* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 4, 2009

ပေစၥကဗုဒၶါ ဆိုသည္မွာ...

ကျွန်တော်တို့ ငယ်ငယ်တုန်းက အဘိုးအဘွားတွေ၊ ဆရာသမားတွေ ပြောပြောနေကြတဲ့ ပစ္စေကဗုဒ္ဓါ အကြောင်းကို အမှတ်သွားရမိပါတယ်… ကျွန်တော်တို့ သိထားတာက ပစ္စေကဗုဒ္ဓါဆိုတာ ဘုရားငယ် ဆိုတာလေးပဲ သိခဲ့ပါတယ်။ တကယ်တော့..


ပစ္စေကဗုဒ္ဓါဆိုတာဟာ…..

၁။ တခြားပုဂ္ဂိုလ်တွေနဲ့ မပတ်သတ်တဲ့ သီးသန့်ကိုယ်ပိုင်ဉာဏ်နဲ့ သစ္စာ ၄-ပါးကို ထိုးထွင်းသိမြင်တဲ့ ပုဂ္ဂိုလ်။

၂။ဆရာမပါဘဲ ကိုယ်ကိုယ်တိုင် သစ္စာ ၄-ပါးကို သိတဲ့ ( သူတပါးကိုတော့ သိအောင် မဟောနိုင်တဲ့ ) ပုဂ္ဂိုလ်။

၃။ သတ္တဝါပေါင်းများစွာကို ချမ်းသာရောက်အောင် စောင့်ရှောက်တဲ့ နေရာမှာ နတ်ပြည် နိဗ္ဗာန်ကို ရောက်အောင် ဆောင်ရွက်ပေးတဲ့နေရာမှာ ပဓာနကျကျ အရှင်သခင်မြတ်ကြီးတွေ ဖြစ်တဲ့အတွက် ပစ္စေကဗုဒ္ဓါလို့ ခေါ်ရတာပါ။ ။


ဟိမဝန္တာ တောထဲက စူဠကာဠတောင် အစရှိတဲ တောင်စဉ် ၇- ထပ်ကို ကျော်ပြီးမှ ရောက်နိုင်တဲ့ နန္ဒမူလကဆိုတဲ့ တောင်ဝှမ်းအနီး ဂန္ဓမာဒနတောင် မဉ္စူသက နတ်ပန်းပင်အောက်က ပတ္တမြားဂူမှာ နေတော်မူလေ့ ရှိကြပါတယ်။

ဣစ္ဆိတံ ပတ္ထိတံ အစရှိတဲ့ အနုမောဒနာ ၂ ဂါထာလောက်ကိုပဲ တရားဟောတော်မူတက်ကြပြီး သစ္စာ ၄-ပါး မြတ်တရားကိုတော့ သူတပါးသိအောင်တော့ ဟောတော်မမူတက်ကြပါဘူး။ စေတီတည်ထိုက်သူ ၄ ဦးထဲမှာတော့ ပါဝင်ကြပါတယ်။


ဖြစ်ရပ်မှန်လေး တစ်ပုဒ်ပါ။ တခါက သီရိလကာင်္ နိုင်ငံလေးရဲ့ ရောဟဏ ရွာတစ်ရွာမှာ သားအဖ ၈-ယောက်ဟာ လယ်တောထဲကို သွားကြပါတယ်။ အဲဒီအချိန်မှာ ရွာလယ်ကောင် လမ်းမနံဘေးက ဆန်ဖွပ် မောင်းထောင်းနေတဲ့ အမျိုးသမီးလေးက ဓမ္မဂီတ သံဝေဂ သီချင်းလေးတစ်ပုဒ်ကို သီဆိုကျုရင့်လိုက်ပါတယ်..

-ငါတို့ချစ်ရာ၊ ဤခန္ဓာ၊ ဇရာလာလို့ ဖျက်တော့မယ်။

-ငါတို့ချစ်ရာ၊ ဤခန္ဓာ၊ အပ်ါမှာ အရေပြား ဖုံးထားတယ်။

-ငါတို့ချစ်ရာ၊ ဤခန္ဓာ၊ သေမင်းခေါ်ရာ လိုက်ရမယ်။

-ပိုမျိုးရှစ်ဆယ်၊ ခန္ဓာဝယ်၊ မှီကာတွယ်လို့ နေကြတယ်။

-မစင်မကြယ်၊ ရွံစဖွယ်၊ မှီတွယ်ပြည့်တော့တယ်။

-အပုပ်ကောင်ဆိုး၊ အမျိုးမျိုး၊ တိုးလို့ပြည့်တော့တယ်။

-ငှက်ပျောတုံးပမာ၊ ဤခန္ဓာ၊ ကောင်းစွာတူတော့တယ်။

-ခန္ဓာအတွင်း၊ ဉာဏ်ကိုသွင်း၊ ရှင်းရှင်းသိအောင် ရှုမှတ်ကွယ်။

အဲဒီ ဓမ္မဂီတ သီချင်းသံလေးကို နားထောင်ကြရင်းကပဲ လယ်တောထဲ သွားကြတော့မယ့် လယ်သမာကြီး ၈-ယောက်ဟာ နားကတရားနာ၊ ဉာဏ်က ခန္ဓာမှာလည့ှ်ပြီး သတိပဋ္ဌာန် ဝိပဿနာ တရားတွေကို ရှုမှတ်ပွားများလိုက်ကြတာ အဲဒီ ရွာလယ်ကောင် လမ်းမကြီးပေါ်မှာပဲ သစ္စာ ၄-ပါး သီးခြားသိမြင်တဲ့ ပစ္စေကဗုဒ္ဓါ ဘုရားငယ်ပေါင်း ၈-ဆူ ဖြစ်တော်မူကြတယ်။

ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကြီးတွေ ဖြစ်ကြပြီဆိုတာနဲ့ တစ်ပြိုင်နက် လူဝတ်ကြောင် အဝတ်အစားတွေ၊ မုတ်ဆိတ်ကျင်စွယ်တွေ ကွယ်ပျောက်၊ ရဟန်းပရိက္ခရာတွေ ရောက်ပြီး သက်တော်-၈၀၊ ဝါတော် ၆၀-ရ မထေရ်သူမြတ်ကြီးတွေအသွင် ချက်ချင်းဖြစ်သွားပါတယ်။


ဒါကြောင့် တရားချစ်ခင် သူတော်စင်အပါင်းတို့လည်း ဘဝနဲ့ ခန္ဓာ သံသရာမှာ တွယ်တာမက်မောစေတက်တဲ့ ကာမဂီတကို ပယ်ခွာနိုင်ကြပြီး၊ မက်မောကင်းပ သံဝေဂဉာဏ် တွေ ရစေနိုင်တဲ့ ဓမ္မဂီတကို တွယ်တာနိုင်ကြပါစေလို့ နိဗ္ဗာန်အကျိုးမျှော်၍ ဆန္ဒပြုရေးသာလိုက်ပါတယ်။ ။

မှီငြမ်း (သီချင်းသံကြား ဘုရားဖြစ်) ၊ ကိုးဘွဲရ ဆရာတော်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP