 'နေယျ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊

အကြင်ပုဂ္ဂိုလ်အား အကျဉ်း (ပါဠိ)အားဖြင့် လည်းကောင်း၊ အကျယ်(အဋ္ဌကထာ) အားဖြင့် လည်းကောင်း၊ သင့်လျော်လျောက် ပတ်စွာ နှလုံးသွင်းသောအားဖြင့် လည်းကောင်း၊ မိတ်ဆွေကောင်းတို့ကို မှီဝဲဆည်း ကပ်လျက် ချဉ်းကပ်သောအား ဖြင့် လည်းကောင်း ဤသို့ အစဉ်အတိုင်း (သစ္စာလေးပါး) တရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏၊ ဤပုဂ္ဂိုလ်ကို ဥဒ္ဒေသစသည် ဖြင့် ဆောင်ပြ၍တဖြည်းဖြည်း နောက်မှ မဂ်ဖိုလ်ကို ရသော 'နေယျ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။150

၎...
'ပဒပရမ' ပုဂ္ဂိုလ်...

ပုဒ်ဗျည်းမျှသာ အတိုင်းအရှည်ရှိသော 'ပဒပရမ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊

အကြင်ပုဂ္ဂိုလ်အား အကြိမ်များစွာ နာကြားသော်လည်း အကြိမ်များစွာ ပြောဟော ရွတ်ဆိုသော်လည်း အကြိမ်များစွာ ဆောင်ပြသော်လည်း အကြိမ်များစွာ သရ ဇ္ဈာယ်သော်လည်း ထိုကိုယ်၏ အဖြစ်၌ (သစ္စာလေးပါး) တရားကို ထိုးထွင်း၍ သိခြင်းသည် မဖြစ်၊ ဤပုဂ္ဂိုလ်ကို ပုဒ် ဗျည်း အတိုင်းအရှည်ရှိသော 'ပဒပရမ'ပုဂ္ဂိုလ် ဟူ၍ ဆိုအပ်၏။151

၎ - စတုက္ကပုဂ္ဂလပညတ်-မှ၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋက။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


ဗုဒ္ဓဓမ္မ နှလုံးလှ
Labels: အဘိဓမ္မာပိဋက

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP